top of page
Search

NUG နဲ့ ပြည်သူတွေ ဘယ်လောက်အောင်မြင်နေပြီလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • May 9, 2021
  • 2 min read

ဖက်ဆစ်ဒေါက်တိုင်အများစုက NUG ကို နှေးတယ် ဘာညာဝေဖန်ကြသလို ဆိုက်ဝါး မြဝတီနဲ့ ဇော်မဲလုံးတို့ကလဲ သစ္စာဖောက်မိုးဟိန်းလောက်ကို အင်တာဗျူးပြီး ယခင်ကဦးနုလုပ်တာ မအောင်မြင်ဘူး၈၈ ကလုပ်တာလဲ မအောင်မြင်ဘူးဆိုပြီး လူတွေကို ဆိုက်ဝါးလုပ်ပါတယ်။ စာရေးသူကတော့ ယခုတော်လှန်ရေးဟာ အရှိန်အဟုန်နဲ့ အောင်မြင်နေတယ်လို့ ပြောလိုပါတယ်။ ဘာ့ကြောင့်လဲ ဘာအထောက်အထားနဲ့လဲ?



ပထမက မအလအမှား အများစုပါ။ DASSK ကို လူအများစုက ကြိုက်တယ်။ ဒါကို မိမိအတ္တအတွက်အာဏာသိမ်းတယ်။ ဖမ်းတယ်။ ပြည်သူတွေ DASSK ကို လေးစားကြည်ညိုတာက ဦးနုထက်ပိုပါတယ်။ နောက်သူမရဲ့ စေတနာ၊ မေတ္တာနဲ့ ဂရုနာကိုလဲ ပြည်သူတွေက ကိုဗစ်မှာထိတွေ့ခံစားခဲ့ရပါတယ်။သူမကို မိဘနေရာထားတယ်။ ပြည်သူတွေက သူတို့ချစ်နေသူမိဘကို ဖမ်းလိုက်တာ ဘယ်သူကကြိုက်မှာပါလဲ။ သူမကို အမှုအများကြီးနဲ့ တရားစွဲလေ ပြည်သူက မုန်းလေပါ။



ဒုတိယမအလအမှားက NLD ပါတီထိပ်ပိုင်းကို အားလုံးဖမ်းပြီး ပါတီဖျက်ဖို့အထိ ပေါ်ပေါ်တင်တင်အစပိုင်းကထဲက လုပ်လိုက်တာပါဘဲ။ ဒါ့ကြောင့် ဘယ်သူကမှဆွေးနွေးရေးလမ်း လိုက်စရာမကျန်အောင် ဖြစ်သွားခဲ့ပါပြီ။ ယခင်က နေဝင်းက အပျော့ဆွဲ ဆွဲနိုင်ခဲ့သလို ၁၉၈၈ မှာက ၁၉၉၀ရွေးကောက်ပွဲနဲ့ အချိန်ဆွဲလို့ ရခဲ့ပါတယ်။



တတိယအမှားက ပြည်သူတွေကို အကြောက်တရားနဲ့ နှိပ်ကွပ်ရင် ပြည်သူတွေက ကြောက်ပြီးငြိမ်သွားမယ်လို့ ထင်ခဲ့တာပါ။ ယခုအချိန်ထိ ဆန္ဒပြပွဲတွေဟာ နည်းမျိုးစုံနဲ့ ရှိနေပြီး CDM ဟာ အားကောင်းဆဲပါ။ သူကအကြမ်းဖက်ပြလိုက်လို့ ပြည်သူအများစုက လက်နက်ကိုင်တိုက်မှ ရမယ်ဆိုတာကို ပိုနားလည်သဘောပေါက်သွားပြီး ဆရာဝန်၊ သူနာပြု၊ မိတ်ကပ်လိမ်းသူ၊ အဆိုတော်အဆုံး ကျောင်းသားတွေ လယ်သမားတွေ အလုပ်သမားတွေပါ စစ်ပညာသင်နေကြပါပြီ။ သူတို့က မတွေဝေတော့ပါ။ယခင်အစပိုင်း စာရေးသူက လက်နက်ကိုင်လမ်းစဉ်ပြောရင် ဝိုင်းဆဲသူတွေတောင် မဆဲနိုင်တော့ပါ။


စတုတ္ထအမှားက မအလက စီးပွါးရေးစီမံခန့်ခွဲမှုအမှားတွေကို ဆက်တိုက်လုပ်ပြီး ကိုယ့်သေတွင်းကိုယ်မြန်မြန်တူးနေတာပါ။ ယခုဆို အမေရိကန်၊ ယူကေနဲ့ ဥရောပမပြောနဲ့ တရုတ်ကတောင် အသစ်ရင်းနှီးမြုပ်နှံတာ ရပ်ထားကြောင်း Nikkei Asia မှာ ရေးလာနေပါပြီ။ နောက်ယခင်က DASSK အစိုးရလက်ထက် တောင်းသုံးရခဲ့တဲ့ နိုင်ငံခြားငွေတွေဟာလဲ ရှားလာနေပါပြီ။


နောက်ဒီတိုက်ပွဲ အောင်နေတာက ပြည်သူနဲ့ NUG ကြောင့်ပါ။ CRPH ဟာ အာဏာသိမ်းပြီးနောက်မှပေါ်လာတာပါ။ ဖေဖော်ဝါရီလကုန် သတင်းစာရှင်းလင်းပွဲအထိ ဇော်မဲလုံးက CRPH က ဘာလဲဆိုပြီးလှောင်သလို လုပ်ခဲ့ပါသေးတယ်။ နောက် NUG က ဧပြီလလယ်လောက်မှ ပေါ်လာခဲ့တာပါ။ CRPH ကနေ အစိုးရသက်တမ်းကို စရင်တောင် သုံးလသာ ရှိပါသေးတယ်။ ယခင်က သုံးလအတွင်းမှာ ဦးနုဟာ စင်ပြိုင်အစိုးရ မဖွဲ့နိုင်ခဲ့သလို NCGUB ကလဲ မဖွဲ့နိုင်ခဲ့ပါ။ NUG ရဲ့ ကိုယ်စားလှယ်ဟာ ကုလမှာထိုင်နေပါတယ်။ NUG ဟာ G7 ကို ဗီဒီယိုကနေ တင်ပြနိုင်ခဲ့ပါတယ်။ ဒါဟာအချိန်တိုအတွင်း ပြည်ပမှာနိုင်ငံရေး သံတမန်ရေးအရ အောင်ပွဲပါ။


နောက် NUG ကို အပြင်ကနေ ကိုမင်းကိုနိုင် ဒုတိယလူထုခေါင်းဆောင်က နိုင်ငံရေးအရ ဦးဆောင်မှုပေးနိုင်တာပါ။ သူက ဒလန်တွေကြောင့် လူထုက ဝေဝါးလာချိန်မှာ ဘာလုပ်ရမလဲဆိုတဲ့ သတင်းစကားကိုDASSK အပြီးမှာ ထိထိရောက်ရောက် ဗမာလို ပြောနိုင်သူပါ။


NUG ထဲမှာကလဲ အရည်အချင်းရှိသူများနဲ့ အပြည့်အဝ စုနေတာ တွေ့ရပါတယ်။ ဒုသမ္မတနဲ့ဝန်ကြီးချုပ်တွေဟာ နိုင်ငံရေးအတွေ့အကြုံရှိပြီး တိုင်းရင်းသားအသံတွေကို ကိုယ်စားပြုပါတယ်။ မဇင်မာအောင်ကလဲ နိုင်ငံခြားနဲ့ ထိတွေ့မှုရှိတဲ့ ပညာတတ်တစ်ယောက်ဖြစ်သလို Dr Sasa ဟာလဲနိုင်ငံခြားနဲ့ အဆက်အသွယ်ရှိပြီး လိုအပ်ရင် ယခင်ကအမှားကို ဝန်ခံပြီး တိုင်းရင်းသားတွေနဲ့ရင်ကြားစေ့နိုင်သူပါ။ သူ့ကြောင့် မြန်မာ့အကြောင်းကို ကမ္ဘာက ပိုသိနေပါတယ်။ ဒါမျိုးက ၁၉၆၂ နဲ့၁၉၈၈ မှာ မရှိခဲ့ပါ။ နောက် NUG ထဲမှာ ထင်ရှားတာက ဆရာဇော်ဝေစိုးနဲ့ ဆရာဝင်းမြတ်အေးပါ။ သူတို့တွေဟာ လက်ရှိဝန်ထမ်းလောကနဲ့ အဆက်အသွယ်ကောင်းပြီး CDM ကို စနစ်တကျအောင်မြင်အောင်လုပ်လာနိုင်နေပါတယ်။


ဘာတွေ ဘာဘဲဖြစ်နေနေ မအလဖက်ဆစ်အကြောက်ဆုံးကတော့ လက်နက်သာဖြစ်ပါတယ်။ သူကအာဏာသည်သေနတ်ပြောင်းဝမှ လာသည်ဆိုပြီး မွေးလာသူမိုလို့ပါ။ NUG အစိုရဖွဲ့အပြီးကာကွယ်ရေးဝန်ကြီးကို ကဗျာဆရာခန့်လို့ အဘတို့က အစပိုင်းရယ်ကြပေမယ့် သူတို့တပ်တွေကလေး၊ မင်းတပ်၊ တမူး၊ ယင်းမာပင်နဲ့ ကန်နီမှာ အသေများလာချိန် အုပ်ကြီးတွေ အသေများလာချိန်မှာ မရယ်နိုင်တော့ပါ။ သူတို့ကလဲ PDF ကို တုန့်ပြန်ဖို့ ပြည်သူ့စစ်လို အဖွဲ့ဖွဲ့ပေမယ့် သူ့လူက လူနည်းစုဖြစ်ပြီး NUG ကို ထောက်ခံတာက လူများစုပါ။ နောက်သူ့လူဆိုပြီး လက်နက်ရရင်လဲ ကိုယ့်လူဖြစ်လာနိုင်ပါသေးတယ်။


နောက်ဆုံးကတော့ ပြည်သူသာအဓိကပါလို့ ထပ်ခါထပ်ခါ ပြောပါရစေ။ ပြည်သူကို လျှော့မတွက်ပါနဲ့။မအလဖက်ဆစ်ကို မုန်းတာက ပြည်နယ်ပြည်မ မခွဲခြားဘဲ လူမျိုးဘာသာ မခွဲခြားဘဲ တစ်တိုင်းပြည်လုံးက မုန်းနေတာပါလို့သာ ပြောပါရစေ။ NUG နဲ့ ပြည်သူတွေက ဘယ်လောက်အောင်မြင်နေလဲဆိုရင်မအလရဲ့ မြဝတီက NUG နဲ့ PDF ကို မတရားအသင်းအနေနဲ့ ဖွဲ့ပြီး ရက်ပိုင်းအတွင်း ကြေညာရတာကနောက်ဆုံးသက်သေပါလို့ ပြောပါရစေ။ ယခုအချိန် ဇော်မဲလုံးက NUG ဘာလဲဆိုတာ သိသွားခဲ့ပါပြီ။AA လို လက်နက်ကောင်းတဲ့အဖွဲ့တောင် ၂၀၁၄ ကစပြီး ၂၀၂၀ မှ မတရားအသင်းဖြစ်တာပါ။ ၆ နှစ်ကြာခဲ့ပြီး NUG ရဲ့ PDF က ၆ ရက်အတွင်း ကြေညာခံရတာက NUG ရဲ့ အောင်မြင်မှု ပြည်သူတွေရဲ့အောင်မြင်မှုပါလို့ ပြောပါရစေ။ ပြည်သူသာ အဓိကဖြစ်ပြီး ကိုယ့်အားကိုယ်ကိုး ကိုယ်ထူကိုယ်ထ တိုက်ရမှာပါ။

 
 
 

Recent Posts

See All
သတင်းသမား

သတင်းသမားများလဲ ထရမ့်ကိုမကောင်းရေးရင်း ထရမ့်က အာဏာရှင်သင်္ဘောကို ဝင်စီးတာကိုတောင် နိုင်ငံတကာစည်းမျဉ်းဆိုပြီး မကောင်းရေးဖို့ပြောတာက လွန်လွန်းတယ်ထင်ပါတယ်။ အာဏာရှင်မအလပိုင်သင်္ဘောကို ဘာကြောင့်ဝင်စီးစီး န

 
 
 
နေပြည်တော်မှ ဒေါက်တာဆာဆာအတွက် အစည်းအဝေး

နေပြည်တော်မှာ စိုးရိမ်စွာ စောင့်ကြည့်နေတာက ဒေါ်နယ်ထွန်းက ဗင်နီဇွဲလားကို တကယ်တိုက်ရင် မြန်မာကိုလဲ ငွေလိမ်ဂိုဏ်းကိစ္စနဲ့ ပြဿနာရှာနိုင်လို့ စောချစ်သူတို့ကို ရှင်းပစ်ဖို့ကိစ္စနဲ့ မြန်မာပြည်ကို ခရစ်ယန်တွေက

 
 
 
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 

Comments

Couldn’t Load Comments
It looks like there was a technical problem. Try reconnecting or refreshing the page.
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page