top of page
Search
  • Writer's pictureMyat Tun Oo

NUG ရဲ့ ဖက်ဆစ်တပ်အပေါ် မတရားအသင်း ကြေညာချက်က အရေးပါလား?


ဒါမျိုးကို စာရေးသူက ကြေညာစေချင်တာ ကြာခဲ့ပါပြီ။ ဒါက ဘာထူးမလဲ? မအလရဲ့အဖွဲ့ဟာအကြမ်းဖက်အဖွဲ့လို့ နဂိုထဲက ပြောပြီးသားပါ။ သူ့တပ်မှာ ရဲမှာ ထွေအုပ်မှာ သူ့လက်အောက်မှာဝန်ထမ်းအဖြစ် အမှုထမ်းရင် အကြမ်းဖက်သမားတွေပါ။ ကမ္ဘာပေါ်မှာ အကြမ်းဖက်သမားတွေကိုတရားဝင်သုတ်သင်ချေမှုန်းလို့ရပါတယ်။ ပြီးမှ ကျွန်တော်ကျွန်မက မသိလို့ပါဆိုပြီး ရူးချင်ယောင်ဆောင်လို့မရပါလို့ ရဲ၊ တပ်နဲ့ အခြားဖက်ဆစ်ကျွန်ဝန်ထမ်းများကို ကြိုပြောထားပါရစေ။

နောက်အာဆီယံတို့ တရုတ်တို့က အကြမ်းဖက်အဖွဲ့နဲ့ စီးပွါးလုပ်ရင်လဲ သူတို့ရဲ့ စီးပွါးရေးလုပ်ငန်းတွေဟာ အကြမ်းဖက်အဖွဲ့ကို ထောက်ပံ့တဲ့ အကြမ်းဖက်စီးပွါးရေးလုပ်ငန်းတွေမိုလို့ ပြည်သူတွေက ပြည်သူကိုအခွန်မဆောင်ရင် ဒဏ်ခတ်နိုင်ပါပြီ။ မအလရဲ့ ဖက်ဆစ်တပ်ပိုင် စီးပွါးရေးလုပ်ငန်းတွေ စက်ရုံတွေ အလုပ်ရုံတွေကတော့ ဘင်လာဒင်ပိုင်သလိုမိုလို့ ကုလကပြောသလို အမေရိကန်ကလုပ်သလိုဖျက်ဆီးရှင်းလင်းရမှာပါ။

ဒီကြေညာချက်က ပြည်သူ့ကိုယ်စားလှယ်တွေက ထုတ်တာမိုလို့ တရားဝင်မှုဟာ ပိုရှိပါတယ်။ စာရေးသူတို့ ထိန်းချုပ်နယ်မြေရလာရင် ကမ္ဘာက ပိုစကားပြောလာမှာပါ။

ပြည်သူတွေကို ပြောချင်တာက စာရေးသူကိုတောင် ယူနီဖောင်းနဲ့တွေ့ရင် ဖက်ဆစ်တပ်ကမိုလို့ ပစ်သတ်သတ် ဗုံးနဲ့ဖောက်ဖောက် ခံပါ့မယ် ခံသင့်ပါတယ်လို့ ပြောပါရစေ။ လုပ်စရာရှိတာကိုသာပြတ်ပြတ်သားသားလုပ်ပါ။ DASSK ကလဲ ရန်သူ့ပေးစာကမ်းစာ မယူပါ။ ပြည်သူသာ အဓိကပါ။

333 views1 comment
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page