top of page
Search

NUG ရဲ့ သံတမန်ရေး အောင်ပွဲတစ်ခု

Writer: Myat Tun OoMyat Tun Oo

မနေ့က ဘီဘီစီမှာ ချက်အစိုးရက NUG အစိုးရကို မြန်မာပြည်ရဲ့ အစိုးရအနေနဲ့ အသိအမှတ်ပြုကြောင်း ပြောလာပါပြီ။ ဒါကလဲ ယခင် ၁၉၉၀ ပြည့်လွန်က စင်ပြိုင်အစိုးရနဲ့ ကွာခြားချက်ပါ။ ဟိုအချိန်က ရွေးကောက်ပွဲအပြီး စင်ပြိုင်အစိုးရဖွဲ့ဖို့ နှစ်ချီကြာခဲ့ပြီး အခြားနိုင်ငံက အသိအမှတ်ပြုဖို့က မဖြစ်နိုင်သလောက်ပါ။ ယခု NUG က CRPH ဖွဲ့အပြီး တစ်လခွဲနဲ့ ဖွဲ့နိုင်ခဲ့တာဖြစ်ပြီး ကုလမှာ မိမိကိုယ်စားလှယ်ကထိုင်နေသလို ယခုဆို အသိအမှတ်ပြုတဲ့နိုင်ငံလဲ ရှိလာခဲ့ပါပြီ။ DASSK က ထောက်ခံကြောင်းပြောအပြီးမှာ နိုင်ငံအချို့ကလဲ အသိအမှတ်ပြုလာကြမှာပါ။ ဒါဆို ဘာထူးမလဲ?

စာရေးသူတို့ NUG အစိုးရအနေနဲ့ ငွေလိုပါတယ်။ ငွေကို အလှူခံတာကရသလို အခွန်ကနေလဲ ရနိုင်ပါတယ်။ ဒါပေမယ့် အခွန်ကောက်ရာမှာ ဘဏ့်အကောင့်လိုပါတယ်။ လူအများက တရုတ်နိုင်ငံသာ မဲနေပေမယ့် အမေရိကန်နဲ့ ယူကေကလဲ ဘာမှထိထိရောက်ရောက် မကူညီသေးပါ။ လေအဆင့်သာရှိပါသေးတယ်။ အာဆီယံမှာ NUG က ဘဏ့်အကောင့်ဖွင့်လှုပ်ရှားရင် သူတို့က ပိတ်လိုက်နိုင်ပါတယ်။

ယခု ချက်က အသိအမှတ်ပြုလို့ အခွန်ကောက်ဖို့ အစိုးရတစ်ရပ်အနေနဲ့ ဘဏ့်အကောင့်ဖွင့်လို့ရပါမယ်။ ဥပမာ မြန်မာပြည်မှာ လာဖွင့်နေတဲ့ တရုတ်နိုင်ငံ၊ ဗီယက်နမ်၊ စင်ကာပူက ကုမ္ပဏီတွေကိုအခွန်ပေးပါဆိုပြီး ချက်က တရားဝင်ဘဏ့်အကောင့်ကိုပေးလိုက်ရုံပါ။ အခွန်မဆောင်ရင် ပြည်သူတွေကလဲ အဆိုပါကုမ္ပဏီတွေကို KIA နယ်ထဲမှာလုပ်သလို NUG ဥပဒေအရ ဒဏ်ကြေးအနေနဲ့ စီးပွါးလုပ်မရအောင် လုပ်လို့ရပါတယ်။ ဒါတွေဟာ စီးပွါးရေးဒဏ်ခတ်တာမပြောဘဲ သူတို့ကို လက်တွေ့ကျကျဥပဒေအရ လုပ်နိုင်တဲ့နည်းပါ။ ဒါဆိုရင် အာဆီယံလဲ စကားပြောလာမှာပါ။ ထို့အတူ ပြည်တွင်းကKBZနဲ့ အခြားဘဏ်တွေကိုလဲ NUG အစိုးရက နိုင်ငံခြားဘဏ်ကနေ အခွန်ကောက်နိုင်မှာပါ။ NUG ကိုအခွန်မပေးတဲ့ ဘဏ်တွေဟာ စစ်တပ်ခရိုနီဖြစ်ပြီး သူတို့ကိုလဲ ဥပဒေအရ အရေးယူနိုင်မှာပါ။ မြန်မာပြည်မှာ အလုပ်လုပ်လိုရင် စီးပွါးရေးလုပ်ငန်းကြီးတွေအနေနဲ့ NUG ကိုလဲ အခွန်ပေးရမှာပါ။

အဆိုပါ အခွန်တွေကနေ စာရေးသူတို့ရဲ့ CDM ကို ထောက်ပံ့နိုင်မှာဖြစ်သလို PDF က ခေတ်မှီလက်နက်ဝယ်နိုင်မှာပါ။ NUG ကို အခွန်မပေးတဲ့ စီးပွါးရေးလုပ်ငန်းကြီးတိုင်းကို ဖက်ဆစ်တပ်က စောင့်ရှောက်နိုင်မလား စောင့်ကြည့်လိုက်ပါ။

ဒါ့ကြောင့် ချက်ကအသိအမှတ်ပြုတာဟာ ပြည်သူတွေအတွက် အင်မတန်အရေးပါတဲ့ NUG ရဲ့သံတမန်ရေးအောင်ပွဲလို့ ပြောပါရစေ။

News Source: BBC Burmese

 
 
 

Recent Posts

See All

ပြည်သူသာအဓိက

ငါတို့တိုင်းပြည်က ထရမ့်တက်တက် ဘယ်သူတက်တက် ပြည်သူရှိရင် ဒီပွဲက နိုင်မယ်။ ယူကရိန်းလို အမေရိကန်နဲ့ ပြဿနာတက်ရင် ဘယ်သူ့အဖေခေါ်ရမှန်းမသိဖြစ်သွာ...

1 Comment


hlaing dartu
hlaing dartu
May 26, 2021

No.13 quarter,Myingyan,MandalayDivision,Myanmar.

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page