top of page
Search

NUG ကို ဒါတွေကြောင့်ကြိုက်တာ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Sep 25, 2021
  • 1 min read

NUG က ခုခံစစ်ကြေညာချိန်မှာ ဝေဖန်သူက မျိုးစုံပါ။ အချိန်စောတယ်ပြောသူရှိသလို နောက်ကျတယ်ပြောသူလဲရှိပါတယ်၊ DASSK ကိုတောင် ဝေဖန်ခဲ့သူများရှိလို့ NUG လောက်တော့ ဝေဖန်မှာပါ။ ရခိုင်မှာ AA ဆိုတာဖြစ်ဖို့ ဆယ်နှစ်လောက်ကြာခဲ့ပါတယ်။ ဘယ်ပြည်သူမှ မအ်ကို ဆယ်နှစ်မစောင့်နိုင်ပါ။ အရေးကြီးတာက သွားနေတဲ့လမ်းကြောင်းမှန်ဖို့ပါ။ ဥပမာ ရန်ကုန်ကနေ မန္တလေးကိုသွားမယ်ဆိုရင် လေယဉ်နဲ့သွားသွား လမ်းလျှောက်သွားသွား ရန်ကုန်ကနေ မန္တလေးကို ဦးတည်သွားဖို့က အဓိကပါ။ မန္တလေးသွားရမှာကို မွန်ပြည်နယ်ဘက်သွားရင်တော့ တမျိုးပေါ့။ ယခု NUG က လမ်းမှန်နေပါတယ်။

မအလဟာ NUG နဲ့ပေါင်းသူ PDF ထောက်ခံသူအိမ်ကို ပြည်သူပိုင်သိမ်းမယ်လို့ ကြေညာပါတယ်။ပြီးရင် တပ်ထဲကနောက်လိုက်ခွေးတွေက ဝေယူမယ်ပေါ့။ ဟိုနေခြည်ဦးအဖေတို့ ကျော်ဇေယျတို့လုပ်ခဲ့တဲ့အချိုးအတိုင်း ပြည်သူ့မြေတွေ အိမ်တွေကိုသိမ်းပြီး အမြတ်ထုတ်ဖို့ကြိုးစားမလို့ပါ။ ဒါကို ဒီနေ့မှာ NUG က အဆိုပါအိမ်တွေကိုအောက်စျေးနဲ့ဝယ်ယူသူတွေထံက ပြန်သိမ်းမယ်လို့ စာထွက်လိုက်တာဟာ အင်မတန်ကောင်းတဲ့ ကြေညာချက်ပါ။ ကြိုဆိုပါတယ်။ ခရိုနီတွေအချောင်သမားတွေ ဝယ်ထားဖို့ကြံနေသူများ လုပ်ရဲရင်လုပ်လိုက်ပါ။ NUG ကို လေထဲကလို့ထင်နေရင် လုပ်လိုက်ပါ။ မင်းတို့ရဲ့ ပြောခွင့်ရဇော်မဲလုံးအမေတောင် ပြေးနေရတာ မမေ့ပါနဲ့။ ချိတ်ပိတ်သူတွေထိမှ တာဝန်အရလို့မပြောပါနဲ့။ ပြည်သူတွေရဲ့ ကျည်ဆန်ကလဲ တာဝန်အရပါဘဲ။ ယခုရန်ကုန်မှာ ယဉ်ထိန်းရဲတောင် တပ်အစောင့်နဲ့ လမ်းရှင်းနေရရင် မအလအခြေအနေကို မင်းတို့သဘောပေါက်မှာပါ။

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Sep 25, 2021

ဦးမြတ်!!ပုံလေးက အသက်ပါ။

**မကြုံဖူးခဲ့တဲ့ အဖြစ်တွေရယ်

~သည်လိုလူကို လွှမ်းမိုးထားတော့ခက်တယ်။

~ဒါပေမယ်လည်း မေရယ်

~အရင်အချိန်တွေကို တမ်းတလို့ မရဖူး

~မောင်ငိုမယ် (စက်တင်ဘာ) မိုးသည်းထဲမှာကွယ်။


**ဒုက္ခတွေကများ ဗုဒ္ဓ ကယ်ပါ့ဘုရား။

~ဘယ်ဆီ ရှေးကြမ္မာဝဋ်ဆိုးကြောင့်လေ

~သည်လူသား ဘဝမှာ မငြိမ်းချမ်း ဆူးခင်းသောလမ်း လျှောက်လှမ်း


~အခြေမဲ့ခဲ့သူလေ မြေနိမ့်ဘဝမှာနေ

ငွေဆိုတာဘယ်မှာရှိနိုင်ပေ ဘယ်သူမှမသိကြပေ

~ဆူးခင်းလမ်း လျှောက်ကာနေ

~ကံကြမ္မာနိမ့်ခဲ့သူလေးရဲ့ ဘဝဟာလေ


**နေရောင် တောင်စွယ်မှာ ကွယ်ရင်လေ

**ငွေလမင်းလေး ထွန်းလင်းလာမယ်လေး။


တချိန်တခါဆီက ပျဥ်းမနားနှစ်ကျိပ်ရှစ်ဆူဘုရားပွဲမှာ E Machine အဖွဲ့နှင့်အတူ

အောင်မြင်ကျော်ကြားခဲ့သော (ဦး)စိုးပိုင်၏ သီချင်းများကို သီတင်း ကျွတ် ခါနီးပြီမို့ မေ့နေသူများ ပြန်လည်သတိရစေခြင်းငှါ တင်ပြအပ်ပါသည်။


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page