top of page
Search

Non CDM က ဒလန်လား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Apr 14, 2022
  • 1 min read

နန်းတွေက ဒလန်လား CDM မလုပ်တာနဲ့ ဒလန်လားလို့ အချို့ကမေးပါတယ်။ နောက်မေးခွန်းက နန်းဖြစ်တာနဲ့ ရှင်းရမှာလားဆိုပြီးလဲ ထပ်မေးပါတယ်။ သူတို့က ပိုက်ဆံမရှိလို့ လုပ်တာပါ။ အချို့ကကြောက်လို့လုပ်တာပါဆိုပြီး ဆင်ခြေပေးသူများလဲရှိကြပါတယ်။ ဒီမေးခွန်းက အင်မတန်ကောင်းပါတယ်။ စာရေးသူအနေနဲ့က Non CDM ဆိုရင် ဒလန်လားဆိုတဲ့မေးခွန်းကို Yes (သို့) No ဆိုပြီး မဖြေလိုပါ။ ဥပမာပေးပြီး ဖြေပါ့မယ်။

ပထမမေးခွန်းက Non CDM တိုင်းက ဒလန်မဟုတ်နိုင်ပါ။ တပ်ထဲမှာလဲ ဖရဲသီးရှိနိုင်ပါတယ်။ ဥပမာစာရေးသူကိုယ်တိုင်က နန်းဖြစ်နေသေးလို့ပါ။ စာရေးသူက ကြောက်လို့ မအလလက်အောက်မှာ နေနေတာမဟုတ်ဘဲ စာရေးသူရဲ့ ခံယူချက်အရ အရေးကြီးတယ်လို့ ခံယူထားတဲ့ ဒီမိုအချို့ရဲ့ လုံခြုံရေးအတွက် ဆက်နေနေတာပါ။ ဒါဆိုရင် စာရေးသူကို PDF က တွေ့ရင် မသတ်ရဘူးလား? မိုင်းမထောင်ရဘူးလား? စာရေးသူရဲ့ မိသားစုအိမ်ကို စာရေးသူလည်ချိန် ဘာမှမလုပ်ရတော့ဘူးလား? သာမန်ပြည်သူအနေနဲ့ PDF အနေနဲ့ စာရေးသူဘယ်သူဆိုတာ မသိနိုင်ပါ။ မအလတပ်သား ၁၀၀ မှာ ၉၅% က စစ်ခွေးဖြစ်နေဖို့ သေချာနေမှာပါ။ ၅% ကသာ သတင်းပေးဖရဲသီးပါ။ ဒါကြောင့်မိုလို့ PDF တွေအနေနဲ့ပစ်ရင်၉၅% က စစ်ခွေးဖြစ်နိုင်ပြီး ၅ % သာ ဖရဲသီးဖြစ်မှာပါ။ ဒါကြောင့် စာရေးသူကို အပြင်မှာတွေ့ရင်တောင် မိုင်းဖောက်စရာရှိတာဖောက် မုန့်ဟင်းခါးကျွေးစရာရှိတာကျွေးပါ။ စာရေးသူရဲ့ မိသားစုကအထဲမှာမရှိလို့ သူတို့တော့ မပါနိုင်ပါ။ ဒါပေမယ့် စာရေးသူကို အရပ်သားတွေနဲ့ ရောတွေ့နေလဲ လုပ်စရာရှိတာကို ပြတ်ပြတ်သားသားလုပ်ပါ။ ဒီဥပမာက ရင်ထဲမကောင်းပေမယ့် မိမိအသက်နဲ့ရင်းပြီး ပေးတဲ့ ဥပမာပါ။

ဒါဆိုရင် အခြားနန်းတွေဘက် လှည့်ပါမယ်။ နန်းဆရာဝန်တွေဟာ CDM ဆရာဝန်တွေနေရာမှာဆေးခန်းရှာအမြတ်ထုတ်နေသလို ခင်ခင်ကြီးကလဲ ဒုက္ခလိုက်ပေးနေတာပါ။ ထွေအုပ်၊ အရန်မီးသတ်တို့ဟာလဲ အိမ်တွေချိတ်ပိတ်ရာမှာ ဒီမိုတွေကိုဖမ်းရာမှာ ပါနေသူများပါ။ ပညာရေးမှူး နန်းက CDM ဆရာမတွေကို ဒုက္ခပေးတာရှိသလို EPC နန်းကလဲ မီတာခပိုတောင်း လိမ်တောင်းတာတွေလုပ်ပါတယ်။ဗဟိုဘဏ်နန်းကလဲ ပြည်သူ့ပိုက်ဆံတွေသိမ်းပါတယ်။ ဒါကြောင့် သူတို့ဟာလဲ ဒလန်တွေပါ။ သူတို့ကိုမရှင်းရင် သူတို့ကကိုယ့်ကိုပြန်ရှင်းသွားမှာပါ။

အချို့နေရာတွေ ဥပမာ ရန်ကုန်/မန္တလေးမြို့ပေါ်မှာ မအလတပ်ကြောက်ရလို့ နန်းဆိုရင်တောင် ကြံဖန်လက်ခံနိုင်ပေမယ့် စစ်ကိုင်းနဲ့ ကယားမှာ နန်းဆိုရင်တော့ ဒလန်ပါ။

အကျဉ်းချုပ်ရရင် နန်းအချို့က ဒလန်မဟုတ်နိုင်ပေမယ့် အများစုက ဒလန်စိတ်မိုလို့ လုပ်စရာရှိတာလုပ်ကြပါလို့သာ ပြောပါရစေ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

1 Comment


Nay Nann myint
Nay Nann myint
Apr 14, 2022

ဆရာ့ကိုတောင်မှ မုန့်ဟင်းငါးကျွေးသင့်

ရင်ကျွေးပါလို့ဆိုထားတဲ့အတွက်

အမှန်ဘက်က ပြည်သူများကိုယ်စား

ဆရာ့ရဲ့ ပြည်သူ့အပေါ်ထားတဲ့ သစ္စာကို

လေးစားဂုဏ်ယူပါတယ်ဆရာ

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page