top of page
Search

NUG က သွင်းလိုက်သောဂိုးများ

  • Writer: Myat Tun Oo
    Myat Tun Oo
  • May 26, 2021
  • 1 min read


CRPH စဖွဲ့တော့ ဇော်မဲလုံး အရိုးကိုက်က CRPH က ဘာလဲဟင်ဆိုပြီး လှောင်တယ်။

NUG စဖွဲ့တော့ လိုင်းပေါ်က အစိုးရဆိုပြီးပြောတယ်။

NUG က စစ်တပ်ဖွဲ့လိုက်ပြီ။ သူ့စစ်တပ်က လေ့ကျင့်နေတုန်းရှိသေးတယ်။ ဘာမှ မတိုက်ရသေးဘူး။ ဒါပေမယ့် ပြည်သူတွေက မအလဖက်ဆစ်တပ်ကို ဒန်ပေါက်၊ မုန့်ဟင်းခါး၊ ဖာလူဒါ အကုန်ကျွေးနေပြီ။စစ်တိုင်းမှူးတွေဆို မအိပ်ရဘူး။ လေတပ်လဲ ဖက်ဆစ်မအလတက်လာမှ မအိပ်ရတော့ဘူး။ မင်းတပ်သွားလိုက် ကန်နီတက်လိုက် ဟားခါးသွားလိုက် ကရင် ကယားသွားလိုက်နဲ့။ နောက် ငရဲပြည်ကို ဗီဇာမလိုဘဲ ရောက်သွားမယ်။ ဒီပုံအတိုင်း ပြည်သူက ဆက်လုပ်နေရင် ဒီကောင်တွေ ရူးပြီးတောင် သေသွားနိုင်တယ်။ အချင်းချင်းလဲ ဖိအားများရင် အက်ကြောင်းက လာမှာဘဲ။ မင်းအပြစ် ငါ့အပြစ်ဆိုတာ။

မနေ့က ချက်နိုင်ငံက NUG ကို အသိအမှတ်ပြုတာ ရေးပြီးသွားပြီ။ နောက်နိုင်ငံတွေလဲ လာအုံးမယ်။ မပြောသေးဘူး။ WHO က ဖက်ဆစ်တပ် ကိုယ်စားလှယ်ကို ပေးမတက်ဘူး။ ဒါမျိုး ၁၉၈၈ ထဲက မရှိခဲ့ဖူးဘူး။ ဦးနုစင်ပြိုင်အစိုးရ မလုပ်နိုင်ခဲ့သလို NCGUB လဲ မလုပ်နိုင်ခဲ့ဘူး။

ဒီနေ့ ဆရာဇော်ဝေစိုးရဲ့ သတိပေးစကား အသိပေးစကားတင်အပြီးမှာ Non CDM တွေ လန့်ပြီးသွေးပျက်နေပြီ။ သူတို့အဘက ကယ်နိုင်မလား စောင့်ကြည့်ရပါမယ်။

ညပိုင်းမှာ ပြင်သစ်နဲ့ အမေရိကန်ကုမ္ပဏီက မအလကို ရှယ်ယာအမြတ်ခွဲပေးတာ ရပ်တယ်လို့ ကြေညာပါတယ်။ ခေတ်သစ်မှာ ရေးထားတာတင်မဟုတ်ဘဲ Total ကုမ္ပဏီရဲ့ တရားဝင်စာမျက်နှာမှာ အင်္ဂလိပ်လို ရေးတင်ထားလို့ သတင်းအမှန်ပါ။ ဒါကဘာထူးလဲဆိုတော့ ဖက်ဆစ်တပ်ကို အစိုးရအနေနဲ့ အသိအမှတ်မပြုလို့ မပေးတာဖြစ်သလို NUG က မပေးဖို့ တောင်းဆိုထားတာကိုလဲ တလေးတစား တုန့်ပြန်လိုက်တာပါ။ NUG က ဖက်ဆစ်မအလကို သွင်းလိုက်တဲ့ နောက်တစ်ဂိုးပါလို့ ပြောပါရစေ။ NUG အစိုးရထဲပါတဲ့ Prof ဇော်ဝေစိုး၊ Prof ဝင်းမြတ်အေးတို့က လောက်ကောင်သက်ခိုင်ဝင်း သက်သက်ခိုင်တို့ထက် အဆ ၁၀၀ သာပါတယ်။ မအလလို သူခိုးနဲ့ တော့ မယှဉ်တော့ပါ။ အားလုံးသာ တိုက်ပွဲအတွက်ပြင်ထားကြပါ။

 
 
 

Recent Posts

See All
ကန့်ဘလူနဲ့ နန်းတွင်းဂယက်

ကန့်ဘလူကိစ္စက ဂယက်ပြင်းပါတယ်။ ဒါက မအလအတွက် ဒုတိယပြဿနာပါ။ မအလဟာ သူလာစဉ်အပစ်ခံရတာက ပထမတုန်လှုပ်စရာ သတင်းပေါက်ကြားမှူပါ။ သူပြေးစဉ် ချော်လဲတာကလဲ နမိတ်မကောင်းတာကို ပြနေပါတယ်။ အပြီးမှာ ရဟတ်ယာဉ်နဲ့ထွက်ပြေးပြ

 
 
 
အဘ၊ တရုတ်နှင့် အတိုင်ပင်ခံကောင်စီ

တရုတ်က မအလကို ရွေးကောက်ပွဲ လုပ်ခိုင်းတာ၊ လောလောဆယ် ထောက်ခံထားတာ၊ သူ့လက်အောက်ခံ MNDAA နဲ့ TNLA ကို အပစ်ရပ်ခိုင်းပြီး လားရှိုးပြန်ပေးခိုင်းတာတွေက တရုတ်လက်ချက်ဆိုတာ အားလုံးမပြောလဲ သိကြမှာပါ။အားလုံးသိတဲ့အ

 
 
 
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page