top of page
Search

No Vote မဲမပေးရေးကို ဘာကြောင့်လှုပ်ရှားနေလဲ

Writer: Myat Tun Oo
Myat Tun Oo
Jul 19, 2020
1 min read

ရွေးကောက်ပွဲမှာ မဲပေးတယ်ဆိုတာ ဒီမိုနိုင်ငံက ပြည်သူတွေရဲ့ အဓိက အခွင့်အရေးပါ။ စာရေးသူတို့လို၇၅% သာရွေးကောက်ခွင့်ရှိတဲ့ နိုင်ငံမှာပိုလို့တောင် မဲပေးဖို့လိုပါတယ်။ မိမိကြိုက်ရင် ထောက်ခံမဲပေး မကြိုက်ရင် မိမိကြိုက်တဲ့ ကိုယ်စားလှယ်ကိုမဲပေးပေါ့။ ယခုလို ပြည်သူတိုင်းကို မဲလာပေးဖို့မဲဆွယ်ရင်တောင် အချို့နေရာတွေက မဲပေးဖို့ ခက်နေအုံးမှာပါ။


ဒါဆိုရင် ဘာကြောင့် No Vote မဲမပေးရေး လှုပ်ရှားမှုကို လုပ်နေကြတာလဲ? ဒီဟာက တပ်ချုပ်ကြီးရဲ့ဂျပန်နဲ့အင်တာဗျူးမှာပြောခဲ့တဲ့ မဲလာပေးသူနည်းရင် ရွေးကောက်ခံရတဲ့ ကိုယ်စားလှယ်ရဲ့ တရားဝင်မှုကို မေးခွန်းထုတ်လို့ရအောင် တမင်လုပ်နေတာပါ။ ဖွတ်နဲ့ တပ်ချုပ်ကြီး မအလတို့ဟာ ကိုဗစ်ကြောင့်သူတို့မဲရှုံးမယ်ဆိုတာကို သိနေကြပါတယ်။ ရန်ကုန်စည်ပင်ရွေးကောက်ပွဲမှာ ဖွတ်တွေက အရွေးမခံဘဲNLD လူဟောင်းကအစ နိုင်ငံခြားပြန်အကုန် တပ်နဲ့သိတဲ့ မော်ဒယ်ကအစ အားကုန်သုံးပြီး လုပ်ခဲ့ပေမယ့် မဲပေးသူနည်းတာတောင် သူတို့ရှုံးခဲ့ပါတယ်။ ဒါဟာ ကိုဗစ်မဖြစ်ခင် ICJ မရောက်ခင် အခြေအနေပါ။

ယခုကိုဗစ်ဖြစ်တော့လဲ ကာလုံခေါ်ရမယ်လို့ အသေတွက်ထားခဲ့တာပါ။ ရခိုင်ကိစ္စမှာ ကာလုံမခေါ်ဘဲDASSK က ကိုင်တွယ်ခဲ့လို့ သူ့ဒုတပ်ချုပ်က တိုက်ရတော့မယ်ဆိုပြီး ဖိအားပေးမှ သူတိုက်ခဲ့တာပါ။ ကိုဗစ်မှာ DASSK က Facebook ပေါ်တက်လာခဲ့တာဟာ သူတို့နောက်ဆုံးအလဲထိုးခံလိုက်ရတာပါ။

ယခု “မဲမပေးရေးလှုပ်ရှားမှု No Vote “ ကိုလဲ စရဖရဲ့ တန်ပြန်ထောက်လှမ်းရေးက ငွေကြေးထောက်ပံ့ပြီးလုပ်နေတာပါ။ ဒါက အဘရဲ့ လမ်းညွှန်မှုကို အကောင်အထည်ဖော်ဖို့ပါ။ ဒါမျိုးက အဘက စာနဲ့ညွှန်ကြားစရာမလိုပါ။ အလိုက်တသိ လုပ်ရတာပါ။ ဟိုကျောင်းသားမဂ္ဂတောင် နေဝင်းလိုလို အောင်ကြီးကဖားပြီး လုပ်သလိုနဲ့ လုပ်ခဲ့သေးတာပါဘဲ။ အခြားအဖွဲ့ကတော့ တိုင်းရင်းသားအစွန်းရောက်အချို့ကိုမြှောက်ပေးပြီး ဗိုလ်ချုပ်အောင်ဆန်းမကောင်းကြောင်းတွေကို တိုင်းရင်းသားတွေက ပြောသလိုလုပ်ပြီး လူမျိုးရေးဖြစ်အောင် ဆွပေးပါလိမ့်မယ်။ ဘာသာရေးကိုတော့ မဘသနဲ့ YMBA က တာဝန်ယူမီးမွှေးပါလိမ့်မယ်။ ချစ်သုဝေတို့ကို အမှုစွဲထားတာက သူတို့က NLD ကို မဲမဆွယ်ပေးနိုင်အောင်နဲ့ဘာသာရေးမီးကို မွှေးထားတာပါ။ ဒါမှမရသေးရင် အချို့ NLD က ကိုယ်စားလှယ်အဟောင်းကိုပြည်ထဲရေးက ပယ်လို့မရပေမယ့် အသစ်တွေထဲက နောက်ကြောင်းမကင်းရင် ကိုင်ပါမယ်။ သူ့လူကိုဝန်ကြီးခန့်ပြီးသားပါ။

ဒါက အဘရဲ့ နောက်ဆုံးထွက်သက်ပါ။ အဘဟာ ၂၀၂၁ မှာ ထွက်ရမှာမို့ သူဟာ တတ်နိုင်သလောက်နည်းပေါင်းစုံသုံးပြီး သမ္မတဖြစ်အောင်ကြိုးစားမှာပါ။ ပြည်သူများအနေနဲ့က မဲထွက်ပေးပြီး စစ်အာဏာရှင်အလိုမရှိကြောင်း ပြကြပါလို့ ပြောပါရစေ။ စာရေးသူကတော့မဲပေးဖြစ်အောင်ပေးပြီး NLD ကိုသာမဲပေးမှာပါ။


Video credit: အကုန်သိ

 
 
 

Recent Posts

See All
အသံဖိုင်အတု

ထွက်လာတဲ့ အမေစု အသံဖိုင်က အတုပါ။ ဒါက ဘာကိုပြသလဲဆိုတော့ ယခင်က ခဏခဏရေးခဲ့သလို မအလက အမေစုကို NUG/PDF မကောင်းကြောင်းပြောစေလိုပေမယ့် အမေစုက လုံးဝမပြောလို့ အသံဖိုင်အတုကို စရဖက လုပ်ကြံတာပါ။ စရဖဟာ စန္ဒာမင်းမှ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page