top of page
Search

NLD အနေနဲ့ ဝရမ်းပြေးများကို ဘယ်လို ကိုင်တွယ်သင့်လဲ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Dec 28, 2020
  • 1 min read

NLD အစိုးရလက်ထက်မှာ ဖွတ်နဲ့ မဘသ ထောက်ခံသူများဟာ အစိုးရက တရားစွဲချိန်မှာ ဝရမ်းပြေးဖြစ်သွားခဲ့ပါတယ်။ ထင်ရှားသူ ဝီဝီနဲ့ ဘူးလက်လှဆွေတို့က ယခုမှ လာအဖမ်းခံလို့ အမှုက ကြာအုံးမှာပါ။

ယခုအချိန်အထိ ဦးကိုနီသတ်တဲ့အမှုမှာ ထမင်းဝအောင်စားထားဆိုပြီး လာပြောသူများဟာ ပုံမှန်သူတို့ကို တရားစွဲတဲ့ပုဒ်မနဲ့သာ တရားရုံးက ထောင်ချခဲ့ပြီး ဝရမ်းပြေးအမှုအတွက် ထောင်မချတာကို တွေ့ရပါတယ်။

ဖြစ်သင့်တာက အစိုးရအနေနဲ့ ဒီလူတွေကို ဘယ်မှာ ပုန်းနေလဲ စစ်ဆေးသင့်ပါတယ်။ ဖြေဆိုရန်ငြင်းဆန်ရင် အမေရိကန်မှာလို မနှိပ်စက်ဘဲ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ရန် ငြင်းဆန်မှု(obstruction of justice)နဲ့ ထောင်နှစ်ရှည် ဆက်ချသင့်ပါတယ်။ သူတို့က ဘယ်သူက ဝှက်ပေးတယ်၊ ကူညီတယ်လို့ပြောရင် အဆိုပါလူများကို ဖမ်းဆီးထောင်ချသင့်ပါတယ်။ သူတို့ပုံးနေတဲ့ နေရာ safe house များကိုပြည်သူပိုင်သိမ်းရပါမယ်။ ဝရမ်းပြေးများဟာ နေစရာ၊ စားစရာလိုအပ်ပါတယ်။ သူတို့ကို ဝှက်ပေးထားသူတွေကိုလဲ ဖမ်းရမှာပါ။

နောက်သူတို့ပုန်းနေတဲ့နေရာက ရဲတပ်ဖွဲ့ အကြီးအကဲတွေကိုလဲ အရေးယူရမှာပါ။ နောက် ဝရမ်းပြေးများကို လွတ်ငြိမ်းချမ်းသာခွင့်မှာ သမ္မတအနေနဲ့ ချန်ထားခဲ့ရပါမယ်။ ဝရမ်းပြေးများဟာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ မဆိုင်ပါ။

NLD အနေနဲ့ မိမိအစိုးရကို လာရမ်းသူများကို ပြတ်ပြတ်သားသားကိုင်လိုက်ချိန်တန်ပါပြီ။ NLD က မကိုင်ရင် သူတို့က ကိုင်သွားမှာပါလို့ သတိပေးပါရစေ။

News Credit: Myanmar Now

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Dec 29, 2020

ဦးမြတ်! မဟုတ်တာတွေ *ဝ*အောင်လုပ်ခဲ့ပြီး အ​ ​ေ ခြ ခံအကြောင်းတစ်ခုကြောင့် *ရမ်း*သမ်းပြီး *ပြေး*ပေါက်ရှာနေသူများသာ။

ခုမှ အမြင်ကောင်းအောင် အကောင်းမြင်သလိုလိုနဲ့ ပြန်ဝင်လာခြင်းမျှသာ။

အများစုကတော့ လက်ကမ်းမကြိုနိုင်ကြကြောင်း ကွန်မန့်များဖတ်ကြည့်ပါက သိရပါမည်။ အဘယ်ကြောင့်နည်း။ အမြင် မကောင်းသောကြောင့်!!!ဘယ်လိုအမြင်မကောင်းတာလဲ? ဝင် ဝင်ချင်း ဆောက်နဲ့ ထွင်း ဆိုသလို၊ ဘယ်သူမှ လူမထင် အချိုးနဲ့အများပြည်သူ မကြိုက်တဲ့ စရိုက်ဆိုးများကို ထုတ်ဖော်ပြသလျက်ရှိသောကြောင့်ပါ။

ပြည်သူမကြိုက်တဲ့ ထီးကိုဆောင်း၊ ပြည်သူကြည်ညိုသူကို ပုတ်ခပ် ၊ ငါနှင့် ငါသာနှိုင်းစရာ ဘဝင် အပုပ်များနှင့်!!!အကောင်းမမြင်နိုင်ကြသေးပါ။

အမြီးကောက်ကို ကျည်တောက်စွပ် ဖြောင့်လည်း ၊ မူလနဂိုအတိုင်း ကောက်မြဲ ကောက်ပါမည်။ ဝါသနာဗီဇ စွန့်ရန့် ခဲယဥ်းလှပါသည်။ အနာပေါက်ပြီးလျှင် အနိမ့်ဆုံး အမာရွတ်ဒါဏ်ရာတော့ကျန်ပါသေးသဖြင့် နာခဲ ခဲ ၊ နာစွဲနဲ့ ဆွဲပါလိမ့်ဦးမည်။ အများနာ ဆွဲ ၊ အဆွဲ မခံရအောင် လုံခြုံစိတ်ချရာမှာ တုပ်နှောင်ထားရန်လိုပါသည်။

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page