top of page
Search

PDF များသတိရှိရန်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Aug 2, 2021
  • 1 min read

မိမိလူများကို အပြင်မှာ အကြောင်းမရှိဘဲ မတွေ့ပါနဲ့။ စကားဝှက်သုံးပါ။ နောက် အဆိုပါလူများနဲ့ဖုန်းပြောရင် ဘေးနားက ပတ်ဝန်းကျင်ကို Video call နဲ့ ပြခိုင်းပါ။ မိမိတို့အချင်းချင်း စကားပြောရာမှာ တိုက်ရိုက်မပြောဘဲ ကြားက နိုင်ငံခြားက မိမိတို့ကို စီမံခန့်ခွဲသူ (Handler)ကတဆင့်ပြောပါ။

မန္တလေးမှာ အဖမ်းခံရပြီးထဲက သင်ခန်းစာယူပါ။ ဖုန်းနဲ့ပြောရင် စကားဝှက်ခံထားပါ။ မိမိအဖမ်းခံရလို့ ရန်သူက မိမိနောက်လိုက်တွေကို ဖုန်းဆက်ခေါ်ခိုင်းရင် စကားဝှက်ကို ချန်ခဲ့ပါ။ နောက် မိမိတို့အချင်းချင်း နေ့တိုင်းအဖမ်းမခံရသေးကြောင်း ဘယ်လိုဆက်သွယ် သတင်းပို့မလဲ စီစဉ်ထားပါ။ ဥပမာ ည ၈ နာရီတိုင်း အဆင်ပြေတယ် message ပို့တာမျိုးပေါ့။ မိမိက ဇီးကွက်ဆိုရင်ဇီးကွက်အဆင်ပြေတယ်။ အဆိုပါတပ်သားက သတင်းပို့ရမယ့်အချိန်မှာ သတင်းမပို့နိုင်ရင် ရန်သူ့ထံပါသွားပြီးလို့မှတ်ပြီး လုံခြုံရေးကို ပြင်ပါ။ ဖြစ်နိုင်ရင် အစိုးရ SIM card မသုံးဘဲ မိမိဆက်သွယ်ရေးစနစ်နဲ့သာ သုံးပါ။ ဌာနချုပ်ကို ဆက်သွယ်ရင်တော့ ဂြိုလ်တုကတဆင့် ဆက်သွယ်ရေးစနစ်သာသုံးပါ။ ယခုငွေကြေးအရ မသုံးနိုင်ပေမယ့် နောက်သုံးနိုင်အောင်ကြိုးစားကြပါ။

Facebook ပေါ်သိပ်မရေးပါနဲ့။ ရန်သူ့အတွင်းစည်းထဲကို မဘသ (သို့) ပျူစောထီးအယောင်ဆောင်ပြီးဝင်ပါ။

ယခုမအလဟာ ကိုဗစ်ကိုအခွင့်ကောင်းယူပြီး မြို့ပေါ်က PDF ကို ဖမ်းရန်၊ နယ်မှာထိုးစစ်ဆင်ရန်အမြဲကြိုးစား အားထုတ်နေပါတယ်။ မိမိစခန်းတွေရဲ့ အဝင်အထွက်လမ်းတွေမှာ ကင်းချထားပါ။လိုအပ်ရင် အရေးပေါ်ဘယ်လို ရှောင်ထွက်မလဲ လေ့လာထားပါ။ ဖက်ဆစ်တော်လှန်ရေးနေ့အထိရှင်သန်နိုင်အောင် ကြိုးစားပေးကြပါ။

 
 
 

Recent Posts

See All
ယူကရိန်းမှာ ပြောသော ဘာလို့ ငါတို့ PRF ကို ထောက်ပံ့ရမလဲ

မေလ ၂၅၊ ၂၀၂၅ ရက်တွင် ရုရှားဟာ ယူကရိန်းကို ဒရုန်းပေါင်း ၃၅၅ စီးနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ယူကရိန်းမှာ လူ ၃၀ သေဆုံးပြီး၊ ၁၇၀ နီးပါး...

 
 
 

1 commentaire


Myint Soe Oo
Myint Soe Oo
03 août 2021

ဦးမြတ်!!!ငယ်စဥ်သိတတ်စ ကျောင်းသာဘဝမှာ နံနက်ခင်းတိုင်း အလံတိုင် မြက်ခင်းပြင်ဝယ်

ရင်ခေါင်းသံဖြင့် ဟိန်း ထွက်နေအောင် ညီညာစွာ သီဆိုခဲ့ရသော သီချင်း။

မြန်မာပြည်

ဒါ ဒို့မြေ တို့ပြည်

တို့ပိုင်တဲ့မြေ

ပြည်ထောင်စုကို

အသက်ပေးလို့

ကာကွယ်မလေ။

- = - = - =

~~~~~~~~

ဒို့ တာဝန်ကျေ။


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


ယနေ့ မျက်မှောက် ဂျီဇက်နှင့် ပီဒီအက်ဖ် လူငယ်လူရွယ်များသည်

~တိုင်းပြည်ကို တကယ်ချစ်မြတ်နိုးသော တိုင်းချစ်ပြည်ချစ် စိတ် အပြည့်ဖြင့် ဆောင်ရွက်နေကြခြင်းဖြစ်ပါသည်။

***အခွင့်ထူးခံရန် မရည်ရွယ်

***ထင်ပေါ်ကျော်ကြားရန် မရှိကြ

***အနာခံဖို့သာ အဓိကထား ဦးတည်ကြသော

နိုင်ငံ၏ သားကောင်းရတနာများ ဖြစ်ကြပါပြီ။

အမျိုးသားအရေး အစစ်အမှန်ကို ဖြူစင်စွာ ဆောင်ရွက်နေသူများဖြစ်ကြပါသည်။

လူမျိုးပေါင်း စုံလင် ပါဝင်ကြပါသည်။

လွတ်မြောက်နယ်မြေမှာ(မိမိ သိမီသမျှ)

ကရင်အမျိုးသမီး နီနီမိုး

ကချင်အမျိုးသမီး မိုင်းမိုင်ဆိုင်း တို့ပါဝင်နေကြပါသည်။

အရေးကြီးလာတော့ သွေးရင်းမို့ သွေးချင်းများ သွေးနီးလာကြခြင်းဖြစ်ပါသည်။

လွန်ရှာပြီဖြစ်သော အဆိုတော်ကြီး (ဦး)ဇော်ဝမ်းရဲ့ သီချင်းက တထပ်တည်းကျ လှ ခဲ့ပါပြီ။


မောင်သူရလေး အရွယ်ရောက်လာ

အမေ့ကို ခွင့်ပန်ကာ

ဆွေမျိုးရှာဖို့

သည်မြေတလွှား

သူစွန့်စားလို့သွား။


လမ်းမှာတွေ့တဲ့ အဖိုးအို

ရေငတ်နေရှာသကို

ရေကိုခပ်လို့

သူ ကူညီပေး

အဖိုးက လမ်းညွှန်သလေး။


အရှေ့ဖက်က တောင်ပေါ်မှာ

---ရှမ်းငယ်ပါ။

မြောက်ကိုလာတော့ တွေ့ပြန်သေး

ကချင်မလေး - - -။

အနောက်ဆီက လှမ်းလိုခေါ်

ချင်းကလေး - - -။

- - - -

****

~~~~


ညီညာပြီဖြစ်သဖြင့်

ပြည်သာယာပါတော့မည်ဟူ၍

ဂျီဇက်နှင့် ပီဒီအက်ဖ် လူငယ်အပေါင်းအား

ဂုဏ်ပြုရည်ညွှန်းအပ်ပါသည်။


J'aime
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page