top of page
Search

PDF များအတွက်အကြံပေးခြင်း

  • Writer: Myat Tun Oo
    Myat Tun Oo
  • Nov 18, 2021
  • 1 min read

ရန်ကုန်မှာ ပြဿနာက CCTV ပါ။ လူကိုမိရင် CCTV ကနေ လ်ုက်ရလွယ်ပါတယ်။ နောက်ပြဿနာကအမိန့်ပေးအုပ်စုစနစ်ပါ။ NUG က chain of command ကို စစ်ဖွဲ့စည်းပုံအတိုင်း ဖွဲ့ပါတယ်။ အားသာချက်က ခေါင်းဆောင်ကနေ အမိန့်ပေးရလွယ်သလို တာဝန်ယူမှု တာဝန်ခံမှုရှိတာပါ။ အားနည်းချက်ကထိပ်ပိုင်းက အဖမ်းခံရရင် ဒါမှမဟုတ် တစ်ယောက်အဖမ်းခံရရင် အကုန်အဖမ်းခံရတာပါ။ နောက်တစ်နေရာထဲကနေ သေနတ်ထုတ်ပေးတဲ့စနစ်ကို မသုံးပါနဲ့။

ဒါဆိုဘယ်လို လှုပ်ရှားရမလဲ? တစ်ဖွဲ့မှာ ငါးယောက်ထက် မပိုပါစေနဲ့။ သူတို့ငါးယောက်သာ အများဆုံးအချင်းချင်းသိပါစေ။ ဒါဟာ အင်မတန်အရေးကြီးပါတယ်။ ဒါမှ ရန်သူက မိမိအုပ်စုထဲက တစ်ယောက်ကိုမိလို့ အနှိပ်စက်ခံရလို့ ပြောမိရင် သူ့အုပ်စုသာ အများဆုံးထိမှာပါ။ အဆိုပါ အုပ်စုခေါင်းဆောင်ကိုနယ်စပ်ကသာ တိုက်ရိုက်ကွပ်ကဲပါ။

မိမိအုပ်စုကို တစ်ရက်နှစ်ခါ အချင်းချင်း သတင်းပို့ပါ။ ထိုအဖွဲ့ရဲ့ လူကြီးမှ နယ်စပ်မှ အုပ်ချုပ်သူကို ည၉ နာရီနဲ့ မနက် ၉ နာရီမှာ သတင်းပို့ပါ။ မိမိလူအပြင်သွားရင် သတင်းပို့ခိုင်းပြီး ဘယ်လောက်ကြာမလဲပါ သတင်းပို့ခိုင်းပါ။ ဥပမာ မောင်ဖြူက စျေးသွားဝယ်မယ်ဆိုရင် မသွားခင်အဖွဲ့ခေါင်းဆောင်ကို ငါစျေးသွားဝယ်မယ် ဘယ်လောက်ကြာမယ် ပြောခဲ့ပါ။ အကယ်၍ သူပြောတဲ့အချိန်ပြန်မရောက်ရင် မိမိလူကို ဆက်သွယ်ပါ။ ဒါမှ အချိန်တန်လို့ ပြန်မရောက်ရင် မိမိလူအဖမ်းခံရလား ရိပ်မိမှာပါ။ မိမိစခန်းချရာနေရာမှာ ထွက်ပေါက် ပြေးပေါက် ဒုတိယစခန်းချရမယ့်နေရာကို ရှာထားပါ။

စာရေးသူတို့ မအားကိုးသင့်တာက ငါတို့လူက သူတို့ရိုက်စစ်လဲ မဖြေဘူးလို့တော့ မထင်မှတ်စေချင်ပါ။မအလတပ်က လူကမွေးတာမဟုတ်တဲ့ ခွေးကမွေးသူတွေပါ။ သူတို့နှိပ်စက်တာကို မခံနိုင်ကြပါဘူး။ ဒါ့ကြောင့် PDF လေးတွေ သူတို့ငါးယောက်အဖွဲ့လောက်သာ သိစေတာက ကောင်းပါတယ်။ စာရေးသူတို့အဖွဲ့လိုက်ပြင်ဆင်ရာမှာ သူတို့က သတင်းကိုမဖော်ဘူးဆိုတာမျိုး မယူဆဘဲ သူတို့အဖမ်းခံရရင်စစ်ဆင်ရေးမထိခိုက်အောင် သတင်းပေါက်ကြားမှုနည်းအောင် ဘယ်လိုလုပ်မလဲဆိုတဲ့ဘက်က စဉ်းစားရပါမယ်။ နောက်အင်တာဗျူးပေးရင် မိမိအသံအစစ်မသုံးဘဲ အခြားလူကို ပြောခိုင်းတာက ပိုကောင်းပါတယ်။ တိုက်ပွဲဗီဒီယိုတွေကို ဖြတ်ညှပ်ပြီးမှ တင်ပါ။

ဒါတွေကို သိပြီးသားဆိုလဲ မှတ်မိအောင်ပြန်ပြောပြတာပါ။ ခွင့်လွှတ်ပါ။ အရေးတော်ပုံ အောင်ရမည်။

 
 
 

Recent Posts

See All
ဒီနှစ်အတွင်း အားရမိသော NUG

ကမ္ဘာကြီးမှာ ကိုယ်ကျိုးစီးပွါးအတွက် သူတို့အလုပ် သူတို့လုပ်နေကြပါတယ်။ ရုရှားက ယူကရိန်းကို သူ့အကျိုးစီးပွါးအတွက် ဝင်တိုက်သလို၊ တရုတ်ကအလဲ အချောင်ရသမျှ သူ့အကျိုးစီးပွါးအတွက် လိုက်ယူနေပါတယ်။ ဥရောပကလဲ လေလေး

 
 
 
မအားသေးဘူး

ယခုအချိန်မှာ ဘာမှရေးမအားသေးဘူး။ လုံခြုံရေး ပြန်သုံးသပ်နေလို့။ တော်လှန်ရေးမအောင်မြင်ရင် NUG ကြောင့်မဟုတ်ဘဲ အသုံးမကျတဲ့ NUCC ထဲက ထရမ့်ကို ရှုတ်ချတဲ့စာထုတ်တဲ့ အဖွဲ့တွေကြောင့်ဘဲ။ ဗကသလဲ ဒီကိစ္စနဲ့မှနာမည်ပျ

 
 
 
ဘာလို့ မအလတပ်က အသေများတာလဲဆရာ မဖြစ်နိုင်ဘူး(ဘောမကမေးတာ)

စစ်မြေပြင်မှာ မျက်နှာချင်းဆိုင်တိုက်တာ၊ ခံစစ်ကုန်းကိုတိုက်တာက မအလတပ်က ခုခံတာမိုလို့ လက်နက်အများကြီးသုံးတာတောင် အသေနည်းပါတယ်။ ဥပမာ ရခိုင်နဲ့ဗန်းမော်စစ်မျက်နှာတွေမှာပါ။ ဒါပေမယ့် စစ်ကိုင်း၊ မကွေး၊ ပဲခူး၊

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Nov 18, 2021

ဦးမြတ်!!!ယနေ့ဖတ်မိသမျှ သတင်းများ

အရCCTV ကိုချည်း အပြစ်ဖို့ပြောဆိုလာသည်ကိုတွေ့ရပါသည်။ မြို့ပြရဲ့ အားနည်းချက်တစ်ခုက ခေတ္တ ခိုရာ နေရာ ရှားပါးပါသည်။သစ်ရိပ် ဝါးရိပ်ဟူသော အကာကွယ် နည်းပါးလွန်းလှပါသည်။ ဒါ့ကြောင့်လည်း

လသယ ကစ၍ အကာကွယ်ဖြစ်စေမည့် လမ်းဘေး ဈေးဆိုင်များပါ မကျန် ဖျက်သိမ်းခိုင်းနေသည်ဟု မြင်မိပါသည်။

နယ်မြေကျွမ်းကျင်မှု။ အရေးကြီးကြောင်း စစ်ကိုင်း ချင်း က၊ပြဆိုနေပါသည်။

A နယ်တွင်း B အသင်း ကစားမည်ဆိုပါက Aနယ်အကြောင်း လမ်းကြောင်း ဝင်/ထွက်( CCTV အထားအသို တည်နေရာကို )သိရန် အထူးလိုအပ်ပါကြောင်း။

ရန်ကုန် ပီဒီအက်ဖ်များနည်းတူ ကလေးမြို့မှ ကလေးငယ်များ အတွက်လည်း

အထူးစိတ်မကောင်းပါ။

တောင်းဆိုပါရစေ။

ပျော်ပွဲ ရွင်ပွဲနှင့် တော်လှန်ရေး ဟူသော ခေါင်းစည်းဖြင့် ဆောင်းပါးတစ်ပုဒ်ရေးသား အလင်းဖွင့်ပေးပါရန်။

မေတ္တာဖြင့်

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page