top of page
Search

NLD အစိုးရသစ်မှာ ဘယ်သူတွေ ရာထူးရမလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jan 20, 2021
  • 1 min read

ယခုအချိန်မှာ သာဝရဲ့ မဲကိစ္စက အရေးကြီးနေလို့ NLD အစိုးရဖွဲ့တဲ့ကိစ္စကို ခဏရပ်ထားခဲ့ပါတယ်။စာရေးသူဟာ DASSK ခန့်ထားသူများကိုသာ ထောက်ခံရေးသားလေ့ရှိပြီး ဘယ်သူ့ခန့်ပါ ဘယ်ဝါခန့်ပါလော်လေ့မရှိပါ။ စာရေးသူကွီးဖြိုးကို DASSK အပြီးမှာ ထောက်ခံပေမယ့် သူ့ကို ဘာပေးပါ ညာပေးပါလို့ လော်လေ့မရှိပါ။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူတွေက DASSK ကို ရွေးကောက်တင်မြှောက်ထားတာဖြစ်ပြီး သူမက သူမကြိုက်တဲ့လူကို ရွေးရမှာပါ။ ဒါက သူမရဲ့ လုပ်ပိုင်ခွင့်ပါ။ စာရေးသူဟာ သူမ မရွေးခင်မှာတော့ သူမရဲ့ လက်ရှိဘယ်ဝန်ကြီးကို ပြည်သူက ကြိုက်တယ် ဘယ်ဝန်ကြီးကိုတော့ မကြိုက်ဖူးဆိုတာ စစ်တမ်းနဲ့ တကွရေးပြခဲ့ပါတယ်။ ယခုသူမရဲ့ အစိုးရအဖွဲ့မှာ ဘယ်သူတွေပါမလဲဆိုတာ ပုံပေါ်လာနေပါပြီ။ ဒါ့ကြောင့် သိသလောက်ရေးပါ့မယ်။


ပြည်သူမကြိုက်သောလဲ ပြန်ပါမည့်သူများ

လက်ရှိဝန်ကြီး ဦးမင်းသူကို ပြည်သူ အများစုက မကြိုက်ပါ။ မထောက်ခံပါ။ ဒါပေမယ့် DASSK ကကြိုက်တဲ့အတွက် သူမရဲ့ အစိုးရအဖွဲ့မှာ ပြန်ပါပါမယ်။ သူဟာ စာရေးသူတို့ ဘာရေးရေး မပြုတ်ပါ။ခေတ်စကားနဲ့ဆိုရင် ခိုင်တယ်လို့ ပြောလို့ရပါတယ်။ သူလဲ နေပြည်တော်က တိုင်းမှူးအသစ်လိုပေါ့။

သာမန်ပြန်ပါမည့်သူများ

ဦးကျော်တင့်ဆွေ၊ ဦးကျော်တင်၊ ဦးသောင်းထွန်းတို့ဟာလဲ ပြန်ပါမှာ သေချာပါတယ်။


ပြုတ်ရန်သေချာသည့်သူများ

အလုပ်သမားဝန်ကြီး၊ စိုက်ပျိုးရေး၊ ပြန်ကြားရေးနဲ့ ပညာရေးဝန်ကြီးများပါ။

ပြည်သူကြိုက်ပြီး ပြန်ပါနိုင်သည့်ဝန်ကြီးများ

ဒေါက်တာဝင်းမြတ်အေး၊ ဒေါက်တာမြင့်ထွေး(သူဆက်လုပ်လိုရင်)

DASSK လိုအပ်ချက်အရ ခေါ်မည့်သူက ဒုဗိုလ်ချုပ်ကြီးကျော်ဆွေပါ။ ဒါပေမယ့် သူ့ကို တပ်ချုပ်ကအသစ်ဥပဒေနဲ့ အခြားတပ်ဥပဒေတွေနဲ့ သူအရေးယူလိုရင် နောက်ကြောင်းပြန် အရေးယူနိုင်ပါတယ်။

အသစ်ဝန်ကြီးက ဒေါ်စုစုလွင်ပါ။


သမ္မတဘယ်သူဖြစ်မလဲ

ဒါကလက်ရှိနိုင်ငံရေးအခြေအနေအရ လက်ရှိသမ္မတ ဦးဝင်းမြင့်ကို ဆက်ခန့်ခြင်းဖြင့် တပ်ကအတိုက်အခံလုပ်ရ ခက်သွားမှာပါ။ သူ့ကိုမခန့်ဘဲ အခြားလူကိုသာ DASSK က ရွေးခဲ့ရင် တပ်က ကန့်လန့်တိုက်ရတာ လွယ်သွားနိုင်ပါတယ်။ ဒါ့ကြောင့် လက်ရှိသမ္မတကိုသာ သမ္မတဆက်လုပ်စေခြင်းဖြင့်ငြင်သာစွာပြောင်းလဲ နိုင်ပါတယ်။ တပ်နဲ့ တအားအဆင်ပြေပြီး ၅၉(စ) ပြင်ပေးခဲ့ရင်တော့ DASSK ဟာသမ္မတ ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ဖြစ်နိုင်ချေ လက်ရှိမှာ နည်းပါတယ်။

နောက်ဒုသမ္မတကတော့ တိုင်းရင်းသားထဲကဖြစ်မှာပါ။ NLD ရဲ့အမာခံပါ။ ဘယ်သူဆိုတာရိပ်ဖမ်းသံဖမ်းသိပေမယ့် မရေးတော့ပါ။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဘယ်သူဖြစ်မလဲ?

ကွီးဖြိုးဟာ ရွေးကောက်ပွဲမှာ ဝင်မပြိုင်ခဲ့လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်မဖြစ်မှာ သေချာသွားခဲ့ပါပြီ။နောက်သူဟာ ဝန်ကြီးဖြစ်မယ့်စာရင်းထဲမှာလဲ မပါပါဘူး။ သူ့ကို ထွေအုပ်ဝန်ကြီးဆိုပြီး သတင်းအချို့ကရေးတာက NLD ထဲက ဆိုက်ဝါးသတင်းတွေပါ။ DASSK က ပုံမှန်မှာ ကိုမျိုးရန်နောင်သိမ်း ပြောခဲ့သလို အနားယူမယ်ပြောသူကို ပေးလေ့မရှိပါ။ ဒါ့ကြောင့် ကွီးဟာ DASSK ကမှ ရုတ်တရက် ထမရွေးရင် မပါဖို့ သေချာသွားပါပြီ။ စာရေးသူက သူ့ကိုထောက်ခံသူပေမယ့် သူ့ကို ဘာခန့်ပါ ညာခန့်ပါလို့ မလော်တာ စာဖတ်သူများ သတိထားမိမှာပါ။ သူ့ကိုထွေအုပ်ဝန်ကြီးဆိုပြီး ဆိုက်ဝါးသတင်းကိုလဲ မတင်ခဲ့ မရှယ်ခဲ့ပါ။ NLD က လူတွေ နိုင်ငံရေးသမားတွေဟာ နိုင်ငံရေးကို နိုင်ငံ့အရေးနဲ့လုပ်ကြတာဖြစ်ပြီးအာဏာကို မမက်ကြပါ။


ဒါဆို ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဟာ ဘယ်သူဖြစ်မလဲ? သတင်းအသွားအလာတွေ ကြည့်ရတာက ဦးရဲမင်းဦးသာ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဖြစ်ဖို့များပါတယ်။ သူ့ကို ပထမ Myanmar Now က သတင်းရေးအပြီးမှာ ပါတီက စစ်မလို အသံထွက်ပေမယ့် နောက်ပိုင်းမှာ အစိုးရကို ဘော်လီဘော ပုတ်လိုက်ပါတယ်။ နောက်ပိုင်းမှာ Myanmar Now သတင်းထောက်က ဦးဇော်ဌေးကို သတင်းစာရှင်းလင်းပွဲမှာ မေးရာမှာ သူက လွှတ်တော်ကို ထပ်ပုတ်လိုက်ပါတယ်။ ဒါ့ကြောင့် သူ့ကိုခန့်နိုင်အောင် ဟပေးထားတာဖြစ်ပုံရပါတယ်။ သူ့ကို စစ်နေတဲ့ ကိစ္စတစ်ခုက အခြားအဖြေမထွက်ခဲ့ရင် သူ့ကိုသာခန့်မှာပါ။ သူ့ကို ခန့်မခန့်က DASSK သာ ဆုံးဖြတ်မှာပါ။ အကယ်၍ အဆိုပါကိစ္စက အဖြေတစ်မျိုးထွက်ခဲ့ရင်တော့ အခြားလူထဲက တစ်ယောက်ပါ။ ဒီနေရာမှာတော့ ရန်ကုန်မိုလို့ မရေးတော့ပါ။ ဒီမိုစစ်စစ်ဆိုရင်တော့အကောင်းဆုံးပါ။


ရှမ်းပြည်လွှတ်တော်မှာတော့ NLD က SNLD နဲ့ အလုပ်တွဲလုပ်နိုင်မယ်လို့ ယူဆပါတယ်။ SNLD ကိုပြည်နယ်လွှတ်တော်ဥက္ကဌပေး၊ NLD က ပြည်နယ်ဝန်ကြီးချုပ်လုပ်ပြီး ဒီမိုတွေရဲ့ ညီညွတ်မှုကို ပြနိုင်မှာပါ။


ယခုအချိန်မှာတော့ သာဝကိုသာ ဂရုစိုက်ပါ။ ရေးပြတာက မှတ်တမ်းအနေနဲ့ပါ။ မှန်တာမှားတာကဧပြီလဆန်းမှာ သိမှာပါ။



 
 
 

コメント


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page