top of page
Search

NUG ကို ဘာတွေကြိုက်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Oct 19, 2021
  • 1 min read

NUG ကို ဝေဖန်သူအချို့ရှိတာသိပါတယ်။ အထူးသဖြင့် လက်နက်ကိစ္စပေါ့။ ဒါပေမယ့် ရတဲ့ပိုက်ဆံကို လက်နက်အဖြစ်ပြောင်းလဲရာမှာ ယခုအချိန်အထိ အမေရိကန်၊ အင်္ဂလိပ်က လေနဲ့သာထောက်ပံ့နေလို့ သူ့မှာ အခက်အခဲများစွာရှိပါတယ်။ ဒါပေမယ့် ယခင်ကထက်တော့ အများကြီးအဆင်ပြေလာတာ ထောက်ပံ့လာနိုင်တာ တွေ့ရပါတယ်။မထင်မှတ်တဲ့နေရာက ရတာတော့ရှိပါတယ်။

ယခုပြောလိုတာက NUG ရဲ့ လက်ရှိလုပ်နေတာတွေထဲက ကြိုက်တာတွေပါ။ ပထမက Non CDM လုပ်ရုံသာမဟုတ်ဘဲ ဝန်ထမ်းအချင်းချင်း ဒုက္ခလိုက်ပေးနေတဲ့ အဆိုပါ Non CDM လူကြီးတွေကို ရာထူးက ထုတ်လိုက်တာပါ။ ဟာမင်းကလဲ မအလက လစာပေးထားတာ ဘာဂရုစိုက်ရမလဲဆိုရင် အစပိုင်းမှာ ဂရုမစိုက်ပေမယ့် PDF အားကောင်းလာရင် ပြည်သူ့တပ်တွေအားကောင်းလာရင် အဆိုပါသစ္စာဖောက်တွေ သူတို့အသက်ကို စိုးရိမ်လာမှာပါ။ သူတို့က သာမန်ကြောက်လို့ Non CDM မဟုတ်ဘဲ ထိုထက်ပိုပြီး အဘအကြိုက်လိုက်နေလို့ သူတို့ကို NUG ကစာထုတ်တာဟာ ထိရောက်ပါတယ်။

ဒုတိယက NUG နဲ့ ဆက်စပ်လို့ မတရားအသင်း ဥပဒေနဲ့ အသိမ်းခံရတဲ့ အဆောက်အအုံတွေကို ဝယ်ယူရောင်းချရင် တရားဥပဒေအရ အရေးယူမယ်ဆိုတာကလဲ သူခိုးများ အချောင်သမားများကို ဟန့်သွားစေပါတယ်။

တတိယကတော့ ယခုရက်ပိုင်းကထုတ်တဲ့ မအလနဲ့ ဆက်စပ်စီးပွါးရေးလုပ်ငန်းများကို မတရားအသင်း ကြေညာတာပါ။ ဒါဟာအင်မတန်မှာ ဗျူဟာလှပါတယ်။ စာရေးသူတို့ ယခင်ကပြောခဲ့သလိုဘဲ မအလဟာ အကြမ်းဖက်အဖွဲ့ဖြစ်လို့ သူနဲ့အလုပ်လုပ်သူ သူ့အောက်မှာ အမှုထမ်းသူများဟာ အကြမ်းဖက်သမားအားပေးတွေပါ။ သူတို့ကို NUG က အရေးယူမယ်လို့ ကြေညာတာဟာ NUG ရဲ့ဩဇာ ဘယ်လောက်ရှိသလဲဆိုတာကို ပြလိုက်တာပါ။ ပြည်သူတွေကတော့ မအလနဲ့ ပတ်သက်နေတဲ့ အကြမ်းဖက်သမားတွေကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့အညီ တိုက်ကြရမှာပါ။

လောကမှာ သေနတ်နဲ့ ကြေညာချက်ထုတ်ရင် အဆင်ပြေပါတယ်။ မအလသူ့ဝန်ထမ်းတွေကို ဘယ်လောက်ကာကွယ်မှုပေးနိုင်မလဲဆိုတာ စိတ်ဝင်စားစရာပါ။

 
 
 

Recent Posts

See All
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 
နန်းတွင်းမှာ မအလထိသွားလား?

သတင်းတွေဟာ တော်လှန်ရေးအဖွဲ့တွေက လိုင်းပေါ်မှာတက်ရေးတာကသာ ပေါက်ကြားတာ များလေ့ရှိပါတယ်။ တပ်ထဲမှာ မအလက သူဘယ်သွားမလဲဆိုတာကို စရဖရဲဝင်းဦးကနေသာ ပြောလေ့ရှိပါတယ်။ သူ့သက်တော်စောင့်တပ်ကသာ သိပါတယ်။ ဝန်ကြီးတွေကို

 
 
 
ဗင်နီဇွဲလား၊ အီရန်မှသည် နေပြည်တော်သို့

သူခိုးတွေဟာ ဘယ်ရဲက တကယ်ဖမ်းလဲဆိုတာသိသလို အာဏာရှင်တွေကလဲ ဘယ်သူက သူတို့ကို အန္တရာယ်ပေးနိုင်လဲဆိုတာ သိကြပါတယ်။ ယခုရေးမှာက စစ်ရုံးအတွင်း ကမ္ဘာ့အရေးကိုမြင်ပုံ ချဉ်းကပ်ပုံပါ။ ကမ္ဘာပေါ်က ကုလလူ့အခွင့်အရေးညီလာ

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Oct 19, 2021

ဦးမြတ်!!NUGက ဟုတ်မှန်ရာကို တစ်ခွန်းဆို ဆိုသလောက် ခရီးပေါက်အောင် ပြောဆိုနေချိန် သည်ဖက်မှာ မာယာတစ်သိန်းနဲ့ နတ်သံနှော ရှင်းပြပြောဆိုနေရမှုသည် NUG၏ အောင်မြင်မှုဟု ဆိုပါရစေ။

အထင်ရှားဆုံးလုပ်ရပ်များ

**နွေဦးထီ~အောင်မြင်လိုက်တာများ ပြောမယုံ ကြုံဖူးသူတွေ သိသွားကြပါသည်။

**ငွေတိုက်စာချုပ်။ သည်ဖက်က ကဗျာကရာနဲ့ ရွှေစက္ကူ တဲ့။

အရည်အချင်း ဆိုသည်မှာ လုပ်ယူ၍ မရပါ။

ဟိုတလောက

ဦးရည်မွန် တနေရာမှာ ထမင်းကိုယ်တိုင်ကြော်စားနေသော ပုံ တွေ့လိုက်ရပါသည်။

အေး အတူ ၊ ပူ အမျှ

တစိတ်တဝမ်း မခွဲတမ်းတည့်။

သို့ပါ၍ UNITED GOVERNMENTဟု

ခေါ်ဆိုခြင်းဖြစ်ပါသည်ဟူ၍။။ ။


*

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page