PPE kit မှ ပြသွားသော ပြည်သူနှင့်အတူ
- Myat Tun Oo
- Mar 30, 2020
- 1 min read
လောကမှာ နိုင်ငံရေးသမားက နိုင်ငံရေးလုပ်တတ်ပါတယ်။ ဒီနေ့ အဘတိုင်းမှူးက ဆရာတော်ရှင်ဆေကိန္ဒကျောင်းကို အဘကြီးက သွားကြည့်ခိုင်းလို့ လာကြည့်ပုံပါ။ သူပြချင်တာက တပ်မတော်ကလဲ ကူညီနေပါသည်ပေါ့။ ကောင်းပါတယ်။
ဒီနေရာမှာ ကိုသတ်ပုံဟာ ပန်းနာရင်ကျပ်ရောဂါမရှိပါ။ ကင်ဆာဆေး မသောက်နေပါ။ နှလုံးရောဂါလဲ မဖြစ်နေပါ။ ဒါပေမယ့် ဆရာဝန်တွေတောင် အပြည့်အစုံမရဘူးလို့ အော်နေချိန်မှာ သူက PPE အပြည့်အစုံနဲ့ သွားစစ်ပါတယ်။ အဲ့ဒီနေရာဟာ သီးခြားခွဲထားတဲ့ quarantine centre သာဖြစ်ပြီး ရောဂါဖြစ်တဲ့ လူနာတွေကို ထားတာမဟုတ်ပါ။ ဒါကြောင့် WHO guideline အရ PPE kit ဝတ်စရာမလိုပါ။ ကိုနိုင်ငံလင်းတို့ ကွီးဖြိုးတို့သွားစစ်ချိန်မှာလဲ မဝတ်ပါ။ ကွီးဖြိုးက နှလုံးခွဲထားသူပါ။
ဒီကနေ အဘက ဘာပုံရိပ်ကိုပြလဲ။ မလိုလားအပ်ဘဲ PPE kit ကိုသုံးပြီး တိုင်းပြည်ဘဏ္ဍာကို ဖြုန်းတီးတာကို ပြသွားပါတယ်။ နောက်ပြီး PPE kit မဝတ်ရမယ့်နေရာမှာ ဝတ်ပြပြီး ကြောက်တတ်ကြောင်းလဲ ပြသွားပါတယ်။ ဒါတင်လားဆိုတော့ စစ်ဆေးတပ်တွေထဲမှာတောင် ပစ္စည်းအပြည့်အစုံမရှိချိန်မှာ သူက အရပ်ဘက်က ဆရာဝန်တွေကို စစ်တပ်မှာတော့ အပြည့်အစုံရှိသလို ထင်အောင် သတင်းစကားပေးသွားပေမယ့် တကယ်ကဆေးတပ်မှာလဲ အလုံအလောက်မရှိပါ။
ဒီနေရာမှာ အရပ်သား နိုင်ငံရေးသမားတွေ လွှတ်တော်အမတ်တွေက မလိုအပ်တဲ့နေရာမှာ PPE kit မဝတ်ဘဲ WHO စည်းကမ်းကို လိုက်နာတာကို ပြသလို ပြည်သူ့ဘဏ္ဍာကို မလိုအပ်ရင် မဖြုန်းတာကိုလဲ ပြခဲ့ပါတယ်။ အရေးကြီးဆုံးကတော့ လွှတ်တော်အမတ်တွေ၊ ဝန်ကြီးတွေဟာ ပြည်သူနဲ့အတူဆိုတာကို ပြသွားတာပါ။
အရေးကြီးတာက ပြည်သူဆင်းရဲရင် ဆင်းရဲတယ်ဆိုတာကို ပြည်သူနဲ့အတူနေတတ်တယ်ဆိုတာကို နိုင်ငံရေးသမားတွေက ပြသွားတာပါ။
https://www.myattunoo.com/post/ppe-kit-မ-ပ-သ-သ-ပ-ည-သ-န-င-အတ
Comments