Myat Tun Oo
Project K နှင့် ရခိုင်တောင်မှပြောသော ပြည်ထဲရေး

မနေ့က Project K ကို လုပ်စားအဘသား သူခိုးများက ဆန္ဒပြကြပါတယ်။ သတင်းမှာ အကုန်သိသတင်းထောက်က လူ ငါးထောင်ဆန္ဒပြတယ်လို့ပြောပေမယ့် Myanmar Now က တစ်ရာလောက်သာရှိတယ်လို့ပြောပါတယ်။ သတင်းသမားဆိုတာ သတင်းမှန်ကန်မှုကို တာဝန်ယူသင့်ပါတယ်။
အပေါ်ယံကြည့်ရင် ယခုဆန္ဒပြမှုဟာ သာမန်ကိစ္စလိုပါ။ ဒါပေမယ့် ယခုလိုကိုဗစ်ဖြစ်ပြီး လေကြောင်းလိုင်းပိတ်ထားချိန်မှာ အဘသားများဟာ ဘယ်အချိန် Project K အဖွဲ့ ပြန်ရောက်မလဲဆိုတာကို ကြိုသိနေပုံပါ။ သူတို့က ကိုရီးယားသံရုံးနဲ့ လေဆိပ်တွေမှာ အဆက်အသွယ်ကောင်းပုံပါ။ ဒါက ဦးကိုနီအမှုကိုအမှတ်ရစေပါတယ်။ ဦးကိုနီအမှုမှာလဲ ရန်သူဟာ သူပြန်လာမယ့်နေ့နဲ့ အချိန်ကို ကြိုသိနေခဲ့တာပါ။ ဒါကပထမ မသင်္ကာစရာပါ။
နောက် ဆန္ဒပြရင် ရဲတပ်ဖွဲ့ရဲ့ထိန်းသိမ်းပုံပါ။ ဟိုစစ်ပွဲရပ်နဲ့ ဂျပုကို ICC ပို့လို့ ဆန္ဒပြရင် ရဲတပ်ဖွဲ့က ချက်ခြင်းလာဖမ်းပါတယ်။ ဘယ်သူ့အမိန့်မှ မစောင့်ပါဘူး။ တိုင်းအစိုးရ ဝန်ကြီးချုပ်တွေတောင် ကြိုမသိပါဘူး။ ယခုလို အဘသား သူခိုးတွေကဆန္ဒပြရင်တော့ ရဲဟာ ပျောက်နေပါတယ်။ ဒါကတော့ ရဲအရေးပိုင်မိုလို့ ဘယ်လိုအရေးယူမလဲကြည့်ရပါမယ်။
တရားမျှတမှုအတွက်ဆိုရင် မြန်မာပြည်ရဲ့ ပြဿနာက ရဲမှာမိုးကျတွေကို ပြောင်းနေတဲ့ ပြဿနာပါ။ပြီးခဲ့တဲ့ရက်ပိုင်းက အရာရှိအဆင့် တပ်က အယောက် ၅၀ ကို ရဲတပ်ဖွဲ့ကို ပြောင်းခဲ့ပါတယ်။ဝန်ကြီးအဖွဲ့ cabinet က အတည်ပြုခဲ့တယ်ပေါ့။ သူတို့အကြောင်းပြတာက ယခုလိုပြောင်းရတာကနယ်ခြားစောင့်ရဲတပ်ဖွဲ့ကို အားဖြည့်ဖို့လို့ ဆိုပါတယ်။ ဒါက ပထမဂျင်းထည့်တာပါ။ တပ်က ဗိုလ်ကြီးအဆင့်မှ အခြားအဆင့်တွေဟာ အစပိုင်းမှာ နယ်ခြားစောင့်ဆိုပြီး ဝင်ပါတယ်။ ပြီးရင် ရဲတပ်ရင်းကို ပို့ပါတယ်။ ပြီးရင် တိုင်းရဲမှူးတွေ၊ ရဲရာထူးခန့်ချုပ်တွေ၊ CID တွေကို ရောက်သွားပြီး ရာထူးတိုးသွားပါတယ်။ ပြီးရင် နယ်ခြားစောင့်မှာ လူမရှိတော့ဘူးလို့ အကြောင်းပြပြီး တပ်ကလူတွေကို ထပ်ပြောင်းပါတယ်။ ဒီဖော်မြူလာနဲ့ ၂၀၁၀ ထဲက သွားနေတာပါ။
မြန်မာပြည်မှာ တရားဥပဒေစိုးမိုးစေချင်ရင် ရဲစစ်စစ်တွေကိုသာ ရာထူးတိုးပေးပြီး မိုရကျကို အပြောင်းမခံမှ ရမှာပါလို့ ပြောပါရစေ။ အဲ့ဒီလို NLD က မေတ္တာနဲ့ ပြောင်းပေးပေမယ့် ဒီနေ့မှာဘဲ NLD အမတ်လောင်းတွေကို ရခိုင်တောင်ပိုင်းကနေ ဓာတ်ခဲ အကြမ်းဖက်အဖွဲ့ က ဖမ်းနိုင်တာဟာ လုံခြုံရေးတာဝန်ယူထားတဲ့အဖွဲ့က အသုံးမကျတာကို ပြနေပါတယ်လို့ပြောပါရစေ။ သူတို့ကတော့ အကြောင်းအမျိုးမျိုး ပြမှာပါ။ အကောင်းဆုံးက ပြောင်းပြီးသားမိုးကျရဲတွေကိုသာစုပြီး ရခိုင်ကိုပို့လိုက်ပါလို့ ပြောပါရစေ။ ဘကျော်ဆွေကိုလဲ စစ်ဖက်မူလတာဝန်ဆိုပြီး အငြိမ်းစားပေးတာ NLD လဲ သိမှာပါ။
အချို့ဂျပုတွေက လူပါးဝပါတယ်။ မေတ္တာဟာ ပြိတ္တာတွေနဲ့ မထိုက်တန်ပါလို့ ထပ်ပြောပါရစေ။