top of page
Search
  • Writer's pictureMyat Tun Oo

PDF နဲ့ NUG ကို ထောက်ပံ့ရင် တကယ်ဖမ်းမှာလား?


မအလတပ်က PDF နဲ့ NUG ကို မတရားအသင်းကြေညာပြီးတော့ သူ့ကိုထောက်ပံ့သူတွေကိုမတရားအသင်းဥပဒေအရ ပိုင်ဆိုင်မှုသိမ်းမယ် ဖမ်းမယ်ဆိုပြီး ခြိမ်းခြောက်ပါတယ်။ ဒါဆိုရင် တရားဥပဒေအထက်မှာ ဘယ်သူမှမရှိရဘူးဆိုပြီး မအလက ထောက်ပံ့သူတွေကို သူ့ဥပဒေအတိုင်းလုပ်မလား? စာဖတ်သူအများစုက လုပ်မှာပေါ့လို့ ထင်ပါလိမ့်မယ်။ ဒီနေရာမှာPDF နဲ့ NUG ထဲ ပါဝင်နေသူတစ်ယောက်ကို ထောက်ပံ့သူဟာ မအလအိမ်ထဲကလူတစ်ယောက် ဖြစ်နေတယ်ဆိုပြီး စရဖအသိုင်းအဝိုင်းမှာ တိုးတိုးတိတ်တိတ် ပြောနေကြတာ ကြာပါပြီ။ ဒီကောလဟာလက ဒီမိုအသိုင်းအဝိုင်းက ထွက်တာမဟုတ်ဘဲ တပ်အသိုင်းအဝိုင်းအမျိုးသားရေးအသိုင်းအဝိုင်းထဲမှာ ရင်နာနာနဲ့ ပြောနေကြတဲ့စကားပါ။ ငါတို့မှာတော့အသေခံတိုက်နေရတာ သူ့ဟာမက ထောက်ပံ့နေတယ်။ ထိုလူနေတဲ့အိမ်ကိုသိ ဘန်ကောက်ဘယ်နေရာမှာဆိုတာသိတယ် အဘလိပ်စာမိုလို့ ဝင်မဖမ်းရဲဘူး ဘာညာဆိုပြီးတိုးတိုးတိတ်တိတ် ပြောနေကြတာပါ။

ဒီသတင်းမှန် မမှန်ကတော့ စာရေးသူ အတိအကျမသိပါ။ သူ့သမီးလဲ လင်မရှိတော့ လွတ်လပ်သူတစ်ယောက်အနေနဲ့ သူစိတ်ဝင်စားသူကို လွတ်လပ်စွာ ထောက်ပံ့လို့ရပါတယ်။ ကောင်လေးကချောတယ် မိဘကလဲ စစ်အနွယ်ဆိုတော့ သူမက ယောင်္ကျားမရှိတော့ စိတ်ဝင်စားတာနားလည်ပေးလို့ရပါတယ်။ အချို့ကိစ္စမှာက အချစ်ဆိုတာအင်မတန်ခက်ပါတယ်။ မြန်မာရာဇဝင်တွေထဲမှာလဲ အဖေ့ကိုပုန်ကန်သူကို သမီးကထောက်ပံ့တာ မိမိလင်ဘုရင်ကို ပုန်ကန်သူကို မယားကထောက်ပံ့တာတွေရှိခဲ့ဖူးပါတယ်။ အဆိုပါထောက်ပံ့သူကို တရားဥပဒေအရအရေးယူပြီး ပိုင်ဆိုင်မှုတွေကို သိမ်းမှာလား? သူ့အဖေကိုရော ဖမ်းမှာလား? ငါတို့တိုက်ပေးကာကွယ်ပေးသူက PDF ကို ထောက်ပံ့နေပြီဆိုတော့ တိုက်နေသူတွေက စောက်ရူးတွေလားရဲဘော်တို့ စဉ်းစားပါ။

1,175 views1 comment
bottom of page