top of page
Search

NLD ပါတီအစစ်ခံစရာလိုလား

  • Writer: Myat Tun Oo
    Myat Tun Oo
  • Feb 25, 2022
  • 1 min read

ယခု မအလဖွဲ့ထားတဲ့ တရားမဝင်ရွေးကော်က NLD နဲ့ SNLD ကို စာရင်းစစ်မယ် ဘာညာဆိုပြီး ရာဇသံပေးနေပါတယ်။ ရွေးကော်ရဲ့နောက်မှာ ဘီဘီစီမြန်မာပိုင်းကလဲ ညာသံပေးနေတာ တွေ့ရပါတယ်။ ဒါကြောင့် NLD ပါတီအစစ်ခံစရာ လို မလိုရေးပါ့မယ်။ SNLD က သူ့သဘောပါ။

လက်ရှိရွေးကော်ဟာ မအလအာဏာသိမ်းပြီး ဖွဲ့ထားတဲ့အဖွဲ့ပါ။ ပုံမှန်မှာ သမ္မတကသာ ခန့်ရပြီး လွှတ်တော်ကအတည်ပြုရမှာပါ။ ဒါကြောင့်ရွေးကော်ဟာ တရားမဝင်ပါ။ တရားဝင်မဟုတ်တဲ့ အဖွဲ့အစည်းကမိုလို့ အစစ်ခံစရာမလိုပါ။

နောက်ရွေးကော်ရဲ့စာကို DASSK က လက်မခံထားပါ။

ဒါဆိုရင် NLD ကိုရွေးကောက်ပွဲမဝင်ရအောင် ဖျက်လိမ့်မယ်ဆိုရင် ယခုရော ပါတီအဖျက်ခံရတာနဲ့ ဘာမှမထူးပါလို့ပြောပါရစေ။ သူက NLD ပါတီကိုဖျက်ရင် သူ့အဖေနဲ့ ထိပ်တိုက်တွေ့မှာပါ။ သူ့ရွေးကောက်ပွဲလဲ လုပ်နိုင်မှာ မဟုတ်ပါ။

အကျဉ်းချုပ်ရရင် တိုင်းပြည်ဒုက္ခရောက်ချိန် NLD က မအလ ရွေးကော်ကို အသိအမှတ်မပြုဘဲ စာရင်းစစ်မခံခြင်းဖြင့် ဘာမှအရှုံးမရှိနိုင်ပါ။ ဒီရွေးကော်ဥက္ကဌက NLD ကို ဖျက်မယ်လို့ နဂိုထဲက ကြေငြာထားပြီးသားပါ။ သူ့အဖေကြောင့်သာ မလုပ်တာပါ။ စာရေးသူကတော့ NLD အနေနဲ့ သူတို့ဘာလုပ်လုပ် အသိအမှတ်ပြု အကြောင်းမပြန်ဘဲထားခြင်းဖြင့် တုန့်ပြန်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

 
 
 

Recent Posts

See All
ကန့်ဘလူနဲ့ နန်းတွင်းဂယက်

ကန့်ဘလူကိစ္စက ဂယက်ပြင်းပါတယ်။ ဒါက မအလအတွက် ဒုတိယပြဿနာပါ။ မအလဟာ သူလာစဉ်အပစ်ခံရတာက ပထမတုန်လှုပ်စရာ သတင်းပေါက်ကြားမှူပါ။ သူပြေးစဉ် ချော်လဲတာကလဲ နမိတ်မကောင်းတာကို ပြနေပါတယ်။ အပြီးမှာ ရဟတ်ယာဉ်နဲ့ထွက်ပြေးပြ

 
 
 
အဘ၊ တရုတ်နှင့် အတိုင်ပင်ခံကောင်စီ

တရုတ်က မအလကို ရွေးကောက်ပွဲ လုပ်ခိုင်းတာ၊ လောလောဆယ် ထောက်ခံထားတာ၊ သူ့လက်အောက်ခံ MNDAA နဲ့ TNLA ကို အပစ်ရပ်ခိုင်းပြီး လားရှိုးပြန်ပေးခိုင်းတာတွေက တရုတ်လက်ချက်ဆိုတာ အားလုံးမပြောလဲ သိကြမှာပါ။အားလုံးသိတဲ့အ

 
 
 
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page