top of page
Search

NUG ကို မဆဲခင် စဉ်းစားရန်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Feb 9, 2024
  • 2 min read

တိုက်ပွဲဖြစ်ရင် ရန်သူ့ဘက် ကိုယ့်ဘက် အကျအဆုံးရှိပါတယ်။ မအလကို တိုက်ပွဲဝင်ရင်း ကျဆုံးသွားတဲ့ ဘယ်သူ့ကိုမဆို ဘယ်အဖွဲ့ကဖြစ်ဖြစ် လေးစားဂုဏ်ယူပါတယ်လို့ ပထမဆုံးပြောပါရစေ။ စစ်တိုက်တာဟာ ဂိမ်းဆော့တာမဟုတ်လို့ အသေအပျောက်ရှိမှာပါ။ ဒီအချိန်မှာ ပြည်သူများအနေနဲ့ သိသင့်တာလေးတွေကို တင်ပြပါ့မယ်။ ရည်ရွယ်ချက်က ဘောမသတင်းသမားများ၊ တတိယအင်အားစုများ၊ စစ်ခွေးများရဲ့ ဂျင်းအထည့်မခံရအောင်ပါ။ မအလကို တိုက်ရာမှာ အဖွဲ့ပေါင်းစုံရှိပါတယ်။ အချို့က NUG အောက်မှာ အမိန့်နာခံပြီး တိုက်ပါတယ်။ ဒီအဖွဲ့ကတော့ NUG မှာ အပြည့်အဝ တာဝန်ရှိပါတယ်။ ဒါပေမယ့် အချို့ကိစ္စတွေမှာ အချို့အဖွဲ့တွေက NUG အောက်ကမဟုတ်ဘဲ ပူးပေါင်းဆောင်ရွက်တဲ့အဆင့်ပါ။ လွန်ခဲ့တဲ့နှစ်က ဗိုလ်ဆိုင်ဂုံပျောက်တာ မှတ်မိမှာပါ။ သူက NUG အောက်ကမဟုတ်သလို သူ့ကိုဖမ်းသူကလဲ NUG အောက်က မဟုတ်ပါ။ ဒါပေမယ့် သူအဖမ်းခံရချိန်မှာ NUG ကို သတင်းသမားတွေက ဝိုင်းဆွဲထည့်အော်တာ အားလုံးမှတ်မိမယ်ထင်ပါတယ်။ ထို့အတူပါဘဲ အချို့အဖွဲ့တွေက NUG တပ်အောက်မှာမရှိပါ။ ဒါကိုလဲ အပြစ်မတင်ပါ။ သူတို့ကတိုက်ပွဲဖော်တယ်။ အောင်မြင်တာရှိသလို မအောင်မြင်တာလဲရှိပါတယ်။ အောင်မြင်ခဲ့ရင် ဘယ်အဖွဲ့က တိုက်တယ်ဆိုပြီး ခေတ်သစ်မှာ တက်လာပါတယ်။ အကယ်၍ သူတိုက်ချိန်မှာ မအလတပ်နဲ့တွေ့ သူ့လူအဖမ်းခံရတာရှိသလို သူနဲ့ထိစပ်တဲ့ရွာ မီးရှို့ခံရတာဗုံးကြဲခံရတာလဲ ရှိပါတယ်။ ဒီအချိန်မှာလဲ မိမိစစ်ဆင်ရေးအရ ဖြစ်တာမိုလို့ ဘာမှ NUG ကို အပစ်တင်စရာမရှိပါ။ ဥပမာ နဂါး/တီကောင် စက်သေနတ်နဲ့ ရွာထဲဝင်ချိန် ဗုံးကြဲခံရ ရွာတွေ မီးရှို့ခံရပါတယ်။  ဒါကို ဘောမ၊ နဲ့ တတိယအင်အားစုက နဂါးဖင်ယားတာကြောင့်မရေးဘဲ NUG ကြောင့် အတိုက်ခံရသလို NUG ကြောင့် ကလေးတွေ အသတ်ခံရသလို လိုင်းပေါ်မှာ ရေးတာ ပြောတာက သွေးခွဲတာပါ။ ဥပမာ တီကောင်/BPLAက သူ့ဖာသာ စစ်ဆင်ရေးလုပ်ပြီး သူ့လူအဖမ်းခံရ၊ အသတ်ခံရရင် NUG ကို အပြစ်ပြောလို့မရပါ။ BPLA ကတော့ မပြောတာ သတိထားမိပါတယ်။ အရပ်ထဲမှာ ကလေးကဆော့လို့ ကားတိုက်ခံရရင် သူ့မိဘနဲ့ ကားသမားအပြစ်ပါ။ ဒါကို ရပ်ကွက်လူကြီးကို ဆွဲထည့်လို့မရပါ။ NUG က ကောလင်းကို ဟာဝေဇာအမြောက်နဲ့ပစ်တာ မကာကွယ်နိုင်သလို ဇယ်လင်းစကီးလဲ သူ့ ယူကရိန်းမြို့တော်ကို ရုရှားက ဒုံးပျံနဲ့ပစ်၊ ဒရုံးနဲ့တိုက်၊ လေယာဉ်နဲ့ ဗုံးကြဲတာကို မကာကွယ်နိုင်တာ မမေ့ပါနဲ့။

ဒီနေရာမှာ NUG က ကောလင်းကိုသိမ်းချိန်မှာ တတိယအင်အားစုနဲ့ မြေလတ်အသံက ကောလင်းကို KIA က သိမ်းတာဆိုပြီး ဖွပါတယ်။ ယခုကောလင်းအတိုက်ခံရချိန်မှာ ကျည်မရှိဘူးဆိုပြီး ဖွတာကလဲ တတိယအင်အားစုနဲ့ သူ့ရဲ့ မီဒီယာများ မြေလတ်အသံ၊ MFP အပါအဝင်ပါ၊ မြေလတ်အသံက ကွန်မြူနစ်ပါတီရဲ့ PLA လက်နက်နဲ့ အခြားအဖွဲ့လက်နက်ကို NUG ကသိမ်းတယ်ဆိုပြီးဖွသလို နဂါး/တီကောင်ဘက်က ရေးလေ့ရှိတဲ့ မီဒီယာပါ။ ကျည်ကိစ္စပြန်ဆက်ရရင် ကယား/ကရင်နီမှာ ထိုးစစ်ရှေ့ဆက်မတိုးနိုင်တာက လက်နက်၊ ကျည်အားနည်းလို့ပါ။ ဒါဆို NUG ကို ဆဲမလား။ ခေါင်းရှိရင် စဉ်းစားပါ။ ကရင်နီက ဖယ်ဒရယ်ယူနစ်ဖြစ်ပြီး စစ်ရေးကအစ၊ စာသင်ကျောင်း၊ ကျန်းမာရေး သူ့မှာသာတာဝန်ရှိတာပါ။ ဒါက မြင်သာအောင် ဥပမာပြတာပါ။ ဘာလို့လဲဆိုတော့ ခွေးသတောင်းစားများက အုပ်ချုပ်ချိန်မှာ ဖယ်ဒရယ်လာမစွက်နဲ့ပြောပေး မြှောက်ပေးပြီး ကရင်နီကျောင်း ဗုံးကြဲခံရရင် NUG ဘာလုပ်နေလဲဆိုပြီး ပြည်သူနဲ့ NUG ကို ရန်တိုက်ပေးတတ်လို့ ပြည်သူတွေ မြင်သာအောင်ပါ။ ဒါက ကလေးတွေသေလို့ ဒေါသထွက်သးကို NUG နဲ့ တိုက်ပေးတာပါ။ သူတို့ Facebook စာမျက်နှာကို စရဖက facebook က ပိုက်ဆံပေးပြီး လူကြည့်များအောင်လုပ်ပြီး ဖွပေးပါတယ်။

ဒီနေရာမှာ တတိယအင်အားစုဟာ စစ်တပ်ကိုဆဲပြီး ပုရိတ်သတ် စစုပါတယ်။ ပြီးရင် NLD/NUG ကိုသာ အဓိကဖောင်းထုပါတယ်။ အချို့က ကိုကိုကြီးလူ အမတ်အရွေးမခံရသူများက စစ်ကိုင်းနဲ့ ထိုင်းနယ်စပ်ကနေ လှုပ်ရှားတာလဲ တွေ့ရပါတယ်။ သူတို့နဲ့ စရဖဟာ ဆန့်ကျင်ဘက်တွေဖြစ်ပေမယ့် မတူတာတွေဖယ်ပြီး ဘုံရန်သူ NUG ကို ဝိုင်းတိုက်ရာမှာတော့ တူပါတယ်။

ပြည်သူတွေအနေနဲ့ သတိထားပါ။ NUG လဲ ထွက်ရှင်းရာမှာ သတိထားပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့မှာ ကျည်ရှိပါတယ် ဘယ်လိုထောက်ပံ့ပါတယ်ဆိုပြီး ထွက်ရှင်းခဲ့ရင် ရန်သူမအလတပ်က ကော်လင်းက လက်နက်နဲ့ ကျည်အခြေအနေကိုသိပြီး စစ်ဆင်ရတာ လွယ်သွားမှာပါ။ ဒါကြောင့် မြေလတ်အသံ၊ MFP တို့ဟာ အထောက်အထားမရှိသတင်းတွေတင်ပြီး မအလကို သတင်းပေးဒလန်လုပ်တဲ့အဆင့်မျိုးအထိ ရောက်လာတာ တွေ့နေရပါတယ်။ အင်မတန် အန္တရာယ်များပါတယ်။ သတင်းသမား စစ်စစ်များသတိထားဖို့ပါ။

ဒီနေရာမှာ စာရေးသူက NUG လုပ်သမျှ ကောင်းတယ်ပြောတာမဟုတ်ပါ။ ယူကရိန်းစစ်မျက်နှာမှာတောင် လက်နက်ကြီးကျည် ပြတ်လတ်မှုရှိပါတယ်။ ဒါပေမယ့် တကယ်ဖြစ်ခဲ့ရင်တောင် မိမိရဲ့ အမိိန့်ပေးစနစ်အရ တင်ပြလုပ်ဆောင်ရတာပါ၊ ဒီလိုသတင်းမျိုးက တကယ်ဖြစ်ခဲ့ရင်တောင် ရန်သူမသိအောင် ဖုံးကွယ်ထားရမှာပါ။ စစ်ပွဲပြီးမှ ထုတ်ပြောရတာမျိုးပါ။ မဟုတ်ရင် ရန်သူက ကျည်မရှိတဲ့တပ်ကို ထိုးစစ်ပိုဆင်မှာပါ။ ဒါကို ယခုလိုအချိန်မှာ ပြောနေ ရေးနေတယ်ဆိုရင်တော့ ထိုမီဒီယာဟာ ဘောမ စစ်ခွေးအားပေးဒလန်ဆိုတာ သေချာပါတယ်။ ပြည်သူတွေလဲ ဂျင်းထည့်မခံရအောင် စာဖတ်ပါ။ NUG ကို မဆဲခင်စဉ်းစားပါ။ လှူလိုရင် PRF ကတဆင့် ကောလင်းကိုလှူပါ။ ပြည်သူသာ အဓိကပါ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

1 Comment


Maung Chit Khaing
Maung Chit Khaing
Feb 09, 2024

စစ်တပ်ကိုဆဲပြီး ပရိတ်သတ် စစုပါတယ်။ ပြီးရင် NLD/NUG ကိုသာ အဓိကဖောင်းထုပါတယ်။

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page