The Voice ဘာမှားနေလဲ
- Myat Tun Oo
- Dec 17, 2019
- 1 min read
The Voice ဘာမှားနေလဲ
The Voice Journal က ဒေါက်ခိုင်ကို နိုင်ငံရေးလောကမှာ ထူးချွန်ထင်ရှားသူအဖြစ် ရွေးလိုက်ပါတယ်ဆိုတော့ ပြုံးမိပါတယ်။ မနေ့က ဒီဂျာနယ်က အာဘော်တစ်ခုဖတ်ပြီးထဲက ရေးချင်နေတာပါ။
သူက မြန်မာပြည်နိုင်ငံတကာရုံးရောက်သွားခြင်း၏ သင်ခန်းစာဆိုပြီး ရေးပါတယ်။ သူက အဆုံးသတ်မှာ စစ်အစိုးရလက်ထက်မှာတောင် မရောက်ဘဲ ဒီမိုအစိုးရလက်ထက်မှာမ ရောက်တယ်ဆိုပြီး အစိုးရကို ခလုတ်တိုက်သွားတာပါ။
သူ့ရဲ့ သုံးသပ်ချက်ဟာ ရိုးသားမှုမရှိတာတွေ့ရပါတယ်။ သူပြောသင့်တာက ဖွဲ့စည်းပုံအကျပ်အတည်းကြောင့် အစိုးရမှာ တပ်အပေါ််အမိန့်မပေးနိုင်လို့ ယခုလိုဖြစ်ရတယ် ဒါကြောင့် ခြေဥကိုပြင်သင့်တယ်တပ်ဟာ အစိုးရအောက်မှာ ရှိသင့်တယ်ဆိုတာမျိုးပါ။
စာရေးသူတို့အနေနဲ့ အမြင်မတူတာတွေရှိနိုင်ပါတယ်။ လက်ယာ လက်ဝဲတွေရှိနိုင်ပါတယ်။ ဒါပေမယ့်အာဘော်တို့ ဆောင်းပါးတို့ရေးသူဟာ ဓမ္မဘက်မလိုက်ဘဲ အဓမ္မဘက်လိုက်ရင်တော့ ဒါကအတော့်ကိုမှားနေပါပြီ။
(စာကြွင်း: The Voice ကို ပုံမှန်ဖတ်လေ့မရှိပါ။ အသိတစ်ယောက်က မျှဝေထားတာကို ဖတ်မိရာကနေရေးမိတာပါ)
Comments