top of page
Search

NLD မှာ DASSK ကလွဲရင် ခေါင်းဆောင်ရှိလား

  • Writer: Myat Tun Oo
    Myat Tun Oo
  • Nov 16, 2019
  • 1 min read

NLD နဲ့ပတ်သက်ရင် စစ်တပ်နဲ့ သူ့ရဲ့အမျိုး မျက်ရည်ချုအကောင့်တွေက ဒီလိုပြောပြီး လူတွေကို ဝေဝါးအောင်လုပ်ကျတယ်။ သူတို့ပြောတာ မှန်မမှန် လေ့လာကြည့်ရအောင်။

၁။ NLD အဖွဲ့က လူတွေက ဒေါ်စုကလွဲရင် ပညာမတတ်ဘူး။

ပညာဆိုတာ အမှားအမှန် ခွဲခြားနိုင်မှုကို ခေါ်တာပါ။ မြန်မာပြည်မှာ စာရွက်ပေါ်က ဘွဲ့ကို ကြည့်ပြီးပြောကြပါတယ်။ လွှတ်တော်မှာ NLDအမှတ် စုစုပေါင်းရဲ့ ပျမ်းမျှ ၁၀ တန်းအောင်အမှတ်ဟာ စစ်တပ်ကကိုယ်စားလှယ်တွေထက်သာပါတယ်။ ဆရာဝန်တွေ NLD က ရွေးထားတာများလို့ပါ။ လွှတ်တော်မှာNLD အမတ်တွေရဲ့ ဘွဲ့အရေအတွက်ကိုကြည့်ရင်လဲ စစ်သားအမတ်ထက်များပါတယ်။

လွှတ်တော်ပြီး NLD ပါတီနဲ့ စစ်တပ် အဖွဲ့လိုက် ယှဉ်ကြည့်ရင်လဲ NLD ပါတီထဲမှာ စစ်တပ်ကထက် ဘွဲ့ရသူပိုများပါတယ်။ နိုင်ငံခြားက ဘွဲ့ရလာသူဆိုရင်လဲ NLD ကများပါတယ်။ စစ်တပ်က ဘွဲ့လွန် ဆိုမော်စကို၊ တရုတ်နဲ့ အိန္ဒိယပါ။ NLD ထောက်ခံတယ့်ပါတီဝင်တွေဟာ ကမ္ဘာပေါ်က တက္ကသိုလ်အသီးသီးကဘွဲ့နဲ့ ဘွဲ့လွန်ရထားသူများပါ။ ဒါကြောင့် ဒီအချက်ဟာ မှားပါတယ်။ NLD မှာ ပညာတတ်တွေဟာစစ်တပ်ထဲကထက်များပါတယ်။ ဝန်ကြီးချုပ် ၆ ယောက်က ဆရာဝန်ပါ။ မြန်မာပြည်မှာ ဆရာဝန်ဆိုတာ ၁၀တန်းမှာ အမှတ်ကောင်းသူတွေမှ ရတာပါ။ ကျန်တယ့်လူတွေဟာလဲ အမှားအမှန် ခွဲခြားတတ်တယ့် ပညာရှိပါတယ်။

၂။ NLD က အုပ်ချုပ်မှု၊ ခေါင်းဆောင်မှု အတွေ့အကြုံမရှိဘူး။

ခေါင်းဆောင်မှုအရည်အချင်းက NLD မှာရှိလို့ လူတွေကို စည်းရုံးပြီးမဲနိုင်ခဲ့တာပါ။ အငြင်းပွားစရာမရှိပါ။ စစ်ခေါင်းဆောင်တွေဟာ စစ်ခေါင်းဆောင်မှု တစ်သွေးတစ်သံတစ်မိန့်သာ တတ်ပြီးပြည်သူကိုစည်းရုံးအောင် ခေါင်းဆောင်မှုမပေးနိုင်ပါ။

စစ်တပ်က ခေါင်းဆောင်အုပ်ချုပ်ခဲ့ပြီး ၁၉၆၂ ထဲက တိုင်းပြည်မှာ စစ်တပ်အုပ်ချုပ်လို့ စီးပွားရေး၊လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးကအစ အောက်ဆုံးရောက်ခဲ့တာပါ။ ဒါဟာ မငြင်းနိုင်တယ့် သက်သေပါ။အဲဒါကိုမှ စစ်တပ်က စီမံခန့်ခွဲတတ်တာလို့ထင်ရင် ဆေးလှုပ်သောက်ပါ။

NLD က အုပ်ချုပ်တာ ၁ နှစ်ကျော်ရုံပါ။ သစ်ထုတ်တာနဲ့ ခိုးလည်ပတ်တယ့် စီးပွားရေးကို ပိတ်လိုက်ပြီးအစိုးရကလဲ ခြိုးခြံချွေတာလို့ စီးပွါးရေးကျုံ့တာပါ။

၃။ စစ်တပ်ကမှ အမျိုးဘာသာကို စောင့်ရှောက်တယ်။

စစ်တပ်တက်တဲ့ ၁၉၆၂ မှစ၍ ဘင်္ဂါလီဟာ ပိုများလာပါတယ်။ တရုတ်တွေလဲ မန္တလေးမှာ စစ်တပ်သွင်းသွားတာပါ။ ၈၈ နဲ့၂၀၀၇ မှာ ဘုန်းကြီးကိုသတ်ခဲ့သလို သိန်းစိန်ဟာသူမဆင်းခင်မှာမီးပူဇော်ခဲ့ပါတယ်။ ဝီဝီ့ကို ကာချုပ်ဆွမ်းကပ်ခဲ့လို့ အမျိုးဘာသာကို စောင့်ရှောက်တယ်ထင်ရင်တော့် တမျိုးပါ။

၄။ စစ်တပ်ရှိလို့ ပြည်တွင်းစစ်နည်းတာ ငြိမ်းချမ်းတာ။

ယခုထိ ပြည်တွင်းစစ်ဟာ လွတ်လပ်ရေးရပြီးကတည်းက မပြီးသေးပါ။ ဘာဖြစ်လို့လဲဆိုတော့် စစ်တပ်ဟာ လက်နက်ကိုင်လမ်းစဉ်နဲ့ ပြဿနာကို ဖြေရှင်းဖို့ ကြိုးစားလို့ပါ။ စစ်တပ်သာ ၁၉၆၂ က အာဏာမသိမ်းရင် မြန်မာပြည်ယခုအချိန် ငြိမ်းချမ်းရေးရနေပါပြီ။ ဘာဖြစ်လို့လဲဆိုတော့် ဒီမိုကရေစီအစိုးရတွေဟာ တွေ့ဆုံဆွေးနွေးပြီး ပြဿနာကို အဖြေရှာလို့ပါ။

၅။ ကိုယ်ကျင့်သိက္ခာ

NLD က အုပ်ချုပ်သူတွေဟာ စစ်သားတွေလို လာဘ်မစားပါ။ နေဝင်းမှအစ ဘရွှေအဆုံး အများစုဟာပြည်သူ့ပိုက်ဆံကို ယူသွားသူက အများစုပါ။ ကောင်းတယ့်စစ်သားရှိနိုင်ပါတယ်။ NLD လောက်တော့်ကိုယ်ကျင့်သိက္ခာပြည့်စုံသူနည်းပါတယ်။

 
 
 

Recent Posts

See All
ထရမ့်ကောင်းလား မကောင်းလား

ထရမ့်ကောင်းလား မကောင်းလား ထရမ့်ကို မကောင်းပြောကြလို့ ထရမ့်က ကောင်း မကောင်းတော့မသိ တရုတ်ကို ကြပ်တာတော့ ကြိုက်တယ်။ ယခုလဲ ဘင်္ဂလားကနေ...

 
 
 

3 Comments


Myat Tun Oo
Myat Tun Oo
Nov 16, 2019

ရှယ်ပါ။

Like

Shwe Eain
Shwe Eain
Nov 16, 2019

ရှယ်ပြီး နော်ဆရာမြတ်

Like

Shwe Eain
Shwe Eain
Nov 16, 2019

ဆရာ ရေအရပ်ထဲမှာတော့NLDအုပ်ချုပ်လိုစီပွာရေကြတာနောက်မဲမပေးတော့သူတိုတွေကိုမဲပေးအကုန်အဆင်ပြေစေရမယ်ပြောတယ်လူတွေကလည်စာပေဗဟုသုတကလည်မရှိသူများပြောတိုင်ယုံနာလည်အောင်မကြိုစားတော့သူတိုပြောတာမှန်တယ်ထင်နေတာကိုယ်နဲနီစပ်ရာတော့ပြောပေးနေရတယ်ကိုယ်အတွက်မဆင်စာနဲနောက်မျီုဆက်အတွက်NLDကိုမဲထည်ကြပါလို

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page