top of page
Search

Neo Politics လော်ဘီလွန်သွားသော တန့်ကြည်တောင်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jun 9, 2022
  • 1 min read

စာရေးသူအနေနဲ့ ကျော်မျိုးမင်းက တပ်လော်ဘီဆိုတာ သူအကုန်သိမှာလုပ်ချိန်ကထဲက ရေးခဲ့ပြောခဲ့ပြီးသားပါ။ Neo Politics ကလဲ စရဖအထောက်အပံ့နဲ့ ထောင်ထားတယ်ဆိုတာ ရေးခဲ့ပြီးသားပါ။ အားလုံးသိတဲ့အတိုင်း ဘားလမ်းမှာ စရဖရဲ့ PDF အတုက ဗုံးခွဲပြီး ချက်ခြင်းမိပြလိုက်တာက အင်ထုတာများသွားခဲ့ပါတယ်။ ယခုလဲ တန့်ကြည်တောင်ကိစ္စမှာ ဘုရားဖူးကို သေနတ်ပစ်ခံရတယ်ဆိုပြီး သတင်းဖြစ်ပါတယ်။ ဒါကိုတပ်လော်ဘီနဲ့ တပ်နဲ့ရင်းနှီးပြီး ကြားနေတဲ့ ဘီဘီစီတို့က အပစ်ခံရတာကို သတင်းတင်ပါတယ်။ ဒီအထိက ပြဿနာမရှိပါ။ ဒါပေမယ့် တပ်လော်ဘီတွေက နောက်ပိုင်းမှာ PDF က ပစ်ယောင်လော်ပြီး ဒါကိုထောက်ခံဖို့ Neo Politics က တန့်ကြည်တောင်ပေါ်မှာ လက်နက်ကိုင်တွေတက်တဲ့ CCTV ဆိုပြီး ဇတ်ထုတ်ရိုက်ပါတယ်။ ပြောလိုတာကPDF က ဘုရားတရားကိုင်းရှိုင်းတဲ့သူကို ပစ်လိုက်တယ် အမျိုးဘာသာ သာသနာကိုထိမယ်ပေါ့။PDF က ဗကပလိုဘဲပေါ့။ ဒါက သူတို့ရိုက်လိုတဲ့ ဇတ်လမ်းပါ။ ဒီဗီဒီယိုမှာ မှားနေတာလေးတွေရှိပါတယ်။

ပထမက အချိန်ပါ။ ဗီဒီယိုထဲက လက်နက်ကိုင်အဖွဲ့ တက်လာတဲ့အချိန်က ပစ်ခတ်မှုဖြစ်ပြီးမှပါ။အချိန်မှားနေပါတယ်။ နောက်ဒီအဖွဲ့ကပစ်တယ်လို့ ဗီဒီယိုထဲမှာမပါပါ။ ဒါက ဗီဒီယိုဖိုင်ရဲ့ မှားနေတဲ့အချက်ပါ။

နောက် အဆိုပါ ကား 4B/4306 ကားပိုင်ရှင်ဦးရွှေပုံက မကွေးက ဖွတ်ကြီးပါ။ ပျူစောထီးပါ။သူက PDF ဘယ်လိုဖြစ်သွားတာပါလဲ။

စာရေးသူတို့ ဒီမိုတွေအနေနဲ့ အဆိုပါ ဗီဒီယိုထဲကလူတွေက စစ်တပ်လော်ဘီများပြောသလို PDF လို့ ခဏလောက် ယုံကြည့်ရအောင်။ PDF တွေဟာ တပ်မ ၁၀၁ ထိုင်တဲ့မြို့ကိုကျော်လွန်ပြီးလက်နက်ကြီးသုံးခုကို တန့်ကြည်တောင်ပေါ်အထိ သယ်လာနိုင်တာက အင်မတန်တော်နေတယ်လို့မြင်မိပါတယ်။ တောင်ပေါ်ကနေ တပ်မ ၁၀၁ ကို PDF ကမထုဘဲ ပြန်သွားပြီး ဘုရားဖူးကားသာပစ်သွားတာက စဉ်းစားစရာ ဂေါက်တောက်တောက်လုပ်ရပ်ပါ။ ဒါပေမယ့် အဆိုပါဗီဒီယိုကသာအမှန်ဖြစ်ခဲ့ရင် NUG ဟာ PDF တွေကို လက်နက်ကြီးတောင် ထောက်ပံ့နိုင်နေပြီး PDF တွေဟာတပ်မ ၁၀၁ ကိုကျော်ပြီး တန့်ကြည်တောငိအထိ ကားကြီးကားငယ်နဲ့ သွားလာနေနိုင်တာက PDF တွေဟာ မကွေးမြောက်ပိုင်းတင်မကဘဲ အောက်အထိဆင်းလာနေသလို ဖြစ်နေပါတယ်။အကယ်၍ အဆိုပါဗီဒီယိုကသာ PDF အမှန်ဆိုရင် တပ်ထဲကတာဝန်ရှိသူကို လုံခြုံရေးပေါ့လျော့လို့စစ်ခုံရုံးဖွဲ့စစ်ရမှာပါ။ ဘာလို့လဲဆိုတော့ PDF တွေက မအလတပ် မီးရှို့တိုက်ခိုက်နေတဲ့ကြားကစစ်ကိုင်းကနေ မကွေးမြောက်အပြီး တန့်ကြည်တောင်အထိ ရောက်လာလို့ပါ။

ယခုဗီဒီယိုက PDF ကို သိက္ခာချဖို့တင်ခဲ့ပေမယ့် အလိမ်ပေါ်နေပါတယ်။ အလိမ်မဟုတ် အမှန်ဆိုရင်လဲ PDF က လက်နက်ကြီးတွေနဲ့ တန့်ကြည်တောင်ကို ကားမောင်းပြီးတက်နိုင်လို့ စာရေးသူတို့နယ်မြေစိုးမိုးမှုရှိပြီး အားကောင်းတာကို ပြနေပါသေးတယ်။ ဒါကြောင့် ဒီဗီဒီယိုဟာ ဘယ်ဘက်ကကြည့်ကြည့် စာရေးသူတို့အတွက် အနိုင်ပါဘဲ။ သူတို့လော်ပေမယ့်လဲ သူတို့ကိုသာ ပြန်ထိတဲ့ဗီဒီယိုပါ။ စိတ်မကောင်းပါဘူး။

 
 
 

Recent Posts

See All
တေဇဆန်းဘာလုပ်ပေးနိုင်လဲ

ဒီရက်ပိုင်းမှာ စရဖတွေက မင်းမော်ကွန်းနဲ့ တေဇဆန်းထောက်ခံသူတွေဖြစ်သွားကြပြီ။ တေဇဆန်းအနေနဲ့ မိမိ မန္တလေးဖြစ်မြောက်အောင် လုပ်ပြလိုက်ပါ။...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page