top of page
Search

NLD ကို တပ်ကမဲဆွယ်ပေးနေတာလား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Nov 9, 2019
  • 1 min read

NLD ကို တပ်ကမဲဆွယ်ပေးနေတာလား?

စာရေးသူအနေနဲ့ သူပုန်နဲ့ဖြစ်တာတွေ တပ်အကြောင်းတွေပုံမှန်တင်လေ့မရှိပါ။ အတော်မမှန်တာ ဝါဒဖြန့်တာတွေ့မှသာ ရေးလေ့ရှိပါတယ်။ အဲ့ဒီလိုရေးရင်လဲ သူပုန်အကောင့်ရယ် တပ်ကိုမုန်းသူ ဒီမိုမိတ်ဆွေအချို့ရဲ့အဆဲကိုခံရလေ့ရှိပါတယ်။

ဒီနေရာမှာ လက်ရှိခြေဥအရ တပ်ဟာလွှတ်တော်ထဲမှာ ဝင်ထိုင်နေတာက စမှားနေပါတယ်။ အချို့ပုဒ်မကို ကာကွယ်လိုရင်လဲ ပါးစပ်ပိတ်နေပြီး ခြေဥပြင်ချိန်မှ ထမဲပေးကန့်ကွက်ရင် လုံလောက်ပါတယ်။ ဒါပေမယ့် ကြားရတာက နားဝမှာ မသက်သာလှပါ။ မနေ့ကဟာဆို သမ္မတက ပညာရေးအတွက်ချေးတယ်။ ဒါဟာပြည်သူတွေပညာတတ်ဖို့။ ပညာတတ်ရင် တိုင်းပြည်ပိုပြီး ဖွံ့ဖြိုးလာမယ်။ စီးပွါးရေးလဲတိုးတက်လာမယ်။ လူမျိုးရေးလဲ အမြင်မကျဉ်းတော့ဘူး။ ဒီအဆိုကို မနေနိုင်လို့ ဆရာလုပ်ပြီး ထပြီးဆွေးနွေးလိုရင်လဲ သန်း ၁၀၀ နည်းပါတယ် သန်း ၁၀၀၀ လုပ်ပါဆိုရင်တောင် ဟုတ်တုတ်တုတ်။ ဒါပေမယ့် ထပြောတာက ဘုရင့်ကြွေးပြည်သူဆပ်ရမယ်ဘာညာဆိုတော့ သူ့ပြောပုံထဲမှာ ပြည်သူက သူတို့ကိုတပ်က ပညာရေးတောင် မသီတီတာလား ဒါမှမဟုတ် ဒီသမ္မတကို သူ့အဖေ နေဝင်း၊ သန်းရွှေ၊ သိန်းစိန်တို့လို ဖွတ်သူခိုးများ မှတ်နေတာလားဆိုတာ မေးစရာဖြစ်လာပါတယ်။ ဒီနေရာမှာ ထဆွေးနွေးသူဗိုလ်မှူးဟာ သူ့အဆင့်နဲ့ အမျိုးသားလွှတ်တော်ထဲရောက်နေလို့ စစ်မတိုက်ရပြီးရော အဘအကြိုက်လိုက်ပြောနေပုံပါ။ စစ်မတိုက်ရ ရခိုင်မသွားရပြီးရောလုပ်နေပုံပါ။ အချို့တွေကလဲ ဒီအလုပ်ကလွဲရင်ကျန်တာမလုပ်တတ်လို့ အဘက မစင်စားဆိုရင်တောင် စားမယ့်ပုံစံပါ။ အချို့ကတော့ သင်္ဘောမောင်းတတ်၊ လေယဉ်မောင်းတတ်လို့ လုပ်စားလို့ရပေမယ့် အချို့က ကြည်းတပ်ကထွက်ရင် လုပ်မစားတန်ပါ။

ဘာကြောင့်ဘဲဖြစ်ဖြစ် လွှတ်တော်ဆိုတာ နိုင်ငံရေးလုပ်တဲ့နေရာပါ။ အာဏာရပါတီနဲ့ အတိုက်အခံဆိုတာ အပြန်အလှန်ပြောရပါတယ်။ မိမိတို့က အတိုက်အခံဖွတ်နေရာက ပြည်သူက ရွေးကောက်ထားတဲ့ပါတီနဲ့ သမ္မတက တင်လာတာကို နေရာတိုင်းမှာ ငါ့စကားနွားရပြောနေရင် မိမိတို့ကို ပြည်သူကမုန်းမှာဖြစ်သလို NLD ကိုမဲပိုထည့်ပြီး တုန့်ပြန်သွားကြပါလိမ့်မယ်။ ညီလေးတို့က လွှတ်တော်ထဲကနေပရမ်းပတာပြောလိုက် လွှတ်တော်ပြင်ပက ဗိုလ်ချုပ်ထွန်းထွန်းညီက ကာလုံခေါ်ဆိုပြီး ပေါက်ကရပြောလိုက်နဲ့ ဆက်လုပ်နေရင်တော့ NLD မဲထွက်ဆွယ်စရာမလိုဘဲ နိုင်သွားလိမ့်မယ်လို့ သတိပေးပါရစေ။

News Credit: RFA

 
 
 

Recent Posts

See All
ဗလောင်ဆူတဲ့တောင်ငူ

လေတပ်တွေကို ယခင်က ပစ်ခဲ့တာတွေရှိပေမယ့် ဒီအခေါက်မှာ တောင်ငူကို ဗလောင်ဆူစေခဲ့ပါတယ်။ ပစ်ပါများလို့ ထိသွားပါပြီ။

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page