top of page
Search

NLD နဲ့ DASSK အတွက် အနာဂတ်မမှားဖို့ သင်ခန်းစာယူလေ့လာသင့်သော လူသုံးယောက်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Nov 16, 2020
  • 1 min read

နိုင်ငံရေးပါတီဆိုတာကို အဓိပ္ပါယ်ဖွင့်ဆိုရာပါ “an organization of people who share the same viewsabout the way power should be used in a country or society (through government, policy-making, etc)” လို့ဆိုပါတယ်။ မြန်မာလိုပြောရင်တော့ နိုင်ငံတစ်ခုမှာ အာဏာကို ဘယ်လိုသုံးသင့်လိုဆိုတဲ့ အမြင်တူသူများကို စုထားသော အဖွဲ့အစည်းလို့ ဆိုထားပါတယ်။

NLD မှာလဲ သူ့ပါတီရဲ့ စံနှုန်းတွေရှိပါတယ်။ အာဏာရှင်တိုက်ဖျက်ရေး၊ ဖယ်ဒရယ်ဒီမိုကရေစီအခြေခံနိုင်ငံထူထောင်ရေး စသည်ဖြင့်ပေါ့။ NLD ထဲမှာ စာရေးသူသတိထားမိတာက သုံးယောက်ပါ။ သူတို့သုံးယောက်စလုံးကို စာရေးသူအနေနဲ့ ဝေဖန်မိခဲ့ပါတယ်။ ပထမက ဒေါ်စန္ဒာမင်းပါ။ ဒုတိယက ဒေါ်သက်သက်ခိုင်နဲ့ တတိယက ကျော်ဇေယျပါ။ သူတို့အားလုံးဟာ NLD ပါတီထဲက ကွီးဖြိုးကို ဝေဖန်ခဲ့သူများပါ။ ဒါကြောင့်စာရေးသူသိတာလဲပါပါတယ်။


ပထမက ဒေါ်စန္ဒာမင်းပါ။ သူမဟာ ဒီမိုမှာပါပြီး နောက်ပိုင်းအဖမ်းခံခဲ့ရပါတယ်။ သူမပြန်လွတ်လာပြီးဘွဲ့ရ ယခုဆို ဘွဲ့လွန်တောင်တက်နေပါတယ်။ သူမရဲ့သမိုင်းက အတိုင်းအတာတစ်ခုအထိ ဒီမိုပါ။ သူမကို ရန်ကုန်တိုင်း ဝကခမပေးခဲ့တာကတော့ DASSK ရဲ့ဆုံးဖြတ်ချက်သာပါ။ ၂၀၂၀ မှာလဲ သူမကိုအောက်ခြေကရွေးနိုင်ပေမယ့် ဗဟိုက မပြိုင်ခိုင်းလို့ သူမ မပြိုင်ခဲ့ရပါ။ ကွီးနဲ့မဆိုင်ပါ။ ဒါပေမယ့် သူမကို နေပြည်တော်အောင်နိုင်ရေးအတွက်ခေါ်ခဲ့ပါတယ်။ သူမဟာ နေပြည်တော်သွား အောင်နိုင်ရေးအတွက်လုပ်ပေးခဲ့သလို NLD အထဲမှာ သူမကို နေရာမပေးလဲ သစ္စာရှိစွာ ဆက်နေခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူမရဲ့ ခံယူချက်က အဘတွေထက်စာရင် အစ်မနဲ့ ပိုနီးစပ်လို့ပါ။


ဒုတိယက ဒေါ်သက်သက်ခိုင်ပါ။ သူမက အောင်မြင်တဲ့ လုပ်ငန်းရှင်ဆိုပြီး မီဒီယာအများစုက လော်ကြပါတယ်။ သူမကို ကြိုက်သူများလဲ Facebook ပေါ်မှာရှိပါတယ်။ သူမဟာ အစကထဲက အဘတွေနဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံတွေအများကြီးရှိခဲ့သလို စီးပွါးရေးအရ မကင်းရာ မကင်းကြောင်းတွေလဲ အများကြီးရှိခဲ့ပါတယ်။ မီဒီယာတွေနဲ့တွေ့တာပြောတာကတော့ အင်မတန်ကောင်းပါတယ်။ သူမမှာ ဒီမိုသမိုင်းဆိုလို့ ထူးထူးခြားခြား ပြစရာမရှိခဲ့ပါ။ သူမမှာ ဘွဲ့တွေကတော့ အများကြီးပါ။ သူမပြောဆိုပုံ ချမ်းသာပုံ သူမနဲ့ပတ်သက်ခဲ့တဲ့ အသိုင်းအဝိုင်းကို လေ့လာရင် ဗေဒင်မေးစရာမလိုပါ။ သူမဟာ အစပိုင်းကွီးကိုဝေဖန်သလိုလုပ်ပြီး နောက်ပိုင်းတစ်ကွင်းလုံးကန်ရာကနေ DASSK သတိထားမိသွားပုံပါ။ သူမကိုလွှတ်တော်အမတ်ကနေ ရပ်လိုက်တာနဲ့ သူမဟာ ပါတီကိုသစ္စာမစောင့်သိတော့ဘဲ ပါတီခွဲထောင် တပ်ချုပ်နဲ့တွေ့ပြီး NLD ကို ဒုက္ခစပေးပါတော့တယ်။


တတိယကတော့ ကျော်ဇေယျပါ။ သူကတပ်ကလာသူမိုလို့ စကထဲက သံသယရှိသင့်ခဲ့သူပါ။ သူဟာတပ်ထဲမှာ အမှုပေါင်းစုံနဲ့ ပြုတ်ခါနီးမှာ အကပ်ကောင်းပြီး ဦးပိုင်ကို ရောက်သွားခဲ့သူပါ။ သူကတော့ဘာဒီမိုအစဉ်အလာမှကို မရှိခဲ့သူပါ။ သူဟာ သူ့ဇကို စပြလာပြီး NLD ကနေ ကိုယ်စားလှယ်အရွေးမခံရချိန်မှာ PPP ကို သွားရုံမက NLD က ဝန်ကြီးချုပ်ကိုဖြုတ်ချဖို့ စစ်တပ်နဲ့ပေါင်းလုပ်ခဲ့သူပါ။


ပြန်သုံးသပ်ရင် ဒီမိုစံကြောင့် ပါတီထဲဝင်သူ မစန္ဒာမင်းက သူ့ကိုမရွေးသော်လဲ NLD ထဲမှာသာ ဆက်နေခဲ့ပြီ အခွင့်အရေးနဲ့ စီးပွါးရေးကြောင့် ပါတီထဲဝင်ခဲ့သူ၊ ယခင်အဘတို့နဲ့ စီးပွါးရေးအရ ဆက်နွယ်ခဲ့သူဟာ ဘယ်လောက်အပြောကောင်းပါစေ သူတို့လိုချင်တာမရရင် DASSK ကိုရော NLD ကိုပါ ဒုက္ခပေးတတ်တယ်ဆိုတာကို သတိထားသင့်ပါတယ်။


အချို့ NLD အမတ်များကလဲ ယခင်အတိတ်မှာ အဘတွေနဲ့ မပတ်သက်ခဲ့သူဟာရှားကြောင်း ပြောလေ့ရှိကြပါတယ်၊ အမတ်အဆင့်လောက်က ပြဿနာမရှိပေမယ့် ရာထူးကြီးတွေမှာက ပြဿနာအလွန်ကြီးပါတယ်။ ယခု ၂၀၂၀ မှာ ဒေါက်ခိုင်နဲ့ တပ်ထွက်ကျော်ဇေယျတို့က သင်ခန်းစာပေးသွားခဲ့ပြီးပါပြီ။သင်ခန်းစာဆိုတာ ယူတတ်ရင်ရပါတယ်။ NLD က DASSK က ရာထူးကြီးပေးချင်သူဟာ ခရိုနီနဲ့လဲမကင်း၊ အကျိုးစီးပွါးပဋိပက္ခ conflict of interest လဲ မကင်းသူ၊ အကျိုးစီးပွါးပဋိပက္ခ နိုင်ငံတကာစံကိုချိုးဖောက်သူ၊ တပ်က ဗိုလ်မှူးကြီးအဆင့် အဘက အားကိုးရသူတစ်ယောက်နဲ့ သမီးယောက်ဖဆိုရင်တော့ ဒေါက်ခိုင်နဲ့ ကျော်ဇေယျတို့ ဒုက္ခပေးတာဟာ သူအိပ်နေသလောက်ရှိမှာပါလို့ ကြိုပြောထားပါရစေ။

Photo credit: Sandar Min, Kyaw Zay Ya, Thet Thet Khine

 
 
 

Recent Posts

See All
တေဇဆန်းဘာလုပ်ပေးနိုင်လဲ

ဒီရက်ပိုင်းမှာ စရဖတွေက မင်းမော်ကွန်းနဲ့ တေဇဆန်းထောက်ခံသူတွေဖြစ်သွားကြပြီ။ တေဇဆန်းအနေနဲ့ မိမိ မန္တလေးဖြစ်မြောက်အောင် လုပ်ပြလိုက်ပါ။...

 
 
 

2 Comments


Htwe Kyaw
Htwe Kyaw
Nov 17, 2020

ကိူဘိုဘိုဦး ကို ဝကခ။

ကွီးရဲက Mayor လို့ ကြားပါတယ်။

Like

Myint Soe Oo
Myint Soe Oo
Nov 17, 2020

ဦးမြတ်! ဆောင်းပါးကိုဖတ်လိုက်ရတော့ ငယ်ငယ်ကလေးဘဝက သောက်ရတဲ့ *ဆေး*ကို သတိရမိပါသည်။ အပေါ်ယံ အရောင်လှလှ ရသာချို (sugar coated tablet)အတွင်းအခံ ခါးသော ဆေး။ အချိုဓာတ်မကုန်မချင်း တပြွတ်ပြွတ်။ အချိုလည်းကုန်ရော ခါးတာနဲ့ ထွေးထုတ်ပြစ်ရော။

ခုဆောင်းပါးပါ အချက်အလက်များကလည်း ထိုနည်းနှင်နှင်။


**************************


သံကို ဆီသုတ်ထားလျှင် သံချေး မတက်ပါ။ ဆီမသုတ်ထားလျှင်ဖြင့် သံချေးတက်၍ ပျက်ရပါသည်။

အလားတူပါပဲ။ #ကိုယ်ကျိုးစွန့်အနစ်နာခံမှု#နှင့်ယှဥ်တွဲသော ယုံကြည်ချက် **ဆီအလွှာ**ဖုံးအုပ်ထားသမျှ ၊ တန်ဘိုး မပျက် ၊ ဆက်လက်၍သာ ထက်ထက်မြက်မြက် တန်ဘိုးတက်လျက်။ မြေအောက်ဥမင် ၈၅%ပြီးစီးမှုက သက်သေ။

ဦးဖြိုး!!!!ဦးအယ်ဖောင်ရှို!!!!@

ဦးဖောင်ရှိုမှန်ကြောင်း သက်သေကောင်းတခု။ ကယန်းပါတီ ရှုံးရခြင်းမှာ ၃၄ ပါတီထဲ ဝင်ရောက်နှောမိသောကြောင့်။ သူတို့တတွေရဲ့ယုံကြည်ချက်က **ရယူလိုခြင်းနှင့် ယှဥ်ပါသည်****


ဦးဖြိုး ဦးဖောင် ဆရာ ဇော် ၊ ရဲ နှစ်ဖော်တွဲ ၊ လူပျိုကြီးအောင်အောင် ၊ ဒေါ်နန်းခင်ထွေး ၊ ဦးမြင့်နိုင် ၊ ကိုမင်းကိုနိုင် ၊ ဒေါ်မေဝင်းမြင့်------?

ပေးဆပ်မှုနဲ့ယှဥ်သော ယုံကြည်ချက်များနှင့် ပျော်ခဲ့ကြ၍ ၂၀၂၀မှာ မော် ခဲ့ကြရပါပြီ။

ရယူလိုမှုနှင့်ယှဥ်သောယုံကြည်ချက်ရှိသူအပေါင်းကတော့ ချော်တဲ့အရာမှာ ကျော် သွားခဲ့ရပါပြီ။


**************************


ရုပ်ရည် ဥစ္စာ ဓန အပေါ် မမှီ။ ဖြောင့်မှန်သော အယူစိတ်ဓာတ်ပေါ်မူတည်ပါသည်။ ကိုယ်ကျိုးမဖက် ငါ့အတွက် မစွက်သမျှ ကောင်းကျိုးဝေဆာရနေပါမည်။


**************************


ရိပ်သာ အမှုဆောင်လူကြီးတစ်ဦး၏ စကား။

~ရုပ်ချောတဲ့ ကိုယ်တော်လည်း မပင့်ချင်။

~အသံကောင်းလွန်းတဲ့ ကိုယ်တော်လည်း မကြွစေလို

~ဟိတ် ထယ်လွန်းပြန်တော့လည်း

±±±အမျိုးသမီးယောဂီများက ကြည်ညိုလွန်း။ ကပ္ပိယ ကာရကတစ်ဦးအမြဲရှိနေရ။ မခွာရ။

±±±အသံကိုချည်း!!!ယောဂီအများစု ဘာဟောလို့ ဘာဆိုမှန်း မသ်နိုင်ကြ။ အသံလေးက ကောင်း လိုက်တာ။

±±±ဟိတ်ဟန်ကြီးလွန်းပြန်တော့လည်း ယောဂီများက…


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page