top of page
Search

NLD ကြေညာချက်က ဘာထိရောက်လဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • May 2, 2022
  • 2 min read

မအဘဟာ အာဏာသိမ်းမယ်၊ DASSK ကိုဖမ်းမယ်၊ NLD CEC တွေကိုဖမ်း၊ ထောင်ချပြီး သူတစ်ယောက်ထဲဝင်ပြိုင်တဲ့ ရွေးကောက်ပွဲမှာ သူနိုင်မယ်ပေါ့။ မအလဖြစ်စေချင်တဲ့ တိုင်းရင်းသားအခွင့်အရေးရဲ့ ဥပမာကိုကြည့်ရင် ရှမ်းပြည်လွှတ်တော်ကိုကြည့်နိုင်ပါတယ်။ ရှမ်းပြည်လွှတ်တော်မှာ ဖယ်ဒရယ်အတုနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတုကို ရထားတာပါ။

မအလဟာ အာဏာသိမ်းအပြီးမှာ မျှော်လင့်မထားတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ သူကNLD ကို လူမကြိုက်ဖူး ထင်ထားပေမယ့် ရွေးကောက်ပွဲမှာ NLD က ဝက်ဝက်ကွဲ နိုင်သွားခဲ့ပါတယ်။နောက်သူက လူတွေက မဲပေးပေမယ့် ၁၉၉၀ ကလိုဘဲ သူအာဏာသိမ်းရင် ကောက်ရိုးမီးလို ပြီးသွားမယ်ထင်ပေမယ့် မပြီးသွားခဲ့ပါ။ CDM ကနေ စလာတဲ့ပြဿနာက CRPH၊ NUG နဲ့ PDF မှာ လာတွေ့နေပါတယ်။ မအလဟာ PDF မှာ အဖွဲ့ပေါင်းစုံပါပေမယ့် PDF ထောက်ပို့ဟာ NLD ကို အခြေခံတယ်လို့ စရဖနဲ့ မအလက အစည်းအဝေးမှာ သုံးသပ်ပြီး NLD ကို နှိပ်ကွပ်ဖို့ လုပ်လာနေပါတယ်။

ပထမဆုံး မအလဟာ တရုတ်ကို ဂရုမစိုက်ပါ။ အာဏာသိမ်းတာဟာ ရုရှားကိုပြောပြီးသာ သိမ်းတာပါ။တရုတ်နိုင်ငံခြားရေးဝန်ကြီးကို မဲကိစ္စ အစိုးရက မရှင်းပေးဖူးအထိသာ ပြောခဲ့တာပါ။ ရုရှားအားကိုးနဲ့ မိုက်ဖို့ပြင်ထားပါတယ်။ တရုတ်က ရုရှားဘက်လိုက်မှာ မကြိုက်ခဲ့ရင် သူတို့ကိုကူမယ်လို့ မအလကတွက်ခဲ့ပါတယ်။ တရုတ်ကကူရင် အိန္ဒိယနဲ့ ဂျပန်က ချိန်ခွင်လျှာ ညီမျှဖို့ ပြန်ကူရမှာမိုလို့ သူ့စစ်အစိုးရအဆင်ပြေမယ်လို့ တွက်ထားခဲ့ပါတယ်။ အစပိုင်းမှာ တရုတ်က မအလကို NLD ပါတီမဖျက်နဲ့လို့ ပြောချိန်မှာ သိပ်ဂရုမစိုက်ခဲ့ပါ။ ဒါပေမယ့် ရုရှားက ယူကရိန်းကို ဝင်သိမ်းချိန်မှာ ရုရှားအကူအညီနဲ့ ဘဏ်စနစ်ဆက်သွယ်မှုမရတော့ဘဲ တရုတ်က အဓိကဖြစ်သွားခဲ့ပါတယ်။ ရုရှားဟာ မအလကို လေယာဉ်ပစ်ကျည်ဆန်တွေ၊ ဗုံးတွေ၊ ရဟတ်ယာဉ်ပေါ်ကပစ်တဲ့ လက်နက်တွေကို မအလထံလာရောက် တပ်ဆင်ပေးနေပါတယ်။ သူ့လက်အောက်က နိုင်ငံတွေကတဆင့် မအလငွေရိုက်ဖို့ အဆင်ပြေအောင် ဗျူဟာမြောက် ကူညီဆောင်ရွက်ပေးနေပါတယ်။ ဒါပေမယ့် မအလကို စီးပွါးရေးအရ မကူနိုင်ပါ။ ဒါကြောင့်မအလရဲ့ စီးပွါးရေးထွက်ပေါက်က တရုတ်သာရှိပါတယ်။

မအလဟာ DASSK ရော သမ္မတကြီး ဦးဝင်းမြင့်ကိုပါ ဖမ်းထားလို့ NLD နဲ့ ဆွေးနွေးဖို့လမ်းကြောင်းပျောက်သွားခဲ့ပါတယ်။ ကွီးဖြိုးဟာလဲ DASSK အမှုမှာ အစိုးရသက်သေမိုလို့ NLD ကို ကိုယ်စားပြုလို့မရနိုင်တော့ပါ။ ဒီနေရာမှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ အခြားအမှုတွေမှာ ကွီးဖြိုးလိုအစိုးရသက်သေထွက်သူများစွာရှိပါတယ်။ သမ္မတဟောင်းဇနီး ဒေါ်စုစုလွင်၊ နယ်က အမတ်မမတစ်ယောက်၊ ရန်ကုန်က ကွီးဝေဖန်သူအမတ်တွေဟာ မအလအတွက် ပစ်မှတ်ပါ။ ဒေါ်စုစုလွင်ဟာ ကွီးဖြိုးလို အစိုးရသက်သေထွက်ပေမယ့် မအလသတင်းဌာနတွေဖြစ်တဲ့ ပေါ်ပြူလာ၊ Neo Politics နဲ့ တစ်ပူးတို့မှာ မပါခဲ့ပါ။ သူမက DASSK ကို ဆာဆာကာဝါနဲ့ တွေ့ရ မတွေ့ရမေးချိန်မှာ DASSK က ပါတီအနေနဲ့မတွေ့ဖို့ ပြောထားခဲ့ပါတယ်။

မအလဟာ NLD အထဲမှာ ကျန်ခဲ့တဲ့ အမတ်အချို့ အမှုဆောင်အချို့ကို အသုံးချပြီး သံရုံးတွေနဲ့ ဆက်သွယ်ခိုင်းပြီး သူတို့က NLD ကို ကိုယ်စားပြုသယောင် ပုံဖော်ဖို့ ကြိုးစားလာနေပါတယ်။ သူ့နောက်မှာဖိအားက တရုတ်ရှိပြီး တရုတ်က ဝဏ္ဍမောင်လွင်နဲ့တွေ့ချိန်မှာ NLD မဖျက်ဖို့၊ DASSK ကို နိုင်ငံရေးမှာပါဝင်နိုင်အောင်လုပ်ဖို့၊ ရွေးကောက်ပွဲမှာ ပါတီတွေအားလုံးပါပြီး နိုင်သူကို အမြန်အာဏာလွှဲဖို့၊ အာဆီယံအမတ်နဲ့ DASSK ကို ပေးတွေ့ဖို့တွေကို ထပ်ပြောလိုက်တယ်လို့ အတိအကျ သတင်းရပါတယ်။တရုတ်နဲ့ အာဆီယံလုပ်နေတာက မအလရဲ့ လမ်းပြမြေပုံနဲ့ မအလကို NLD ထံ အာစာပြန်လွှဲခိုင်းသလိုဖြစ်နေပါတယ်။ ဒါကြောင့် မအလဟာ NLD ပါတီကို သူ့အထဲကလူနဲ့ အာဏာသိမ်းသလိုလုပ်မှသာရုပ်ပြရနိုင်မှာပါ။ ဘောမရေါးကော်ဟာ NLD က သူ့ကိုအသိအမှတ်မပြု၊ လုံးဝလာအစစ်မခံတာတောင်ဘာမှမလုပ်ရဲတာက သက်သေပြနေပါတယ်။

ဒီလိုအချိန်မှာ NLD ဗဟိုရဲ့ ကြေညာချက်က အရေးပါလာပါတယ်။ ဘာလို့လဲဆိုတော့ ဒီကြေညာချက်က NLD ထဲက အာဏာသိမ်းလိုသူတွေကို တားလိုက်လို့ပါ။ မအလအတွက်လဲ အကွက်ရွေ့ရခက်သွားပါတယ်။ ဒိခြားထဲမှာ အလုပ်သမားနေ့ ထိုင်းမှာ ဆန္ဒပြပွဲတွေမှာ ထိုင်းရောက်မြန်မာတွေက DASSK ပုံနဲ့သမ္မတဦးဝင်းမြင့်ပုံကိုကိုင်ပြီး သူတို့ကိုလွှတ်ပေးဖို့ ဆန္ဒပြတာဟာလဲ မြန်မာပြည်သူတွေဟာ ဝေဖန်ရေးသမားတွေဘာပြောပြော အမေစုကိုမမေ့ဘူး၊ သမ္မတကြီးကို မမေ့ဖူးဆိုတာကို ပြလိုက်တာပါ။ ဒါကြောင့် ပြည်သူတွေက အမေစုအတွက်အရေးပါသလို NLD ဗဟိုရဲ့ ကြေညာချက်ကလဲ အရေးပါခဲ့ပါတယ်လို့ ပြောပါရစေ။ မအလ ဟွန်ဆန်နဲ့တွေ့အပြီးမှာ DASSK နဲ့ ပေးတွေ့/ မတွေ့သာ ဆုံးဖြတ်ရတော့မှာပါ။ပြည်တွင်းက NLD နဲ့ ပေးတွေ့တာဟာ တရားဝင်မဟုတ်လို့ NLD ဗဟိုက ကြိုပြောထားလို့ မအလအကွက်တော့ ပျက်သွားခဲ့ပါပြီ။ NUG အနေနဲ့က မအလဘာလုပ်လုပ် အရှုံးမရှိပါ။ မအလက တင်းမာတဲ့မူဝါဒဆက်ထားပြီး အာဆီယံကိုယ်စားလှယ်ကို DASSK နဲ့ ပေးမတွေ့ရင် အာဆီယံဟာ NUG နဲ့ တွေ့လာမှာပါ။ နောက်ပြည်တွင်းက PDF တွေကလဲ တရုတ်ကို NUG နဲ့ စကားပေကာလာအောင် လုပ်လာနိုင်မှာပါ။ ယခုခေတ်က နည်းပညာခေတ်မိုလို့ NLD ကြေညာချက်က ထိရောက်ပါတယ်လို့ ပြောပါရစေ။ ဘောမလိုသူတွေတော့ မခွင့် မသာတော့ပါ။

 
 
 

Recent Posts

See All
ဗလောင်ဆူတဲ့တောင်ငူ

လေတပ်တွေကို ယခင်က ပစ်ခဲ့တာတွေရှိပေမယ့် ဒီအခေါက်မှာ တောင်ငူကို ဗလောင်ဆူစေခဲ့ပါတယ်။ ပစ်ပါများလို့ ထိသွားပါပြီ။

 
 
 

Commenti


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page