top of page
Search
  • Writer's pictureMyat Tun Oo

NUG pay နှင့်စရဖ


ယခင်က NUG ကို လေလှိုင်းအစိုးရလို့ ပြောနေတဲ့ မအလဟာ NUG ရဲ့ NUG pay ကို အလွန်ကြောက်တာ တွေ့ရပါတယ်။ ဘာလို့လဲဆိုတော့ NUG pay က ငွေပို့တာက ပြည်တွင်းကနေ လိုက်ပိတ်လို့မရလို့ပါ။ တပ်တွင်းမှာ မအလက လုံခြုံရေးအစည်းအဝေးကနေ ပြည်ထဲရေး၊ စရဖ၊ စီမံဘဏ္ဍာကို NUG pay ပိတ်ဖို့ လုပ်ခိုင်းပေမယ့် ယခုထိ လုပ်မရပါ။ နောက်ပြီး ပြည်ပအချင်းချင်းလဲ ငွေလွှဲခပေးစရာမလိုဘဲငွေလွှဲလို့ရနေတာပါ။ NUG ရဲ့ လုပ်ဆောင်ချက်တွေထဲက အကောင်းဆုံးလို့တောင် ပြောလို့ရပါတယ်။စရဖက google play store ကတဆင့် လိုက်ပိတ်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါ။ ယခု Apple ကိုတိုင်ပြီး ပိတ်ဖို့ကြိုးစားနေပြန်ပါတယ်။ Apple ကလဲ စာမပြန်ပါ။

ယခုဝန်ကြီးဌာနတွေက NUG Pay ကိုသုံးပြီး အလှူခံတာတွေ့ရလို့ ဝမ်းသာပါတယ်။ ပြည်သူများတတ်နိုင်သလောက် လှူကြပါ။ များများလှူရင် မြန်မြန် ဒီမိုကရေစီရ စစ်ကျွန်ဘဝက လွတ်မြောက်မှာပါ။ ကျန်းမာရေးဝန်ကြီးဌာနဟာ လူနာတွေ စစ်မြေပြင်မှာ ဒဏ်ရာရသူတွေကိုကုဖို့ ငွေလိုပါတယ်။ လှူပေးကြပါ။ ကျန်းမာရေးဝန်ကြီးဌာနလို အခြားဌာနတွေလဲ အကောင့်ဖွင့်ပြီး အလှူခံနိုင်ရင် အဆင်ပြေပါမယ်။

389 views0 comments
bottom of page