top of page
Search

RCSS လို အမြင်မှန်ရကြပါ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Oct 29, 2019
  • 1 min read

RCSS လို အမြင်မှန်ရကြပါ

မြန်မာပြည်မှာ လက်ရှိခေတ်စားနေတာက ဘာလာလာ အစိုးရမကောင်းပြောတာပါ။ ဥပမာ သူပုန်က စဝင်တိုက်တယ် တပ်ကပြန်တိုက်တယ် ဒါပေမယ့် သူပုန်နဲ့တပ်ကို ဘာမှမပြောဘဲ အစိုးရကို ထိုင်ဆဲတာပါ။ မြန်မာစာဖတ်တတ်ရင် ခြေဥအရ တပ်ကိုလက်ရှိအစိုးရက စီမံခွင့်မရှိတာ သိနိုင်ပေမယ့် သူပုန်ထောက်ခံသူဒေသခံက တပ်ကတိုက်ရင် သူပုန်ကိုမဆဲဘဲ အစိုးရကိုသာဆဲသလို သူပုန်ကဝင်တိုက်တာခံရရင်လဲ ဖွတ်တွေက လုံခြုံရေးတာဝန်ရှိတဲ့ တပ်ကိုမပြောဘဲ အစိုးရကိုသာဆဲပါတယ်။ဒီလိုလုပ်ပေါက်ကို သတင်းသမားတွေရော၊ ဖွတ်ကမွေးထားတဲ့ ပညာရှင်ဆိုသူများရောက ရှိသမျှစကားဝိုင်းမှာ လိုက်ပြောလေ့ရှိပါတယ်။ ဥပမာ ရိုက်တာသတင်းထောက်ကို တပ်ကထောင်ဖမ်းပေမယ့်သတင်းသမားတွေက Myanmar Now ကလွဲလို့ အစိုးရကိုသာ ဦးတည်တိုက်ပါတယ်။ နောက်ဧရာဝတီသတင်းထောက်နဲ့ DVB သတင်းထောက် ရှမ်းပြည်မှာ သူပုန်နယ်ထဲသွားလို့ တပ်ကအဖမ်းခံရစဉ်ကလဲသူတို့ကရုံးချိန်းမှာ DASSK နာမည်တတ်ပြီးသာ အော်ခဲ့ပါတယ်။ဒါ့အပြင် နိုင်ငံခြားရောက် တိုင်းရင်းသားအချို့နဲ့ လူ့အခွင့်အရေးအဖွဲ့အချို့ကလဲ ဒီပုံစံလိုက်လုပ်ပါတယ်။ ထင်ရှားတဲ့ ဥပမာတွေက ရခိုင်မှာ ဓာတ်ခဲကစတိုက် ပြီးရင်တပ်ကပြန်တိုက် ဒါပေမယ့် နှစ်ဖက်စလုံးက အစိုးရကို အပြစ်ပြောတာပါ။ တအောင်းပလောင်ဒေသမှာလဲ လက်နက်ကိုင်တွေကိုမပြောဘဲအစိုးရကိုသာပြောသလို ကေအိုင်အေနဲ့ တိုက်စဉ်ကလဲ ဒီလိုဘဲပြောခဲ့ပါတယ်။

သူတို့ကိုမေးရင် အစိုးရက တပ်ကိုမတားလို့၊ စစ်ပွဲရှောင်ကို သွားကယ်မထုတ်လို့နဲ့ ပြောပုံချင်းကွာပေမယ့် မိမိနိုင်သူ အစိုးရကိုသာ အပြစ်ပြောကြပါတယ်။ အများစုက ဒီမိုယောင်ဆောင် သူပုန်ထောက်ခံသူနဲ့ဖွတ်များပါ။

ယခု အလားတူအဖြစ်မျိုး RCSS ရဲ့ခေါင်းဆောင် နေပြည်တော်လာတာကို ပေးမဖြတ်ရလို့ တိုင်းမှူးကတားလို့ ပြဿနာတက်ပါတယ်။ အဓိကရည်ရွယ်ချက်က အစိုးရနဲ့ RCSS ကြားကို သပ်လျှိုတာပါ။လုံခြုံရေးအကြောင်းပြတာမှန်ပေမယ့် တကယ်တမ်းသာ တပ်ကအစိုးရအောက်မှာသာရှိခဲ့ရင် ငါတို့တပ်ကလုံခြုံရေးပေးမယ်ဆိုပြီး သူသွားမယ့်လမ်းမှာ ယဉ်တန်းနဲ့ စောင့်ရှောက်ပေးလို့ရပါတယ်၊ တပ်သာအစိုးရအောက်မှာဆိုရင် သွားတားတဲ့တိုင်းမှူးဟာ ဉခုမချိန်ထောင်မကျရင်တောင် အဖြုတ်ခံရပါပြီ။

ဒါကိုနားလည်တဲ့ RCSS ခေါင်းဆောင်က သမ္မတကြီးနဲ့ အတိုင်ပင်ခံကို ကျေးဇူးတင်ကြောင်း ဒါဟာတပ်ကတားတာဖြစ်ကြောင်း ကြေညာချက်ထုတ်သွားပါတယ်။ ဗိုလ်ချုပ်ရွက်စစ်ဟာ ယခင်ညီလာခံမှာမအလက မဟုတ်တာ ထပြောကထဲက ထပြန်မယ်လုပ်သူပါ။

ဒီနေရာမှာ တိုင်းရင်းသားတွေ သူ့လိုတွေးခေါ်လုပ်ကိုင်တတ်ရင် ငြိမ်းချမ်းရေးနဲ့ နီးစပ်လာပါမယ်။ ယခုKIA ကလဲ RCSS လိုတွေးလာပြီလို့ ကြားရပါတယ်။ ဒီလိုအစိုးရကို နားလည်ပေးနိုင်တဲ့အတွေးမျိုးအဆိုးမြင်ဝါဒီသတင်းသမားများနဲ့ ဟို ရန်ကုန်တိုင်းက ကျော်ဇေယျတို့၊ မစန္ဒာတို့၊ ဒေါက်ခိုင်တို့မှာရှိရင်လဲ တိုင်းပြည်ပိုအဆင်ပြေလာနိုင်ပါတယ်။ အားလုံကိုပြောချင်တာက အမြင်မှန်ကြပါလို့သာ ပြောလိုပါတယ်

News source: RFA

 
 
 

Recent Posts

See All
ဗလောင်ဆူတဲ့တောင်ငူ

လေတပ်တွေကို ယခင်က ပစ်ခဲ့တာတွေရှိပေမယ့် ဒီအခေါက်မှာ တောင်ငူကို ဗလောင်ဆူစေခဲ့ပါတယ်။ ပစ်ပါများလို့ ထိသွားပါပြီ။

 
 
 

2 Comments


Mammy Gam
Mammy Gam
Oct 30, 2019

အဓိက ကတော့ အစိုးရလက်

အောက်က စစ်တပ်ဖြစ်ရမယ်

ဆိုတဲ့ စကားရပ် ကို စစ်တပ်က

မလိုချင်နေတာပါ


သစ္စာခံလိုက်ရင် ဒါးပြဗိုလ် လုပ်မရတော့ဘူးလေ ဆရာမြတ်ရယ်


ကျမတို့ က ဒီလို ပြောင် ကိုပြောမှရတော့မယ်

Like

Mammy Gam
Mammy Gam
Oct 30, 2019

RCSS. က အမှန်အတိုင်းပြော

ပေး သတင်းထုတ်ပြန်ပေးတာ

ကျေးဇူးတင်ပါတယ်

ကျန်တဲ့ တိုင်းရင်းသားများ လဲ

RCSS လို အမြင်မှန် ရစေချင်လှပါပီ


အဖွဲ့ တဝက်လောက် အသိမှန် ရင်ကို မအလ တို့ ဝပ်ဆင်းသွားနိုင်ပါတယ်


ပြည်ပကရော

တိုင်းရင်းသား အဖွဲ့ တွေ ကပါ

DASSK ကိုသာ ယုံကြည်အားကိုး

တာ နိုင်ငံခေါင်းဆောင်အဖြစ်

အသိမှတ်ပြုနေတာကို လဲ

စစ်တပ်က. မခံချိမခံသာ ဖြစ်နေပုံပါ


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page