top of page
Search

PPP အမတ် တပ်ထွက် ကျော်ဇေယျ၏ နောက်ကြောင်း

Writer: Myat Tun Oo
Myat Tun Oo
Jun 12, 2020
1 min read

စာရေးသူက သောကြာနေ့ ဇွန် ၅ ရက်မနက် အာရုံတက်မှာ “မိုးကျတော့ မရွေးပါနဲ့မေမေ” ဆိုပြီးဆောင်းပါးရေးတင်ပါတယ်။ အဲ့ဒီနေ့ ရန်ကုန်တိုင်းလွှတ်တော်မှာ တပ်ထွက် PPP အမတ် ကျော်ဇေယျနဲ့ဖွတ်အမတ် တင်ဝင်းတို့ဦးဆောင်ပြီး တပ်အမတ်တွေ လက်မှတ်ထိုးကာ ရန်ကုန်တိုင်း ဝကခကို အယုံအကြည်မရှိတင်ပါတယ်။ တင်ရတာက ကျော်ဇေယျကိုကူဖို့ တပ်ကိုယ်စားလှယ်တွေကို တပ်ချုပ်ကြီးက ကြာသာပတေးနေ့မှာ မီးစိမ်းပြလိုက်လို့ပါ။ သူကလဲ ကွီးကိုဖြုတ်မယ်ပေါ့။

ယခုပြောချင်တာက NLD အနေနဲ့ မိုးကျတွေကို အမတ်တွေ၊ ဝန်ကြီးတွေခန့်ရာမှာ သတိထားဖို့ပါ။ သာဝန်ကတော့ မှတ်ကျောက်တင်ခံခဲ့ပြီးပါပြီ။ သူ့မှာက နောက်ကြောင်းကင်းလို့ သူ့ကို ဖွမရဘဲ ဒီမိုအစိုးရက အရေးယူဖို့သာ တပ်က သတင်းစာရှင်းလင်းပွဲကနေ တောင်းဆိုနိုင်တာပါ။

ဒါပေမယ့် NLD အနေနဲ့ တပ်ကထွက်လာသူများကို ရွေးချယ်ရာမှာ နောက်ကြောင်းကိုတော့ လိုက်စေချင်ပါတယ်။ အချို့လူတွေက စာရေးသူကသိပေမယ့် NLD ကရွေးထားလို့မရေးတာပါ။ DASSK မကြိုက်မှာစိုးလို့ပါ။ အချို့မိုးကျဝန်ကြီးတွေ မိုးကျအမတ်လောင်းဖြစ်လိုသူတွေ နောက်ကြောင်းကင်းလို့တော့မထင်ပါနဲ့။


ယခုကတော့ NLD က ထွက်သွားပြီဖြစ်တဲ့ ကျော်ဇေယျအကြောင်းကို ရေးပါမယ်။ သူ ခမရ ၁၁၈ သထုံမှာ တပ်ရင်းမှူးလုပ်ခဲ့ပါတယ်။ သူက တပ်ရင်းမှူးထုံးစံအတိုင်း စစ်သည်လစာဖြတ်စားတာတွေ၊တပ်ပြေးလစာထုတ်ယူတာတွေ၊ သူ့မိန်းမကတဆင့် ငွေချေးတာတွေ၊ တပ်ပိုင်မြေကို ငှါးဖို့လုပ်တာတွေ၊ဓာတ်ဆီထုတ်ရောင်းစားတာတွေ၊ ဂွင်မှန်သမျှ အကုန်လုပ်ခဲ့သူပါ။ သူဟာယုံကြည်ချက်မရှိဘဲ သူယုံကြည်တာက ပိုက်ဆံအချောင်ဖို့ပါ။ သူနောက်ဆုံးအတိုင်ခံရတာကတော့ သူ့တပ်ရင်းရဲ့စစ်သည်လူပျိုအိပ်ဆောင် မီးလောင်တာနဲ့ စစ်သည်တွေရဲ့ စစ်ဝတ်ပစ္စည်းတွေကို ထုတ်မပေးဘဲ ရောင်းစားတာကို အတိုင်ခံရပြီး အဲ့ဒီအချိန်က တပ်မမှူးဗိုလ်ချုပ်စောလွင်က ထွက်စာတင်မလား ငါထုတ်ရမလားဆိုလို့ သူမိန်းမအကပ်နဲ့ အဲ့ဒီအချိန်က ဦးပိုင်လူကြီး ဗိုလ်မှူးချုပ်ဝင်းလှိုင်ကတဆင့် ဦးပိုင်ကိုရောက်ခဲ့တာပါ။ ဦးပိုင်မှာလဲ ပါမစ်ချပေးရာမှာ ရိတ်တာပါဘဲ။ ဒါကြောင့်သူ့ရဲ့နောက်ကြောင်းဟာ တပ်မှာဖိုင်အကြီးကြီး ရှိပါတယ်။


သူဟာ NLD ထဲကိုရောက်ပေမယ့် သူ့အလုပ်က တပ်ကဖြုတ်ချင်သူကို ဦးတည်တိုက်ဖို့ပါ။ NLD ထဲကဝကခရာထူးလိုချင်ပြီး ကွီးကိုတိုက်သူနဲ့ပေါင်းပြီး နာမည်ကြီးအောင်လုပ်တာပါ။ တပ်ကသူခိုင်းတာမလုပ်ရင် သူ့နောက်ကြောင်းဖော်မှာပါ။ သူလွှတ်တော်ထဲမှာ အစိုးရကိုထောက်နေတာက သူကခိုးခဲ့တော့အခြားလူများကိုလဲ ခိုးမယ်ထင်နေတာပါ။ သူ့စိတ်နဲ့နှိုင်းတာကို။


PPP ပါတီကနေ သူက ဝင်အရွေးခံမှာပါ။ ပြည်သူတွေ မဲမပေးခင်စဉ်းစားရမှာက ဒီလိုအစဉ်အလာနဲ့ခိုးလာတဲ့ စိတ်ဓာတ်မကောင်းတဲ့ သာကူးသူခိုးကိုမဲပေးမလား မခိုးတတ်သူကို မဲပေးမလားဆိုတာပါ။ သူဟာ သူခိုးစိတ်၊ အချောင်သမားစိတ်၊ နိုင်လိုမင်းတက်စိတ်ရှိတဲ့ အဓမ္မအဖွဲ့ရဲ့ ပုံရိပ်ပါ။ သူ့မိန်းမခိုင်ဝါကပေါ်လစီသီချင်းသာဆိုတာ စာဖတ်သူများသိမှာပါ။ သူအကြီးအကျယ်မပြုတ်ခဲ့တာက သူ့မိန်းမပေါ်လစီတွေဆိုချိန် သိသူလူကြီးများက မစလို့ပါ။ အဘတို့ခေတ်က ညီလေး အစ်ကိုကြီးနဲ့ ပြီးသွားတာလဲ ပါပါတယ်။ ဒီမိုခေတ်မှာ သူသာ လုပ်ပိုင်ခွင့်ရခဲ့ရင် အဘနဲ့ အပြိုင်ကစ်မှာပါ။


ပြည်သူများလဲ စဉ်းစားပါ။ ခိုးခဲ့တဲ့ သူခိုးမိုးကျ PPP ကျော်ဇေယျကို မဲပြီးမိရင် ငါးပါးမှောက်သွားပါလိမ့်မယ်။ NLD လဲ ဒီကိစ္စကနေ သင်ခန်းစာယူပါလို့ ပြောပါရစေ။

 
 
 

Recent Posts

See All
အသံဖိုင်အတု

ထွက်လာတဲ့ အမေစု အသံဖိုင်က အတုပါ။ ဒါက ဘာကိုပြသလဲဆိုတော့ ယခင်က ခဏခဏရေးခဲ့သလို မအလက အမေစုကို NUG/PDF မကောင်းကြောင်းပြောစေလိုပေမယ့် အမေစုက လုံးဝမပြောလို့ အသံဖိုင်အတုကို စရဖက လုပ်ကြံတာပါ။ စရဖဟာ စန္ဒာမင်းမှ

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Jun 13, 2020

ဦးမြတ် ! လာရာ နှင့် လားရာ

လာရာ (မသိလျှင်) လားရာ { သုဂတိ / ဒုဂ္ဂတိ (ဂတိ) }ဂတိမှာ အထိနာလှပါသည်။

ဗုဒ္ဓဘုရားရှင်၏ အဆုံးအမများ

ဖြင့် တင်ပြရှင်းလင်းမည်မို့ စိတ်ရှည်စွာဖြင့် ပြီးဆုံးသည်ထိ ဖတ်ရှုပေးပါရန် ပန်ကြားအပ်ပါသည်။

ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်တွင် ( အမှန်သစ္စာ မသိမှု) အဝိဇ္ဇာ မှ မြစ်ဖျားအခြေခံ လာရာမှ လာခဲ့ခြင်းကြောင့် အမှန်(သစ္စာ) မမြင်နိုင်တော့သောကြောင့် ငါအစွဲ ငါသည်အမြဲ အယူအလွဲနှင့်အတူ ငါ့ဇနီးမယားသမီးသားမှစ ခင်ရာဆွေမျိုး မင်ရာအသိုင်းအဝိုင်းအတွက် မည်သို့သောအလုပ် ( ကံ) ကို { အမှန်မသိ၍ အကောင်းအဆိုး မခွဲခြားနိုင်ပဲ } ပြုခဲ့ကြပါသည်။ ကံပြုလျှင် ကံ ကံ၏အကျိုးပေးအရ ပစ္စုပ္ပန်နှင့် သံသရာခရီးမှာ {ပျက်ဆီးခြင်းမျိုးစုံနှင့် ပျက်ဆီး } မရဏထံ အလောင်းအပ် နောက်ဒုက္ခနှင့် တဖန် ပေါင်းစပ်ရပါတော့သည်။


************


လာရာကို မကောင်းမှန်း #မသိသူ#များမှာ ကောင်းဂုဏ်ပျက် အစုန်သို့သက်ဆင်း အဆိုးဂယက် ဝဲ စက်လှည့်ကာ နစ်မွန်းမျောပါးရပါသည်။

လာရာကို မကောင်းမှန်း #သိသူ#သွားသူများမှာ ဂုဏ်သတင်းတက် အထက်သို့ဆန် ဘဝဂ်သို့ညံသည်အထိ %လားရာ% ကောင်းသွားပါသည်။

မသိသူအတွက်ကတော့

အမှောင်က လာ၍ အမှောင်သို့သာ တဖန်ပြန်လည် လား ရပါသည်။

အမှန် သိသူ အတွက်ကတော့

အမှောင်က လာခဲ့ငြားသော်လည်း (သိ သွားသဖြင့်) အမှောင်သို့ မပြန် အလင်းသို့ရောက် ရှေ့ဆက်ခရီး မှန်းရာပန်းတိုင်နှင့် ပို၍ ပို၍ နီးသွားပါပြီ။


****************


မြေပြင် အခြေမှန်နှင့် ထင်ဟပ်ပြရလျှင် --

သာသနာရေးဝန်ကြီးသည် **သိ**သွားပါပြီ။ သိသွားသောကြောင့် အလင်းသို့ ထိုးဖောက် ခရီးပေါက်ခဲ့သလို မှတ်တိုင်များထားခါ ခရီးရောက်ခဲ့ပါပြီ။

<<<<<>>>>>

အရာရာမှန်သမျှ အတွင်းကျကျ…


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page