top of page
Search

NUG ကို ဝေဖန်သူများ စဉ်းစားရမည့် ယူကရိန်းဥပမာ

Writer: Myat Tun OoMyat Tun Oo

NUG ကို ဝေဖန်သူတွေက အားမရဘူး ဘာညာဆိုပြီး ပြောလေ့ရှိပါတယ်။ အများစုက ဒလန်ပါ။ အချို့အစစ်အမှန်အနည်းငယ်လဲ ရှိပါတယ်။ ထိုသူများအနေနဲ့ ယခု ယူကရိန်းဖြစ်ရပ်ကနေ NUG ဟာအခက်အခဲကြားက ဘယ်လောက်အောင်မြင်အောင် လုပ်ဆောင်နိုင်လဲဆိုတာ လေ့လာနိုင်ပါမယ်။

ယူကရိန်းဟာ လက်ရှိအစိုးရပါ။ သံရုံးတွေ၊ စက်ရုံတွေ၊ ဝင်ငွေတွေအကုန်ရှိပါတယ်။ တပ်က သူ့အောက်မှာရှိပါတယ်။

ဒါပေမယ့် ယူကရိန်းက ရုရှားကိုစီးပွါးရေးပိတ်ဆို့ဖို့ ကမ္ဘာကိုတောင်းဆိုချိန်မှာ ကမ္ဘာက ၇၀% လောက်သာလုပ်ပေးပြီး အရေးကြီးတဲ့ ရုရှားထံက သဘာဝဓာတ်ငွေ့ဝယ်တာကို ရပ်ဖို့ရာမှာ နှာစေးနေကြပါတယ်။ ဂျာမနီ၊ အီတလီ၊ တောင်ကိုရီးယားနဲ့ ဂျပန်က ရုရှားထံက ရေနံနဲ့ သဘာဝဓာတ်ငွေ့ဝယ်ပါတယ်။သူတို့အကြောင်းပြချက်က ရုရှားထံကမဝယ်ရင် သူတို့စီးပွါးရေးထိခိုက်နိုင်လို့ပါ။ ဒါက သံတမန်ရေးအရ လက်ရှိရုံးတွေအများကြီးနဲ့ ယူကရိန်းအစိုးရတောင် ဘယ်လောက်လုပ်ရတာ ခက်လဲဆိုတာပါ။ရုရှားထံက လက်နက်ဝယ်တဲ့ အိန္ဒိယနဲ့ ပါကစ္စတန်တို့ကလဲ မဝေဖန်ရဲပါ။ တရုတ်ကတော့ မဝေဖန်တာ မဆန်းပါ။

ဒါဆိုရင် လက်နက်ကိစ္စရော။ အမေရိကန်နဲ့ အင်္ဂလိပ်က ရုရှားကျူးကျော်မယ်လို့ အော်နေတာတောင်ဘာမှမပေးထားဘူးလား မေးစရာရှိပါတယ်။ ယူကရိန်းက တကယ့်ကို အနောက်ရဲ့ တပည့်အရင်းပါ။အင်္ဂလိပ်က ခေတ်မှီတင့်ကားဖျက်နဲ့ လေယာဉ်ပစ်အချို့ပေးပေမယ့် ရုရှားစစ်အင်အားနဲ့ယှဉ်ရင် ဆင့်ပါးစပ် နှမ်းပက်သလောက်ပါ။ ဒါပေမယ့် အရပ်သားတွေကို လက်နက်ပေးဖို့ ကြန့်ကြာနေခဲ့ပါတယ်။ယခုနောက်ဆုံးက လက်လုပ်ဗုံးနဲ့ပစ်ဖို့ ယူကရိန်းသမ္မတက သူ့ပြည်သူတွေကို ပြောလာရတဲ့အထိပါ။မြန်မာပြည်က PDF တွေက နည်းပညာတောင် ပြန်ထောက်ပံ့ရမယ့်ပုံပါ။

ကမ္ဘာ့ကုလသမဂ္ဂနဲ့ အနောက်အုပ်စုကတော့ ထုံးစံအတိုင်း ဝမ်းနည်းကြောင်း စိတ်မကောင်းကြောင်းစိုးရိမ်ကြောင်း ကြေညာချက်ထုတ်တာထက် မပိုပါ။

အကျဉ်းချုပ်ရရင် အနောက်ကလက်နက်နဲ့ စီးပွါးရေးပိတ်ဆို့မှုရဖို့ဆိုတာ ယူကရိန်းလို လက်ရှိသံရုံးတွေပိုင်တဲ့ အစိုးရမှာတောင် ခက်ပါတယ်။ ဒါပေမယ့် မြန်မာပြည်မှာက သူ့အတိုင်းအတာနဲ့သူ လုပ်လို့ရတာတွေ ပြည်တွင်းမှာတော့ NUG မှာရှိနေပါတယ်။ စာရေးသူတို့အရေးကြီးတာက ပြည်သူတွေအနေနဲ့လုပ်စရာရှိတာကို အနောက်မမျှော်ဘဲ ကိုယ့်အားကိုယ်ကိုးပြီး မိမိလူမျိုး မိမိ NUG အစိုးရနဲ့ PDF ကိုထောက်ပံ့ပြီး အားကြီးအောင် လုပ်သွားဖို့သာပါ။ ပြည်သူသာအဓိကဆိုတာက စကားလုံးထက်အများကြီးပိုပါတယ်။

 
 
 

Recent Posts

See All

ပြည်သူသာအဓိက

ငါတို့တိုင်းပြည်က ထရမ့်တက်တက် ဘယ်သူတက်တက် ပြည်သူရှိရင် ဒီပွဲက နိုင်မယ်။ ယူကရိန်းလို အမေရိကန်နဲ့ ပြဿနာတက်ရင် ဘယ်သူ့အဖေခေါ်ရမှန်းမသိဖြစ်သွာ...

2 Comments


Aung Kyaw Naing
Aung Kyaw Naing
Feb 26, 2022

https://www.facebook.com/1477203091/posts/10227147207174179/?d=n

Like

Johnny JOE
Johnny JOE
Feb 25, 2022

နုကြည်ကိုဝေဖန်သလိုငါလဲသူတို့ကိုဝေဖန်ပါရစေ ဖေဖေါ်ဝါရီလတစ်ရက်တည်းတည်းက အာဏာသိမ်းခံရလို့တိုင်းပြည်ခွေးဖြစ်လာသလို နုကြည်က စက်တင်ဘာမှပြန်တိုက်ဘို့တရားဝင်ကြေငြာပြီး ့တာတောင် ့့ကု့ိပိုင်ဆိုင်မှုနဲ့ဆန်စပါးစားသောက်စရာတွေကိုသိုဝှက်ပြောင်းရွေ့တာမလုပ်ဘဲဖျက်ဆီးခံရတော့မှကုန်ပါပြီလို့ငိုပြနေတာကို ့့နုကြည်ကဘာလုပ်ပေးရမလဲ ့့့့wounderwomanလို အုံဖွဆိုဝုန်းကနဲ့့ရောက်လာရမလား ့့့ကယ်တင်ရှင်မရှာနဲ့လို့ပြောထားပြီးပြီ ့့့့

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page