top of page
Search
  • Writer's pictureMyat Tun Oo

NLD များ သတိရှိပါ


၂၀၂၀ ရွေးကောက်ပွဲဟာ မိမိတို့ အေးအေးလေးနေလိုက်ရင် နိုင်မှာပါ။ သိကြားမင်းက USDP အတွက်မဲဆင်းဆွယ်တောင်မနိုင်ပါ။ ထပ်ပြောပါ့မယ်။ ယခုအချိန်မှာ NLD က အချိန်စောင့်ရုံပါ။

ပြည်မမှာ ယဉ်တန်းတွေ မလှည့်ပါနဲ့။ ပိုးကူးပါ့မယ်။ ပိုဆိုးတာက အချင်းချင်း ရန်ဖြစ်လို့ ရိုက်ပွဲဖြစ်ရင်အဘက လက်နှစ်လုံးအလိုကို စောင့်နေပါတယ်။ ဆူပူမှုဖြစ်ဖို့ ပိုက်ဆံတွေအများကြီး အကုန်ခံထားပါတယ်။

ဒါကြောင့် အိမ်ထဲမှာ နိုဝင်ဘာ ၈ ရက်နေ့အထိနေပါ။ ၈ ရက်နေ့မှာ မဲထွက်ပေးပြီး တုန့်ပြန်လိုက်ပါ။NLD များ မနေနိုင်လို့ မဲဆွယ်ချင်ရင် အဘရဲ့ NCA မိန့်ခွန်းတွေဖြစ်တဲ့ ဆိတ်ခေါင်းနဲ့ ခွေးသားရောင်းတဲ့မိန့်ခွန်းတွေကို ခဏခဏ ရှယ်ပေးပါ။ အလွန်အန္တရာယ်ကင်းပြီး မဲဆွယ်ရာလဲ ရောက်ပါတယ်။ ဒီလောက်ဆို ရပါပြီ။


NLD များ သတိရှိပါ။ သီးခံပါ။ သီးခံရင် အာဏာရပါမယ်။

660 views3 comments

3 Comments


Myat Tun Oo
Myat Tun Oo
Oct 27, 2020

ကဗျာတွေက သိမ်းထားတာလား?

Like

Myint Soe Oo
Myint Soe Oo
Oct 27, 2020

ဦးမြတ်!မအားလပ်ကြားက ဘောကန်သံကြားတော့ အားခဲကာ နွဲလို့

ကန် လိုက်ပါသည်။

**United ကစားသမားမှန်ရင် ပေ ၃၀ အကွာက ကိုယ်လူဆီ ရောက်အောင် ပေးတတ်ပြီးသား***


~~~~~~~~~~~~~~~~~~~~~~~~


ဖိလွန်းလျှင် ကြွ ၊ ထ (နိယမ)

စပါတာကတ်က သက်သေခံ။

ပြည်မြန်မာ အတိတ်မှာတော့

ဆွန်ပက်(ကြွမ့်ဘိ)၊ ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်။

(အထင်အရှား မြင်သွားအောင်က

ဗိုလ်ဆွန်ပက်လမ်း။တခမ်းတနား)

ဂဠုန် ဆရာစံ၊ သခင် ဘိုးလှကြီး

အသီးသီး-------->>


========================


ဒါ့ကြောင့်မို့ ထင်ပါရဲ့။

မမကြီး လဲ့လဲ့က

**ချစ်သူအတွက်ဆို

စွန်းဝံ့တယ်**တဲ့။


ငွေပင်လယ်ကြီး ကာဆီးထားစမ်းပါ။ ငါးကလေးလို ကူးလာခဲ့မယ်။

တောင်ပင်လယ် တောင်တံတိုင်း

ပိုင်းခြားထားစမ်းပါ

ကျေးငှက်ကလေးလို

ဖြတ်ကျော်လာခဲ့မယ်။

ဘယ်လိုပင်ခက်ခဲ

ဘယ်လိုပင်နက်နဲ

ချစ်သူအတွက်ဆို

စွန့်ဝံ့တယ်

အရာရာကို ကျော်လွှားမယ်။


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~±~~~~~~~~~~~~~~


လူသားမှန်သမျှ မျှော်လင့်ချက်

ဖြင့် ရှင်သန်ကြသူချည်း။သို့၍


မျှော်လင့်ချက်


နောက်တလွှားသို့

ဝင်သွားလေပြီ ၊ နေ ရီရီအား

ဇော်ဂျီမျှော်တ၊ ဝမ်းနည်းရလည်း

အလှသစ် ဖန်၊ မနက်ဖြန်ဝယ်

ရောင်လျှံရွှေခဲ ၊ ညီလာပွဲနှင့်

သူပဲ ပေါ်လာဦးမည်တကား။ ။


ဆရာကြီး ဇော်ဂျီ

အိုးဝေ မဂ္ဂဇင်း

ဒီဇင်ဘာ ၊ ၁၉၃၅

Like

Albert Wint
Albert Wint
Oct 27, 2020

သဘောတူပါ၏ နိုင်ငံရေးသည် အချိန်အခါသိရှိမှု ပိုင်းဖြတ်တတ်မှုကအမြဲ အရမ်း အရေးကြီးပါ၏ လူထုနိုင်ငံရေးအမှန်တရားသိမှုရေချိန်မတက်ရင်ဘာမှလုပ်မရသေး ကျွန်တော်တို့၁၉၆၂နောက်ပိုင်းကနေစောင့်လာရတာ

Like
bottom of page