top of page
Search

NUG ရဲ့ ကျန်းမာရေးဝန်ကြီးနှင့် လူကယ်ပြန်ဝန်ကြီးရဲ့ရိုက်ချက်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jun 1, 2021
  • 1 min read


အားလုံးသိတဲ့အတိုင်း မအလရဲ့ ဖက်ဆစ်အုပ်ချုပ်ရေးနဲ့ ဝန်ထမ်းတွေဟာ အခွင့်အရေးသမား ဘွဲ့ရပညာမတတ်များ အချောင်သမားများ ပြည်သူက မဲမထည့်တဲ့ နိုင်ငံရေးသမားများနဲ့ ဖွဲ့ထားတာပါ။အများစုက သူခိုး ဓားမြများသာပါ။ သူတို့က အခွင့်အရေးရရင်ယူမယ်။ ပြီးရင် မိမိဖို့သာ ကြည့်သူများပါ။ ဒါဟာ ကျန်းမာရေးဝန်ကြီးဌာနမှာလဲ သက်ခိုင်ဝင်းမှအစ အောက်ခြေရန်ကုန်က Non CDM ပါမောက္ခတွေ အထူးကုတွေမှာလဲ တွေ့နိုင်ပါတယ်။


NUG က ကျောင်းသားတွေရဲ့ ပညာရေးကို ဒီအတိုင်းကြည့်မနေပါ။ သူက ဖက်ဆစ်တပ်ရဲ့ ကျန်းမာရေးဝန်ကြီးဌာနအောက်က CDM မလုပ်ဘဲ ကျန်ရှိနေတဲ့ သမားတော် ဆေးခန်းထိုင်ငွေရဖို့သာသိတဲ့သမားတော်များနဲ့မတူဘဲ နိုင်ငံခြားက သမားတော်များက ဦးစီးပြီး မြန်မာပြည်က ဆေးကျောင်းသားများအတွက် သင်တန်းပို့ချခဲ့ပါတယ်။ စစ်ဆေးကလူများတောင် ခိုးတက်ပြီး နားထောင်ကြပါတယ်။ဆရာဇော်ဝေစိုးလုပ်တာ အောင်မြင်လွန်းလို့ တက်သူဆေးကျောင်းသားနဲ့ ဆရာဝန် ထောင်ကျော်တက်လို့ သင်တန်းပို့ချသူများက You tube တွေကနေတောင် ပို့ချဖို့ ပ့င်ဆင်နေပြီး မတက်နိုင်သူတွေအတွက်တောင် တောင်းပန်ထားရတယ်လို့ Mizzima သတင်းမှာ တွေ့လိုက်ရပါတယ်။ ဒါက NUG ရဲ့ကျန်းမာရေးဝန်ကြီးဌာနပါ။

ထို့အတူပါဘဲ လူကယ်ပြန်ဝန်ကြီးကလဲ ဂျပန်ကအစ လိုအပ်တဲ့နိုင်ငံများ အလှူရှင်များနဲ ဆက်သွယ်ပြီးအခက်အခဲကြားက ပြည်သူတွေ စစ်ဘေးရှောင်တွေအတွက် ထောက်ပံ့နိုင်အောင် ကြိုးပမ်းဆောင်ရွက်နေတာ တွေ့ရပါတယ်။

ဒါကဘာကိုပြလဲဆိုတော့ အစိုးရတစ်ရပ်အနေနဲ့ လုပ်စရာရှိတာတွေကို လုပ်နေတာ ဖက်ဆစ်တပ်ထက်တောင် စွမ်းဆောင်နိုင်တာ လုပ်ဆောင်နိုင်တာ တွေ့ရပါတယ်။ အမှန်ပြောရရင်တော့ NUG က ပြည်သူက ပေါက်ဖွားလာတာဖြစ်ပြီး ဖက်ဆစ်အစိုးရကတော့ ပင်စင်မယူလိုတဲ့ စောက်ရူး မအလက ပေါက်ဖွားလာတာပါ။ NUG နောက်မှာ ပြည်သူရှိပြီး ဖက်ဆစ်အစိုးရနောက်မှာတော့ စောက်ရူးများ ကြပ်မပြည့်သူများ ဓားမြများ သူခိုးများ အခွင့်အရေးသမားများသာ ရှိကြောင်းပါ။

 
 
 

Recent Posts

See All
ထရမ့်ကောင်းလား မကောင်းလား

ထရမ့်ကောင်းလား မကောင်းလား ထရမ့်ကို မကောင်းပြောကြလို့ ထရမ့်က ကောင်း မကောင်းတော့မသိ တရုတ်ကို ကြပ်တာတော့ ကြိုက်တယ်။ ယခုလဲ ဘင်္ဂလားကနေ...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page