top of page
Search

NUG ရဲ့ဗျူဟာ ဘာလို့မှန်နေလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Aug 1, 2021
  • 1 min read

အာဏာသိမ်းကထဲက အဘတများက မဲကြောင့်သိမ်းတယ်၊ တစ်နှစ်ပြီးရင် ရွေးကောက်ပွဲပြန်လုပ်ပေးမယ် ဘာညာဆိုပြီး လေပြေထိုးကြပါတယ်။ အချို့ကလဲ တပ်ကသေနတ်ရှိတယ်။ ဒါ့ကြောင့် သူပေးတဲ့အထဲက ရွေးကောက်ပွဲဝင် အာဏာကိုရသလောက်ယူ ပေးတာယူကျွေးတာစားသဘောမျိုး ပြောကြပါတယ်။

ယခင် ၁၉၆၂ မှသည် ၁၉၈၈ အထိ စစ်တပ်က အာဏာသိမ်းအပြီး ရေရှည်အာဏာဆုပ်ကိုင်နိုင်တာက သူကအပျော့ဆွဲနဲ့ ဆွဲခဲ့တာကို အတိုက်အခံတွေက စောင့်ကြည့်ပြီးသွားလို့ အချိန်တွေလင့်သွားခဲ့တာပါ။

မနေ့က မအလဟာ အိမ်စောင့်အစိုးရဆိုပြီး ၂၀၂၃ ဩဂုတ်အထိ ဆက်အုပ်ချုပ်မယ်ဆိုတာကြေငြာသွားခဲ့ပါပြီ။ သူ ၂၀၂၃ မှာ ရပ်တယ်လို့ ဘယ်သူကမှ ယုံမှာမဟုတ်ပါ။ သူဟာ လိမ်တာကို မွေးကထဲက ထမင်းစားရေသောက်ပြောလာသူပါ။ အိမ်စောင့်ခွေးဟာ အောင်နက်ကနေ ဂျပုပြောင်းလဲ ခွေးဟာ လူမဖြစ်လာတာ အားလုံးသိမှာပါ။

ဒီနေရာမှာ မအလဟာ NUG ရဲ့ အစိုးရအဖွဲ့ပုံစံကိုတောင် ပြန်ခိုးချလာတာ တွေ့ရပါတယ်။NUG ဟာ သူ့အစိုးရအဖွဲ့ စဖွဲ့ချိန်ကစလို့ PDF ပြည်သူ့တပ်မတော်အတွက် ပြင်ဆင်လာခဲ့ပါတယ်။ ဒါ့ကြောင့် မအလက အာဏာကိုဆက်ရူးမယ်လို့ ကြေငြာချိန်မှာ ဘာမှအချိန်မလင့်တော့ပါ။ နောက်ပြီး မအလဟာ NLD CEC အားလုံးကိုဖမ်းပြီး ဦးဉာဏ်ဝင်းကို သတ်ပြလိုက်ခြင်းဖြင့် အလယ်အလတ်သမားများလဲ ပါးစပ်ပိတ်သွားခဲ့ပါပြီ။ နောက် မအလဟာ ကိုဗစ်မှာမိမိအသုံးမကျကြောင်း ကိုယ့်ဖာသာ ပြသွားခဲ့ပြီး ပြည်သူ့မေတ္တာကို တဆုံးခံယူသွားခဲ့ပါပြီ။ကိုဗစ်ဖြစ်ချိန် သူ့အဖေဆုံးသွားခဲ့တဲ့ GZ တစ်ယောက်ဟာ ဆန္ဒပြပွဲတွေမှာ မပါခဲ့ပေမယ့် သူ့အဖေသေသွားတာဟာ မအလနဲ့ စကစရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းလို့ဆိုတာကို သိမြင်သွားခဲ့ပြီးအသေခံ တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်သွားတာလဲ တွေ့မြင်ကြားသိလိုက်ရပါတယ်။

မိဘ ဆွေမျိုး မြန်မာပြည်မှာကျန်ခဲ့ပြီး ယခင်က NLD ကို ဝေဖန်သူ နိုင်ငံခြားရောက်အချို့ဟာလဲ မအလဟာ အောက်ဆီဂျင်တောင် ပြေလည်အောင် မလုပ်ပေးနိုင်လို့ မိမိတို့ရဲ့ မိဘဆွေမျိုးတွေ သူငယ်ချင်းတွေသေချိန်မှာ တော်လှန်ရေးအတွက် ဆုံးဖြတ်ချက် ပိုခိုင်သွားတာတွေ့မြင်ကြားသိလိုက်ရပါတယ်။

အကျဉ်းချုပ်ရရင် ကိုမင်းကိုနိုင်နဲ့ NUG ရဲ့ ဗျူဟာက မှန်နေပြီး ပြည်တွင်း ပြည်ပက ပြည်သူတွေက ထိုဗျူဟာအောင်မြင်အောင်သာ ငွေကြေးပံ့ပိုးပေးကြပါလို့ ပြောလိုပါတယ်။ ဒါဆိုရင်ဒီတိုက်ပွဲက ဘယ်လောက်ကြာမလဲဆိုရင် လူညီရင် မြန်မယ်လို့သာ ပြောပါရစေ။ ဖက်ဆစ်တို့နာဇီစနစ်တို့လို မကောင်းတဲ့စနစ်တွေဟာ ခံယူချက်မှန်မှန်နဲ့ အချိန်ယူတိုက်ရပါတယ်။ ဒုတိယကမ္ဘာစစ်မှာ နာဇီကိုနိုင်ခဲ့လို့ ယခုဥရောပက ဒီမိုစနစ်နဲ့ နေနိုင်တာပါ။ စာရေးသူတို့ မအလကိုအရှုံးပေးခဲ့ရင် အောက်ဆီဂျင်ပြတ်သလို ဘဝကြီးက နေ့တိုင်းမွန်းကျပ်ပြီး ရှင်လျက်နဲ့သေနေရတဲ့ လက်ရှိတပ်ထဲက ရဲဘော်တွေရဲ့ ဘဝလို ဖြစ်သွားပါ့မယ်လို့ ကြိုပြောထားပါရစေ။ ဒါ့ကြောင့် ဖက်ဆစ်ကျွန်အဖြစ် နွံမနစ်အောင် မအလနဲ့ စကစကို ရရာလက်နက်နဲ့ တိုက်ထုတ်နိုင်အောင် ကြိုးစားပြီး NUG ကို ထောက်ပံ့ကြပါလို့သာ ပြောပါရစေ။

 
 
 

Recent Posts

See All
ဗလောင်ဆူတဲ့တောင်ငူ

လေတပ်တွေကို ယခင်က ပစ်ခဲ့တာတွေရှိပေမယ့် ဒီအခေါက်မှာ တောင်ငူကို ဗလောင်ဆူစေခဲ့ပါတယ်။ ပစ်ပါများလို့ ထိသွားပါပြီ။

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Aug 02, 2021

ဦးမြတ်!! **သပိတ် နှင့် တိုက်ပွဲဝင် G Z လူငယ်များကို ကြင်နာကြပါ**ဟူ၍

**သားသမီး မွေးထားသော မိဘများကို အလေးအနက်ထား တိုက်တွန်းအပ်ပါသည်**။

ယခုကဲ့သို့ ဘာကြောင့်ရေးရပါသနည်းဟု အမေးထုတ်ပါက~

±±±ဇူလိုင်နောက်ဆုံးပတ် တစ်ရက်မှာ တာမွေ ကျောက်မြောင်းမှာ GZ တို့ သပိတ် ဖြိုခွင်းခံခဲ့ရပါသည်။ လွတ်မြောက်ရေးအတွက် ပြေးလွှားနေသော လူငယ်နှစ်ယောက် ကျောက်မြောင်း(×××)လမ်းထဲ ရောက်ရှိလာပြီး တံခါးပွင့်နေသော မြေညီထပ်အိမ်ကို ဝင်ရောက်ရုံရှိသေး အိမ်ရှင်က **ရှုပ်ရှုပ် ရှက်ရှက်တွေ၊ ထွက် ထွက် **ဟု အနှင်ထုတ်ခံရကြောင်း၊ အခြေနေမကောင်းသောကြောင့် နောက်ဖေးလမ်းကြားထဲမှ ပြေးလွှားရင်း**နောက်ဖေးတံခါး ပွင့်နေသေမြေညီထပ်မီးဖိုဆောင်တစ်ခုအတွင်းဝင်ရာတွင်လည်း ချက်ပြုတ်နေသော အိမ်ရှင်အမျိုးသမီးကြီးမှ နှင်ထုတ်ပြီး တံခါးကို ဂျက်ထိုးလိုက်ကြောင်း**ဤဖြစ်စဥ်ကို မြင်သော အပေါ်ထပ်နေ မိသားစု တခုမှ လှမ်းအော်ခေါ်သော်လည်း အဝင်အထွက် ခက်သောကြောင့် ဆက်ပြေးရင်းGZတဦး နောက်ဖေး မြောင်းထဲ ပြုတ်ကျပြီး ခက်ခဲစွာ ပြန်တက်အပြီး ပြေးလွှားခဲ့ရကြောင်း၊

လမ်းမပေါ်ပြန်ရောက်ချိန်မှာ လမ်းဘေးစျေးသည်တစ်ဦးက ရေဗူး ၊ ငွေသားအချို့နှင့် သူမသုံးနေသော တဘက်ခြုံထည်ကို

ကပျာကယာ ပေးအပ်လိုက်သဖြင့် ကုန်ဆုံးနေသော အားအင်များ ချက်ခြင်း ပြည့်တက်လာကြောင်း သူ၏ လူမှုစာမျက်နှာမှာ ရေးသားထားသည်ကို ဖတ်ရှုလိုက်ရပါသည်။

သည်အခက်ကို ချေဖျက်ပြီး ကောင်းမွန်သောအဖြေတရပ် ထွက်ရန် GZ&PDF အပေါ် မူတည်မှီခိုနေပါသည်။

တနေ့က ချင်းမှာ အခက်ကြီး ကြွေသွားတာ

ချင်း GZ နဲ့ ချင်း PDF အစွမ်းပါ။

ဒါကို သိလို့ အသက်ငယ် ရွယ်သူ မှန်သမျှ အပြစ်ရှာ ဖမ်းဆီးမှုများ ဆက်တိုက်ပေါ်လာရသည်ကို သတိပြုရန်အထူးလိုအပ်ပါသည်။

မင်းကင်း ပန်းဆက်ရွာအရေးမှာ ထောင်ချောက်ဆင်အဖမ်းခံရသူ ၅၇ဦး မှာ

၁၈ - ၂၀ မှ ၃၅ - ၄၀ အသက်ရွယ်ကြား လူငယ် လူရွယ်များဖြစ်ကြပါသည်။


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page