top of page
Search
  • Writer's pictureMyat Tun Oo

The Pianist ရုပ်ရှင်ကားမှပြောသော တော်လှန်ရေး


စစ်ဖြစ်ရင် အသေအပျောက်များပါတယ်။ အပျက်အစီးလဲများပါတယ်။ ကောင်းလားဆိုတော့ မကောင်းပါ။ ဒါ့ကြောင့် DASSK က တိုင်းပြည်ကောင်းအောင် တတ်နိုင်သမျှ စွန့်လွှတ်သီးခံပြီးတော့ရင်ကြားစေ့ရေးကို ရွေးခဲ့ပါတယ်။ ဒါပေမယ့် မအလက လက်နက်နဲ့ အာဏာသိမ်းလို့ ပြည်သူတွေကတွန်းလှန်ရပါတယ်။ ဒါက နာဇီဂျာမနီက ကျူးကျော်လို့ ဒုတိယ ကမ္ဘာစစ်ဖြစ်ရတာမျိုးပါ။

ဒီနေရာမှာ အချို့က စစ်ဖြစ်ရင် ပြည်သူသေတာ အိမ်မီးလောင်တာတွေကိုပြပြီး ကြားထဲကလူတွေကနာနေတယ် မအလကတော့ ရပ်မှာမဟုတ်ဘူး ဒါ့ကြောင့် NUG က အလျှော့ပေးဖို့ NLD ကသာ အလျှော့ပေးဖို့ သွယ်ဝှိက် ပြောသူများလဲရှိလာတာ တွေ့ရပါတယ်။ အဆိုပါ ပြောသူများက ဘာနဲ့တူလဲဆိုတော့ သူ့သမီး မုဒိမ်းကျင့်ခံရတာကို မုဒိမ်းကျင့်သူကို ရဲမဖမ်းခိုင်းဘဲနဲ့ နင်ကလေးရပြီ မုဒိမ်းကောင်ကိုယူလိုက်လို့ ပြောနေသူများပါ။


ဒါ့ကြောင့် တော်လှန်ရေးမှာ ဖြစ်တတ်တာတွေကို ရန်ကုန်၊ မန္တလေး မြို့ပြကလူများ ပြင်ဆင်ထားနိုင်အောင် အော်စကာဆုရ “The Pianist” ရုပ်ရှင်ကားထဲက ဇတ်ဝင်ခန်းအချို့ကနေ ဥပမာပေး ပြောပြလိုပါတယ်။ ဒါက တော်လှန်ရေးသမားများအတွက်ရော၊ သာမန်ပြည်သူများအတွက်ရော၊ ဘောမများနဲ့စစ်ခွေး ရဲခွေးများအတွက်ပါ သိသင့်တဲ့အချက်များပါ။


ပိုလန်မြို့တော် ဝါဆောဟာ နာဇီဂျာမနီလက်ထဲကျခဲ့ပါတယ်။ ပိုလန် PDF က နာဇီရဲစခန်းကို ဝင်ပစ်ပါတယ်။ နာဇီက ထိသွားသူကို ကြက်ခြေနီဝတ်စုံနဲ့ အလောင်းကောက်ပါတယ်။ ပိုလစ်တွေက နာကျည်းနေလို့ ဆက်ပစ်ပါတယ်။ အဲ့ဒီအချိန်မှာ နာဇီတွေက တင့်ကားနဲ့လာပြီး သူတို့ကိုပစ်တဲ့အိမ်ကို တင့်ကားနဲ့ပစ်ပါတယ်။ ဒါက ဖက်ဆစ်မအလတပ်လုပ်ပုံနဲ့ သွားတူတာကို တွေ့ရပါတယ်။


အဆိုပါကားထဲမှာ ပိုလန် PDF တွေက မြို့ထဲမှာ စတိုက်တော့ နာဇီတွေဟာ သဲအိပ်တွေ သံဇကာတွေကာပြီးနေရပါတယ်။ အိမ်တွေပျက်ဆီးပါတယ်။ မီးလောင်ပါတယ်။ သူခိုးရှိပါတယ်။ ဒါပေမယ့် ပိုလန်လူမျိုးတွေဟာ နာဇီအောက်က လွတ်မြောက်ဖို့ ပေးဆပ်ခဲ့ကြပါတယ်။ ၁၉၃၉ ကနေ ၁၉၄၅ အထိပါ။

နောက်ရုရှားတပ်တွေ ပိုလန်ကိုဝင်သိမ်းတော့ နာဇီတွေကိုဖမ်းထားပါတယ်။ နာဇီကဖမ်းထားတဲ့ ပိုလန်PDF တွေ ဂျူးတွေကို ပြန်လွှတ်ပါတယ်။ အဲ့ဒီအချိန်မှာ နာဇီထဲကတစ်ယောက်က ငါ စန္ဒယားတီးဆရာကို ကယ်ခဲ့ဖူးတယ် ငါ့ကိုပြန်ကယ်ပေးပါဆိုပြီး ထလုပ်ပါတယ်။ မအလတပ်တွေ ဘောမဝန်ထမ်းတွေလဲ ထိုအချိန်ကြမှာ ငါတို့က ကယ်ခဲ့ဖူးတယ်ဆိုပြီး လွတ်အောင်လုပ်ဖို့ မကြိုးစားဘဲ ယခုအချိန်ထဲကPDF ကို လက်တွေ့ကူပြရပါမယ်။


ယခုရေးပြတာက တော်လှန်ရေးမှာ ပေးဆပ်ရတာတွေကို သိအောင် မျှော်မှန်းထားနိုင်အောင်ပါ။ ဘယ်အရာမှာ အလကားမရပါဘူး။ လွတ်လပ်ရေးရဖို့ဆိုတာ ပေးဆပ်ရပါတယ်။ ပြင်သစ်မှာလဲတော်လှန်ရေးကို ဖြတ်ခဲ့ရသလို စာရေးသူတို့ကလဲ စစ်ကျွန်မခံလိုရင် တော်လှန်ရေးကို ဖြတ်ရမှာပါ။ယခုအချိန်မှာ စစ်ကိုင်းကပြည်သူတွေ ရွာတွေကပြေးနေတယ်လို့ ထင်ရပေမယ့် စစ်ကိုင်းမှာ ဧည့်စာရင်းတိုင်စရာမလိုတော့ပါဘူး။ စစ်ကိုင်း PDF က လမ်းပိတ်ဆို ပိတ်ရပါတယ်။ ရန်ကုန်ဟာစစ်မြေပြင်မဖြစ်ပေမယ့် ပြည်သူတွေက အပြင်ထွက်ရင် ဘယ်အချိန်ဖုန်းအစစ်ခံရမလဲ အဖမ်းခံရမလဲအသတ်ခံရမလဲ ကြောက်နေရပါတယ်။ အချို့အဖမ်းခံရရင် သိန် လေး ငါးဆယ်ပေးပြီး ပြန်ရွေးနေရပါတယ်။ ရေရှည်မှာ ပေးဆပ်သူတွေအတွက် လွတ်လပ်မှုက လာမှာပါ။


(Photo Credit: The Pianist)

544 views2 comments
bottom of page