top of page
Search
  • Writer's pictureMyat Tun Oo

NUG ကစားကွက်စပြီ


မနေ့က ကိုမင်းကိုနိုင်က RFA နဲ့ အင်တာဗျူးမှာ သူတို့ဘာလုပ်နေပြီ ပြည်သူတွေက ဘာလုပ်ရမယ်ဆိုတာ အတိအလင်း ပြောသွားခဲ့ပါပြီ။ တချိန်ထဲမှာ ဆရာဇော်ဝေစိုးရဲ့ ကျန်းမာရေးနဲ့ ပညာရေးဝန်ကြီးဌာနကလဲ သစ္စဖောက်စာရင်းတွေကို စတင်ကြေညာလာပါပြီ။ ဖက်ဆစ်တပ်နဲ့ပေါင်းတဲ့ဆေးရုံအုပ်ကြီးတွေ တိုင်းကျန်းဦးစီးမှူးတွေဟာ သစ္စာဖောက်တွေမိုလို့ သူတို့ကို ဘာလုပ်ရမလဲဆိုတာပြည်သူက သိပြီးသားဖြစ်မှာပါ။ ဥပမာ ဗိုလ်ကတော် ကူးစက်ရောဂါက ခင်ခင်ကြီးနဲ့ စစ်ကောင်စီအတွင်းရေးမှူး အောင်လင်းဒွေးညီမ မန္တလေးဆေးရုံအုပ်ကြီး စုစုဒွေးဆိုရင် သစ္စာဖောက်လဲဖြစ် ဖက်ဆစ်တပ်နဲ့ ပတ်သက်သူလဲဖြစ်လို့ ဒန်ပေါက်ကျွေးနိုင်ရင် တစ်ချက်ခုတ် နှစ်ချက်ပြတ်ပါ။ သူတို့ဟာအာဏာသိမ်းစစ်ကောင်စီနဲ့ အလုပ်တွဲလုပ်လို့ တိုင်းပြည်ပုန်ကန်တာဖြစ်လို့ သေဒဏ်အထိ အပြစ်ပေးလို့ရပါတယ်။ ဘယ်လောက်အထိ အပြစ်ပေးမလဲဆိုတာက ပြည်သူကသာ ဆုံးဖြတ်ရမှာပါ။

မနေ့ကလဲ ပိုက်လိုင်းစောင့်ရဲအထိ သုတ်သင်ရှင်းလင်းနိုင်တာဟာ ပြည်သူတွေရဲ့ ရဲစွမ်းသတ္တိကိုပြသွားတာပါ။ ဖက်ဆစ်တပ်အချင်းချင်း လုပ်တယ်ဆိုရင်လဲ ကြိုဆိုပါတယ်။

ဒီနေရာမှာ NUG က တပ်ဖွဲ့တာကြာလို့ အားမရသူများကိုပြောချင်တာက ဗိုလ်ချုပ်အောင်ဆန်းတောင်ရဲဘော်သုံးကျိပ်အတွက် နှစ်နှစ်နီးပါး အချိန်ယူခဲ့ရပါတယ်။ ယခု NUG က သုံးလအတွင်းမှာ အများကြီး လုပ်နိုင်ခဲ့ပါပြီ။

ပြည်သူတွေက သပိတ်မှောက်လိုက် ဘယ်ကမှန်းမသိ ဗုံးဖောက်လိုက်နဲ့ တပ်ကလုံခြုံရေးသမားတွေရူးကြောင်ကြောင်တောင် ဖြစ်လာနေပါပြီ။ သူတို့ကို ရန်ကုန် မန္တလေးမြို့ပေါ်မှာပါ ဒန်ပေါက်များများကျွေးနိုင်ရင် စိတ်ဓာတ်ပါ ကျလာမှာပါ။ သူတို့အလိုတော်ရိ ဝန်ထမ်းတွေကိုပါ ဒန်ပေါက်ကျွေးနိုင်ရင်သူတို့ဖွဲ့စည်းပုံ ပျက်ပါပြီ။

အင်္ဂလိပ်ဟာ သီပေါမင်းကို ဖမ်းရတာလွယ်ပေမယ့် မြန်မာလူမျိုးတွေရဲ့ ပုန်ကန်မှုကို နှိမ်နင်းရတာက ပိုခက်ခဲ့ပါတယ်။ ယခုပြည်သူတွေက ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုးပြီး လုပ်နေတာတွေက ဖက်ဆစ်ဂျပန်ကို တော်လှန်ခဲ့စဉ်ကထက်တောင် သာနေတာတွေ့ရပါတယ်။ ယခင်က ရခိုင်ကိုမသွားရဖို့လာဘ်ထိုးရာကနေ ယခုကချင် ကရင်မသွားရရေးပါ လုံးပန်းနေရပြီး ပြည်သူတွေကသာ ဆက်လက်ဒန်ပေါက်ကျွေးနိုင်ရင် သူတို့ရဲ့ အဖြူရောင်နယ်မြေဟာ နေပြည်တော်သာ ဖြစ်သွားပါလိမ့်မယ်။

ယခုစရဖအတွက် ခက်နေတာက ပြည်သူတွေက မိမိအသိစိတ်ဓာတ်နဲ့ အပြိုင်အဆိုင် မြိုင်မြိုင်ဆိုင်ဆိုင်နေရာအနှံ့ ဒန်ပေါက်ကျွေးနေလို့ ဘာမှလုပ်မရဘဲ မြင်မြင်သမျှ လိုက်ဖမ်းနေရတာပါ။ တကယ်လုပ်သူကို ဖမ်းမမိဖြစ်နေတာပါ။

စာရေးသူကတော့ ပြည်သူတွေ ယခုပုံစံအတိုင်း ဆက်တိုက်နိုင်ရင် အောင်ပွဲက မဝေးတော့ပါလို့ ပြောပါရစေ။ အရေးတော်ပုံ အောင်ရမည်။

81 views2 comments

Recent Posts

See All
bottom of page