top of page
Search

NUG နှင့် PDF

Writer's picture: Myat Tun OoMyat Tun Oo

၁၉၈၈အပြီး ခင်ညွန့်နိုင်ခဲ့တဲ့အကွက်က ကျောင်းသားတွေကြားထဲ သူ့ရဲ့တန်ပြန်ထောက်လှမ်းရေးတွေကို ကျောင်းသားအယောင်ဆောင်လွှတ်၊ ပြီးရင် ကျောင်းသားအချင်းချင်း သွေးကွဲအောင်လုပ်၊ အချို့က လူငယ်သဘာဝ ကြိုက်တာဘာညာကို ပုံကြီးချဲ့ပြီး ဆိုက်ဝါးလုပ်တာပါ။ မအလနဲ့ ခင်ညွန့်တို့က သူ့တပ်ထဲမှာ မုဒိမ်းကျင့်တဲ့အကောင်ကိုရာထူးတိုးပေးခဲ့ပေမယ့် ကျောင်းသားတွေကို အပုတ်ချတာပါ။ ထို့အတူတန်ပြန်ထောက်လှမ်းရေးက ကျောင်းသားတွေက မစ်ရှင်လွှတ်တိုင်းသတင်းပေး သတင်းပေါက်တော့ လက်လွန်တာတွေဖြစ်ပြီး တကယ်ပါဂျောင်မှာ အသတ်ခံရတဲ့တန်ပြန်ထောက်လှမ်းရေးရော လွတ်သွားတဲ့ တန်ပြန်ထောက်လှမ်းရေးရော ခင်ညွန့်ကလွဲပြီးဘယ်သူမှ မသိသွားလောက်အောက် ဖြစ်သွားခဲ့ပါတယ်။ ယခင်ကကျောင်းသားဆိုသူတွေထဲယခုမအလနဲ့ ပြည်တွင်းရော ပြည်ပမှာပါ လက်တွဲနေသူတွေကို ပြန်လေ့လာကြည့်ရင် သူတို့ထဲက ဘယ်သူဟာတန်ပြန်ထောက်လှမ်းရေးဆိုတာ အားလုံးသိနိုင်မှာပါ။တန်ပြန်ထောက်လှမ်းရေးဆိုတာ မဘသလို ဖွတ်လို ပြောဆိုနေတာမဟုတ်ပါ။ သူတို့ကလဲအစပိုင်းမှာ မအလကို ဆဲမှာပါ။ နောက်ပိုင်းမှ ပြောင်းဆဲတာပါ။

ဒီနေရာမှာ NUG ဝန်ကြီးတွေကို အိမ်ငှါးကိစ္စနဲ့ ပါပီမစတိုင် နာမည်ဖျက်ဖို့ ကြိုးစားကြည့်ရာမှာမအောင်မြင်ခဲ့ပါ။ ယခုကြိုးစားနေတာက PDF တွေထဲ ဒလန်ထည့်ပြီး အချင်းချင်း ရန်တိုက်ဖို့လုပ်နေတာပါ။ ဒီနေရာမှာ သက်သက်ခိုင်တို့ ကျော်ဇေယျတို့ NLD ကို ဝေဖန်ခဲ့တာဟာ သူတို့က ဒလန်တွေဆိုတာ ယခုအချိန်မှာ အားလုံးသဲကွဲသွားမှာပါ။ ဒီပုံစံအတိုင်းပါဘဲ။

PDF တွေကို လေ့လာကြည့်ပါ။ အချို့က NUG မတိုင်ခင် စစ်သင်တန်းတက်ပြီး ဖွဲ့ထားတာရှိကြပါတယ်။ ဒါပေမယ့် NUG အစိုးရဖြစ်လာချိန်မှာ NUG ကို ဩဇာခံကြပါတယ်။ အများစုကပေါ့။ ဒီနေရာမှာ စာရေးသူပြောလေ့ရှိတာက ဘယ်သူမဆို မိမိတို့လှူလိုရာလှူနိုင်ပေမယ့်NUG ဩဇာခံ PDF ကို ဦးစားပေးလှူပါလို့ စာရေးသူက ပြောလေ့ရှိပါတယ်။ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်လို မြို့ပေါ်မှာတော့ ကြိုက်တဲ့အဖွဲ့ကိုသာလှူပါ။ ဘာလို့လဲဆိုတော့ အဆိုပါမြို့တွေမှာက NUG နာမည်မသုံးဘဲ လုပ်စရာရှိတာတွေကို ပြတ်ပြတ်သားသား လုပ်နိုင်အောင်လို့ပါ။ အခြားနေရာတွေမှာ အုပ်စုကြီးတဲ့အဖွဲ့တွေကိုတော့ NUG ဩဇာခံကိုသာ လှူပါလို့တိုက်တွန်းလေ့ရှိပါတယ်။ ဘာကြောင့်လဲ? စာရေးသူတို့ရဲ့ မအလတပ်ဟာ ပြည်သူ့အစိုးရကိုဩဇာမခံဘဲ အာဏာသိမ်းခဲ့လို့ ယခုတော်လှန်ရေးဖြစ်လာတာပါ။ ဒါကြောင့် စာရေးသူတို့တော်လှန်ရေးမှာ ဝန်ထမ်းနဲ့ လက်နက်ကိုင်အဖွဲ့ဟာ အရပ်သားအစိုးရအောက်မှာရှိဖို့အင်မတန်အရေးကြီးပါတယ်။ ဒါက မအလလို လက်နက်ကိုင်အဖွဲ့ ထပ်မပေါ်လာအောင်ပါ။NUG ဩဇာခံရမယ်ဆိုတာက NUG ကို သိပ်ချစ်လို့မဟုတ်ဘဲ NUG က ပြည်သူ့လွှတ်တော်CRPH က ခန့်ထားလို့ပါ။ ဒါကြောင့် NUG ဩဇာခံ PDF ဆိုတာ ပြည်သူ့ဩဇာခံ PDF ပါ။ မိမိတို့ဩဇာမခံသူကို လက်နက်တပ်ပေးရင် မအလလို နောက်အဖွဲ့ ပေါ်လာမှာပါ။ ဒါက ဒီမိုကရေစီမူဝါဒအရ အရေးကြီးတာကို နားလည်အောင်ပြောပြတာပါ။ CRPH က ရွေးကောက်ခံနဲ့ဖွဲ့ထားပြီး ရွေးကောက်ပွဲမှာ NLD က နိုင်ခဲ့တာက အရှိတရားပါ။ PDF ဟာ ဒီမိုတပ်မိုလို့ ဒီမိုနိုင်ငံတွေက စစ်တပ်တွေလို အရပ်သားပြည်သူ့အစိုးရ ထိန်းချုပ်မှုအောက် အပြည့်အဝရှိရပါမယ်။ ဒါကပထမအချက်ပါ။ နောက်ကိစ္စက မအလဟာ ပါဂျောင်လိုမျိုး ပြဿနာဖြစ်အောင်သူ့လူတွေနဲ့ PDF ဆိုပြီး NUG ဩဇာမခံဘဲ နာမည်ဖျက်လာနိုင်သလို ငွေတွေတောင်းခံပြီးNUG ကို ငွေခေါင်းကွဲအောင်လဲ လုပ်လာနိုင်ပါတယ်။ ဒီနေရာမှာ ဗမာလူမျိုးစု လက်နက်ကိုင်နာမည်ဆို သတိထားပါ။ ဟိုဖြိုးကိုကိုတင့်ဆန်းကိုဖမ်းထားချိန် ပြန်လွှတ်ပေးဖို့ လက်နက်ကိုင်နာမည်နဲ့ တောင်းဆိုခဲ့တာ ဗမာလူမျိုးစု လက်နက်ကိုင်အဖွဲ့ဆိုတာပါ။ ဒီနာမည်နဲ့ စစ်ဦးစီးချုပ်ဆိုပြီး မဘသနဲ့ပတ်သက်သူက နယ်စပ်မှာ ပထမဆုံးကြေညာတာ တွေ့လိုက်ပါတယ်။ သူကMIU က ဆရာတစ်ယောက်ပါ။ နောက်ပိုင်းဒီကောင့်ကို ဝိုင်းပြောအပြီး ပျောက်သွားခဲ့ပါတယ်။နောက် ကိုကိုကြီးနောက်လိုက် အောင်အောင်ကျော်တက်လာခဲ့ပါတယ်။ သူ့ကလဲနောက်ကြောင်းပေါ်အပြီး ပျောက်သွားခဲ့ပါတယ်။ နောက်တက်လာတာက လိင်တံမှာ သိန်းစိန်နာမည်ရေးလို့ ထောင်ကျဖူးတဲ့ မောင်ဆောင်းခပါ။ သူ့ဗမာတပ်ကလဲ တိုက်နေတယ်ဘာညာဆိုပြီး တက်လာတာတွေ့ရပါတယ်။ မောင်ဆောင်းခနဲ့ သင်ဇာရွှန်းလဲ့ရည်က ယခုဒီမိုတွေနဲ့ ဝင်ရောနေပြီး DASSK ကို အဓိက ဝေဖန်ခဲ့သူများပါ။ သူတို့ဟာ မအလဖမ်းမယ့်စာရင်းထဲမှာမပါပေမယ့် သူတို့ဖာသာ ထွက်ပြေးသွားသူတွေပါ။ ယခုလဲ ဗမာတပ်ဆိုပြီး ထောင်ထားပြီးပါပြီ။သူတို့က နိုင်ငံခြားက သတင်းစာတွေမှာ သူတို့က ဒီအရေးအခင်းကြီးကို ဦးဆောင်သလို ရေးကြတာပါ၊

စာရေးသူတို့ ပြည်သူတွေမှာ ငွေအများကြီးမရှိပါ။ ငွေခေါင်းမကွဲဖို့ အရေးကြီးသလို မအလလို ပြည်သူ့ဩဇာမခံတဲ့ စစ်တပ်မျိုးမပေါ်လာအောင် မြို့ကြီးတွေထဲက PDF တွေကလွဲရင်နယ်အားလုံးမှာ NUG ဩဇာခံ PDF ကိုသာ လှူပေးပါလို့ ပြောပါရစေ။ ဒါမှ အဖွဲ့အချင်းချင်းပြဿနာတက်ရင်လဲ NUG ဩဇာခံလို့ NUG က ရှင်းပေးလို့ရမှာပါ။ မဟုတ်ရင် RCSS ရွက်ဆစ် ပြောသလို လက်နက်ကိုင်အုပ်စုလေးသာ ဖြစ်သွားနိုင်ပြီး အချင်းချင်းထချနေရင် ဘုံရန်သူပျောက်သွားနိုင်လို့ပါ။ မအလဒလန်တွေဟာ PDF တွေကို အသွင်မျိုးစုံနဲ့ဖွဲ့လာနိုင်ပြီးNUG ကနေ ခွဲထွက်အောင်ကြိုးစားနိုင်သလို ပါဂျောင်လို အချင်းချင်းနားလည်မှုလွဲပြီး ပြန်တိုက်အောင်လဲ လုပ်လာနိုင်ပါတယ်။ လက်နက်ကိုင် ဒေသခံအချင်းချင်း ပြဿနာတက်ရင်သူတို့က NUG ကို ဿြဇာခံထားမှ NUG ရဲ့ စစ်တိုင်းမှူက ရှင်းလို့ရမှာပါ။ မဟုတ်ဘဲ ငါတို့တွေက လက်နက်ကိုင် ဘာညာဆိုရင် မအလနောက်တစ်ဖွဲ့ပေါ်လာတာသာ ထူးသွားမှာပါ။

အကျဉ်းချုပ်ရရင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်က PDF/UG အဖွဲ့တွေကို ကြိုက်သလိုလှူပါ။ အခြားနေရာတွေကိုတော့ NUG ဩဇာခံ (ပြည်သူ့ဩဇာခံ) PDF တွေကို လှူပါလို့ ပြောပါရစေ။ NUG ဟာ ပြည်သူ့လွှတ်တော် CRPH က ဖွဲ့ထားတယ်ဆိုတာ မမေ့ပါနဲ့။ ယခုထဲက ပြည်သူ့ဩဇာမခံတဲ့တပ်ဆို အဆိပ်ပင်ရေမလောင်းပါနဲ့။ အဲ့ဒီအပင်ကြီးလာရင် မအလတပ်လိုဖြစ်သွားပါလိမ့်မယ်။

2,601 views1 comment

Recent Posts

See All

For Mr Marco Rubio

ဒါက Twitter/X မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကို ပြောထားတာပါ။ Today, the junta Min Aung Hlaing staged a coup and arrested our elected...

အရပ်သားသာအဓိက

အမေရိကန်မှာ ရာထူးက အနားယူပြီးသား ဗိုလ်ချုပ်ကြီးတောင် ရွေးကောက်ပွဲမှာ ဝင်ရှုတ်လို့ ထရမ့်တက်တော့ သူ့ကိုပေးထားတဲ့ လုံခြုရေးတွေ...

1 Comment


Nay Nann myint
Nay Nann myint
Mar 19, 2022

နှစ်ပေါင်းများစွာ တိုင်းပြည့်အရေး

နိုင်ငံရေး ဟာ ငါတို့နဲ့မဆိုင်ဘူး လို့

တွေးပီး အစိုးရ လို့ဆိုသူများလုပ်သမျှကို

ခေါင်းငံု့ခံနေခဲ့ကြလ့်ု

မတွန်းလှန်ခဲ့ကြလို့ ပါ။ လူလိုဆက်ဆံတဲ့အစိုးရကိုကျတော့ သညါးညည်းမခံ နှောင့်ယှက်ခဲ့ကြတာ

တွေကို ပြနိဆင်ခြင်ကြပါ(အယုတ်တမာတွေကသွေးထိုးတာက်ု လိုကါပီး လုပ်ခဲ့မိကြတာကိုလဲနောင်တရကြပ့ါ )


ကိုယ့်ကလေးတွေကောင်းစားဖို့အတွက်

ခွေးရူးတသိုက်ကို မောင်းထုတ်ရမဲ့ NUG , က်ုသာလှုကြပါလေ

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page