top of page
Search

NLD လျှပ်စစ်မီးရအောင် ဘယ်လိုဆောင်ရွက်ခဲ့လဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Oct 23, 2020
  • 1 min read

ree

အဘနဲ့ သူတို့ကို ထောက်ခံသူတွေ ပြောလေ့ရှိတာက အဘတို့က စီမံခန့်ခွဲမှုကောင်းတယ်ပေါ့။ ဒါပေမယ့် မြန်မာပြည် လွတ်လပ်ရေးရချိန်ကနေ ၂၀၁၆ ဘစိန်လက်ထက်အထိ မြန်မာနိုင်ငံရဲ့ ၃၄% သာမီးရရှိခဲ့ပါတယ်။ အင်္ဂလိပ်ကနေ ဒီမိုအစိုးရလက်ထက် ၁၉၆၂ အထိ မီးလင်းတာကို ၁၄% သာထားပြီးတွက်ချက်ရင်တောင် ၁၉၆၂-၂၀၁၆ စစ်အစိုးရနဲ့ ဘစိန်ပေါင်း ၅၄ နှစ်အတွင်းအုပ်ချုပ်ချိန်မှာတောင်၂၀% သာ မီးရအောင် လုပ်နိုင်ခဲ့တာပါ။ NLD အစိုးရလက်ထက် ၂၀၁၆ ကနေ ၂၀၂၀ အတွင်းမှာ နိုင်ငံရဲ့ ၅၄% မီးရခဲ့လို့ လေးနှစ်အတွင်းမှာ ၂၀% တိုးတက်ခဲ့ပါတယ်။ အဘရဲ့ ၅၄ နှစ်လုပ်ခဲ့ရတာက NLD လေးနှစ်လုပ်တာနဲ့ သွားညီတာကို တွေ့ရပါတယ်။ အဲ့ဒီလို လုပ်ရတာ NLDအတွက်လွယ်လား?


ပုံမှန် တရုတ်၊ လာအိုနဲ့ ဗီယက်နမ်ဆို လျှပ်စစ်ကို ရေအား၊ ကျောက်မီးသွေး ကြိုက်တာနဲ့ထုတ်လို့ရပြီးဆန္ဒပြရင် ဖမ်းလိုက်တာပါ။ မြန်မာပြည်ကတော့ ခက်ခဲပါတယ်။ ဥပမာ ရေအားလျှပ်စစ်လုပ်မယ်ဆိုရင် တရုတ်ကလုပ်ရင် အနောက်ကထောက်ပံ့တဲ့ NGO က ဒေသခံနဲ့ပေါင်း ဆန္ဒပြသလိုကျောက်မီးသွေးလဲ သဘာဝသမားက ဆန္ဒပြပါတယ်။ မီးမလာရင်လဲ ဆန္ဒပြမှာပါ။ NLD အစိုးရကိုလုပ်ရခက်အောင် ခွချက်ထားတာပေါ့။


ဒီနေရာမှာ NLD အစိုးရက အစိမ်းရောင်စွမ်းအင် Green energy လို့ခေါ်တဲ့ နေရောင်သုံးနဲ့သဘာဝဓာတ်ငွေ့ကနေ လျှပ်စစ်ထုတ်ဖို့ ကြိုးစားလာခဲ့ရပါတယ်။ မီတာခတက်တာဟာ နိုင်ငံရေးအရဩဇာကြီးတဲ့ DASSK မိုလို့ လုပ်နိုင်ခဲ့တာပါ။ သာမန်အစိုးရလက်ထက်သာလုပ်လို့က ဆန္ဒပြပွဲ အကြီးကြီးတွေ ဖြစ်သွားမှာပါ။ ယခုမီတာခကြောင့် မီးပေးနိုင်တာက အလျှင်အမြန် တိုးတက်လာမှာပါ။

NLD အစိုးရကြောင့် ၁၉-၁၀-၂၀၂၀) (12:32)အချိန် မှာ အနိုင်းပွန်ကျေးရွာအုပ်စု၊ အင်းဗျားရွာလျှပ်စစ်မီးလင်းလို့ ကျေးရွာက ဝမ်းသာနေကြတာကို တွေ့ရတာဟာ ပီတိဖြစ်စရာပါ။ တချိန်ထဲမှာဘဲအင်းဗျားရွာမှာ လွတ်လပ်ရေးရကထဲက မရှိခဲ့တဲ့ ရွာချင်းဆက် ကွန်ကရစ်လမ်း ကို မကြာခင်ပွင့်လင်းရာသီမှာ ဆောင်ရွက်နိုင်တော့မှာဖြစ်ပါတယ်။ ဒါတင်လားဆိုတော့ မဟုတ်သေးပါ။၂၀-၁၀-၂၀၂၀)ညနေ (၅)နာရီအချိန် မှာလဲ အနိုင်းပွန်ကျေးရွာအုပ်စု၊ အုတ်ဖိုရွာ လျှပ်စစ်မီးလင်းခဲ့ပါတယ်။ NLD က တစ်နေ့တစ်ရွာ မီးရနေသလိုပါ။ ပီတိဖြစ်ရပါတယ်။

ပြည်သူတွေ စဉ်းစားရမှာက တစ်တိုင်းပြည်လုံး ၁၀၀% နောက်ဆယ်နှစ်မှာ မီးရချင်ရင် NLD ကို မဲပေးရမှာဖြစ်ပြီး နှစ် ၅၀ မှာမှ ၂၀% လောက်သာ မီးထပ်တိုးရချင်ရင်တော့ အဘတို့ကို ပေးပါလို့ပြောပါရစေ။

Photo credit: Chair NLD, Khin Naing Oo, Tesla Solar

 
 
 

Recent Posts

See All
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 
NUG သတင်းက စိုးရိမ်စရာလား?

ပထမဆုံးပြောချင်တာက စာရေးသူဟာ ကွီးဖြိုးကိုထောက်ခံခဲ့သူဖြစ်ပြီး ကြည်ပြာတို့ နေဘုန်းလတ်တို့ရဲ့ ပရိသတ်မဟုတ်ဘူးဆိုတာပါ။ ဒီနေရာမှာ အချို့က NUG မှာ ဒီလိုဖြစ်တာက NUG ဝိုင်းထောက်ခံသူတွေကြောင့်ဆိုပြီး ရေးကြပြော

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Oct 24, 2020

ဦးမြတ်! ကြားဖူးခဲ့၍ နားဝ ခဲ့သော

ဆောင်ပုဒ်ပါ။

လျှပ်စစ်ဖြင့် လောကနိဗ္ဗာန် တည်ဆောက်အံ့။


၁၉၉၈ ၉၉ ၂၀၀၀ ဝန်းကျင်ခန့်။ လဘက်ရည်ဆိုင်၊စားသောက်ဆိုင်၊ စတိုးဆိုင် နဲ့ တတ်နိုင်သူများထံမှာ တရုတ်မီးစက် တဒုံးဒုံး၊၊ ရပ်ကျေးမှာလည်း ဘက်ထရီ အလုံးအလုံး၊

ဖယောင်းတိုင်စျေးက တပြုံးပြုံး။

ဆီစျေးက ကောင်း၊ လျှပ်မီးက ညောင်း ၊ အ ​ေ ခြခံ လူစု လျှပ်အတွက် ငွေဒုက္ခနှင့် တွဲဖက်ခဲ့ရဘူးသည့်ကာလဖြစ်တည်ခဲ့ဖူးပါသည်။

၂၀၁၀-၂၀၁၂ ကာလ၊ ဖခင်၏ နှလုံးရောဂါကုရန် ရွှေဂုံတိုင်ရှိ SSC သို့ သွားရောက် ပြသတိုင်း၊ ဗန္ဓုလပန်းခြံလမ်း(ဘားလမ်း)တည်းခိုခန်းတခုမှာ အမြဲတည်းခိုခဲ့ရပါ၏။နေ့ဖက် ဆေးရုံမှာတော့ အပူဒါဏ် သိတ် မခံစားရ။ ညဘက် တည်းခိုခန်းပြန်ရောက်၊ အိပ်ကောင်းချိန်၊ မီးပျက်ပြီ ဆိုမှဖြင့် အဲ လည်း မကွန်း ၊ လူလည်း နွန်း(နွမ်း)။ရောဂါအခံရှိသူဖခင်မှာ ချွေးတလုံးလုံးနဲ့ လန့် နိုး။

ဖတ်လက်စ ဂျာနယ်တစ်စောင်နဲ့ တဖြတ်ဖြတ် အေးအောင် ယပ်ပေးရ။ ည ၂ နာရီဆိုတော့၊ အားလုံးက အိပ်မောကျ။အော် ဒုက္ခ၊ဒုက္ခ ဟူ၍သာ။


**************************


၂၀၁၈ ၂၀၁၉ ၂၀၂၀

ပြောင်းလဲချိန်တန်၍ ပြောင်းလဲခဲ့ပါပြီ။ယခင်က သုံးခဲ့သော မီးဗို့အားမြှင့်စက်ကြီး ချောင်ထဲမှာ ထိုထားလိုက်ရပါပြီ။ တရုတ်မီးစက်လည်း အနိစ္စသဘော အရ တရားရသွားပါသည်။ ဖယောင်းတိုင်ဆိုတာ သီတင်းကျွတ် တန်ဆောင်မုန်း မီးထွန်းပူဇော်ရုံမျှသာ။

ရွာက မြို့ပေါ်အလုပ်လာလုပ်ကြသော အလုပ်သမားများ။ သူတို့၏ ဓာတ်မီး ၊ ဖုန်းများ ယခင်ကလို လျှပ်စစ်ဓာတ်အားသွင်းပေးရန်မလိုတော့။ရွာဆီထိ ခရီးပေါက် လျှပ်စစ်မီး ရောက်သွားသောကြောင့်။ ဘက်ထရီအိုး အားသွင်းစားသူများ လုပ်ငန်းသစ် ထူထောင်ရပါပြီ။ နာမည်ကြီး ဖယောင်းတိုင်လုပ်ငန်းရှင်ကြီး ရွှေဆိုင် လုပ်ငန်း ပြောင်းရွှေ့ လုပ်ကိုင်ရပါပြီ။ ဖယောင်းလုပ်ငန်းလုပ်တုန်းက အမြတ် များသလို ၊…


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page