top of page
Search

NUG က ၂ နှစ်အတွင်း ဘာတွေ ဟာကနဲဖြစ်အောင်လုပ်နိုင်ခဲ့သလဲ?

Writer: Myat Tun OoMyat Tun Oo

ဒါက NUG ကို ဝေဖန်သူများက မေးလေ့ရှိတဲ့မေးခွန်းပါ။ သူတို့ဟာ မအလလို လွှတ်တော်ကိုမကြိုက် CRPH ရဲ့ ဖြစ်တည်မှုကိုလဲ မေးခွန်းထုတ်သူများပါ။ သူတို့ရဲ့ မေးခွန်းလေးကို ဖြေပါရစေ။


နိုင်ငံခြားရေး

NUG ကို တီမောက အသိအမှတ်ပြုတာ ငြင်းမရသလို ချက်မှာလဲ တရားဝင်ရုံးဖွင့်ထားတာ ငြင်းမရပါ။ အမေရိကန်က လက်ထောက်နိုင်ငံခြားရေးဝန်ကြီးတွေနဲ့လဲ တွေ့နေရပါတယ်။ အင်ဒိုနီးရှား၊ မလေးရှားတို့ကလဲ NUG နဲ့ ထိတွေ့ဆက်ဆံနေပါတယ်။ NUG နဲ့ပူးပေါင်းတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကလဲ ကုလမှာပါ။ ဒါတွေဟာ ၂ နှစ်အတွင်း သံတမန်ရေးအရ အောင်မြင်မှုတွေပါ။ မအလဟာ အာဆီယံမှာ ယခုအချိန်အထိ နေရာမရသေးပါ။ မအလတွေ့တာ နိုင်ငံအရ ရုရှားနဲ့ တရုတ်ပါ။ ထိုအဆင့်မျိုးကို NUG ကလဲ တီမော၊ အမေရိကန်၊ အင်္ဂလန်၊ မလေးရှား၊ ချက်ကနိုင်ငံတွေနဲ့ ပေါ်တင်တွေ့ခဲ့သလို အင်ဒို၊ စင်ကာပူနဲ့လဲ ပုံမရိုက်ဘဲတွေ့ခဲ့ပါတယ်။ ဒါကြောင့် အသိအမှတ်ပြုခံရမှုဟာ မအလထက်မလျော့ပါ။ ဒါကအရှိအတိုင်း နှိုင်းယှဉ်ပြတာပါ။


စီးပွါးရေးပိတ်ဆို့မှု

ယခင် ၁၉၈၈ အာဏာသိမ်းအပြီး  ၁၀နှစ်ကျော်ကြာမှ စီးပွါးရေးအပိတ်ခံရတာမျိုးကို တစ်နှစ်အတွင်းအပိတ်ခံရအောင် လုပ်နိုင်တာက NUG ရဲ့အရည်အချင်းပါ။ ၂ နှစ်အတွင်းမှာတော့ စင်ကာပူဘဏ်က ပိတ်လိုက်ပါပြီ။ ဒီစင်ကာပူဘဏ်ကပိတ်တာက ၁၉၈၈ကနေ ၂၀၁၀ အထိ ဘရွှေလက်ထက်မှာတောင် မဖြစ်ခဲ့ပါ။ သမိုင်းမှာ မရှိခဲ့ပါ။အဲ့ဒါကမှ ဟာကနဲမဖြစ်ရင် သင်ဟာ မအလဘောမပါ။ အခြားစီးပွါးရေးထိုးကျနေတာကတော့ NUG ကဘာမှလုပ်စရာမလိုဘဲ NUG ရဲ့ ဖရဲသီးအကြီးစား မိုးမြင့်ထွန်းက မအလကို သူ့ဟာသူထိုးဆင်းအောင် နောက်ကျောကိုဓားနဲ့ထိုးပြီး လုပ်သွားတာပါ။


စစ်ရေး

ဒါကစာရေးသူပြောတာကို ယုံစရာမလိုတော့ပါ။ မအလဘောမတွေရဲ့ ဗီဒီယိုဖိုင်တွေကိုသာ သွားကြည့်ပါ။ ဥပမာ တော်လှန်ရေးအစပိုင်းမှာ ဘောမကျော်မျိုးမင်းက PDF တွေက စခန်းတွေမတိုက်နိုင်ကြောင်း အော်ခဲ့ပါတယ်။ ယခုအချိန် လက်ခတ်တောင်ကို တစ်လထက်ပိုသိမ်းထားလို့ မယ့်စဲကိုသိမ်းထားလို့၊ မြိုင်ကိုမလှုပ်နိုင်အောင် ဝိုင်းထားလို့၊ ဆားလင်းကြီးကို မလှုပ်နိုင်အောင်လုပ်ထားလို့၊ ရန်ကုန်-မန္တလေးလမ်းဟောင်းအပေါ်ကိုရောက်လာလို့ PDF ကတော်ကြောင်း မအလဘောမကိုယ်တိုင် တရားဝင်ဝန်ခံသွားခဲ့ပါပြီ။ ဒါဟာ ERO တွေကြောင့် ဘာညာဆိုပြီး NUG ဝေဖန်သူများ ဘောမများက ဆင်ခြေပေးနိုင်ပါတယ်။ ERO တွေက ၁၉၈၈ မတိုင်ခင်ထဲက မအလကိုတိုက်နေတာပါ။ ယခုလိုအချိန်မှ ထိုးစစ်ဆင်နိုင်တာဟာ NUG/PDF ကြောင့်လဲ အဓိကပါတယ်ဆိုတာ မေ့လို့မရတဲ့ ငြင်းလို့မရတဲ့အချက်ပါ။ ယခင်က ကချင်မှာ ထိုးစစ်ဆင်ရင် ကရင်က ငြိမ်နေရာကနေ မဟာဗျူဟာအရ ပြိုင်တူထိုးစစ်ဆင်တာဟာ NUG လို့ခေါ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရက နာမည်နဲ့အညီ ညီညွတ်အောင် ပေါင်းစပ်ညှိနှိုင်းပေးလို့ပါ။ ဒါတွေဟာ ၁၉၅၀ နောက်ပိုင်း ပြည်တွင်းစစ်စကထဲက ပထမဆုံးအကြိမ်ရလာတဲ့ အောင်မြင်မှုတွေဆိုတာ မမေ့ပါနဲ့။ ယခင်က ကချင်၊ ကရင်မှာ မိမိစခန်းမကျအောင် ခံစစ်တိုက်နေရာက မအလစခန်းကို ပြန်သိမ်းလာနိုင်တာပါ။ မြဝတီရဲစခန်းတိုက်နိုင်တာမျိုးတွေ ဒုဗိုလ်မှူးကြီး၊ ဗိုလ်မှူးကြီးအဆင့်အထိ ကျလာတာတွေကို ထည့်မရေးတော့ပါ။


ဘဏ္ဍာရေး

NUG ဟာ ပထမဆုံး NUG pay ကိုတည်ထောင်ပြီး ရန်ပုံငွေကို စနစ်တကျစီးဆင်းအောင် လုပ်နိုင်ခဲ့သလို PRF member စနစ်ကနေလဲ ရန်ပုံငွေကို စနစ်တကျရှာနိုင်ခဲ့ပါတယ်။ နောက် အိမ်ရာမြေရောင်းတာကနေလဲ ငွေရှာနိုင်ခဲ့ပါတယ်။ ထိုငွေဟာ ၂ နှစ်အတွင်းတော်လှန်ရေးကို အထောက်အကူပြုခဲ့ပြီး မအလက စစ်စခန်းတွေကနေ ဆုတ်ပေးရတဲ့အထိ မြေပြင်မှာ အောင်မြင်ခဲ့ပါတယ်။ ဘယ်အဖွဲ့ကများ ပြည်ပရောက် မြန်မာတွေထံက ယခုလို နည်းလမ်းတွေနဲ့ ငွေရှာနိုင်ခဲ့ပါသလဲ? NUG ရဲ့ အသစ်ဘဏ်ကို တပ်ထဲက ဒီမိုမဟုတ်တဲ့၊ ဖရဲသီးမဟုတ်တဲ့သူတွေကတောင် သူတို့ပိုက်ဆံစုဖို့ သုံးလာရတဲ့အထိ အောင်မြင်လာနေပါပြီ။ဒါမျိုးစနစ်ကို ဘယ်တော်လှန်ရေးအဖွဲ့က တည်ထွင်နိုင်ခဲ့ပါသလဲ?


အုပ်ချုပ်ရေး

NUG ဟာ မိမိစိုးမိုးရာဒေသတွေမှာ အုပ်ချုပ်ရေးအဖွဲ့တွေကို စနစ်တကျ ထူထောင်လာနိုင်ခဲ့ပါပြီ။ သူက ၂၀၂၁ ကမှစရလို့ အစပိုင်းမှာ ပြဿနာအနည်းငယ်ရှိပေမယ့် အချိန်ကြာလာတာနဲ့အမျှ ဝါရင့်လာနေပါပြီ။


မအလဟာ ဦးရည်မွန်၊ ဦးလွင်ကိုလတ်၊ ဦးတင်ထွန်းနိုင်တို့ကို ရန်သူနံပတ်တစ်အဖြစ်သတ်မှတ်ပြီး အကြိမ်ကြိမ် လုပ်ကြံဖို့ နည်းမျိုးစုံကြိုးစားခဲ့ပေမယ့် မအောင်မြင်သေးပါ။ သူတို့က မအလကို မြေပြင်မှာ ဒုက္ခအပေးနိုင်ဆုံးလူတွေပါ။


အကျဉ်းချုပ်ရရင် NUG ဟာ ၂ နှစ်အတွင်း ကဏ္ဍပေါင်းစုံမှာ ဘယ်အချိန်ကမှ မရနိုင်ခဲ့တဲ့ အောင်မြင်မှုတွေကို ရနေခဲ့ပါပြီ။ မအလကို ဖြုတ်ချဖို့အထိ မအောင်မြင်သေးပေမယ့် အခြားတော်လှန်ရေးတွေနဲ့ နှိုင်းယှဉ်ရင် အများကြီးအောင်မြင်နေပါပြီ။ တော်လှန်ရေးကြီးအပြီးအထိ အောင်မြင်မှာလားဆိုတာကတော့ ပြည်သူအားလုံး ညီညီညွတ်ညွတ်နဲ့ NUG အောက်ကချီတက်မလားဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။  NUG အောက်က PDF ကို PRF အဖွဲ့ဝင်ကတဆင့် ထောက်ပံ့ခြင်းဖြင့်သာ သက်သေပြကြပါ။ တပ်တော်တွေနောက်လိုက်ရင် ဇတ်တော်တွေနဲ့ အချိန်ကြာမှာပါလို့ ထပ်ပြောပါရစေ။

 
 
 

Recent Posts

See All

ပြည်သူသာအဓိက

ငါတို့တိုင်းပြည်က ထရမ့်တက်တက် ဘယ်သူတက်တက် ပြည်သူရှိရင် ဒီပွဲက နိုင်မယ်။ ယူကရိန်းလို အမေရိကန်နဲ့ ပြဿနာတက်ရင် ဘယ်သူ့အဖေခေါ်ရမှန်းမသိဖြစ်သွာ...

3 Comments


Maung Chit Khaing
Maung Chit Khaing
Oct 04, 2023

ဖရဲသီးအကြီးစား ကဏ္ဍပေါင်းစုံမှာ

Like
Angelina Thane
Angelina Thane
Oct 04, 2023
Replying to

အများစု က ပြည်သူကို ချစ်လွန်းလို့မဟုတ်ပါဘူး ။

ဘာတဲ့တုလဲဆိုတော့ မကောင်းဘူး ထင်တဲ့ လွတ်သွားတဲ့

ငါးကြီး က သူရို့ရဲ့ အသက်၊ ရာထူး ၊ စည်းစိမ် ကို

ကာကွယ်ပေးနိုငိတဲ့ အစွမ်းရှိနေလိူ့ပါ ။

မချစ်သော် လည်း အောင့်ကာ နမ်းနေကြတာပါ ။

နောက်တအုပ်စု ကတော့ ဆရာမြတ်ပြောသလို

စားမာန်ခုတ်ကြရင်း နဲ့ သူရို့အခက် ပြည်သူ့အချက်

ဖြစ်လါတာပါ ။ သာဓု တကြိမ် သာခေါ်ရမလိုပေါ့ 🙄

Like

Angelina Thane
Angelina Thane
Oct 02, 2023

Like လုပ်တာမရပါ ။

Technical issue ကြောင့်လို့ ပြနေပါတယ် ။


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page