top of page
Search

Myanmar Now သတင်းကရသော သင်ခန်းစာ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Dec 23, 2020
  • 1 min read

Myanmar Now က ချင်းပြည်နယ် ဟားခါးက လေးလနဲ့ လုပ်တဲ့ ရေပေးဝေရေး စီမံကိန်းဟာ လေးနှစ်မှာ မပြီးသေးဘူးဆိုတဲ့အကြောင်းပါ။ ထိုစီမံကိန်းကို ၂၀၁၆ အောက်တိုဘာမှာ တင်ဒါစခေါ်ခဲ့ပြီး အစပိုင်းမှာ ၂၀၁၇ မတ်လမှာ ပြီးဖို့ စီစဉ်ခဲ့ပါတယ်။ အဆိုပါစီမံကိန်းကို ဦးစီးသူကတော့ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ထွေအုပ်ညွှန်ကြားရေးမှူး ဦးပြုံးချိုဖြစ်နေပါတယ်။

သူဟာ ၂၀၁၅ ဘစိန်လက်ထက် ရန်ကုန်ကမြေကိစ္စမှာ အဂတိနဲ့ ငြိစွန်းလို့ အတိုင်ခံခဲ့ရတယ်ဆိုပါတယ်။သူ့ကိုအတိုင်ခံရချိန်မှာ နေပြည်တော်ကို ဒုအမြဲတမ်းအတွင်းဝန်အဖြစ်ပြန်ပြောင်းစစ်လို့ အဆိုပါစီမံကိန်းဟာ မပြီးနိုင်သေးပါ။ ဒါက ၂၀၁၇ ဇူလိုင်မိုလို့ အဆိုပါအချိန်က ထွေအုပ်ဟာ ပြည်ထဲရေးအောက်မှာပါ။ အဆိုပါထွေအုပ်ဟာ သူကန်ထရိုက်ပေးခဲ့တဲ့ ကုမ္ပဏီတွေနဲ့လဲ သိပ်ရှင်းပုံမရပါ။

ဒီကနေ ဘာသင်ခန်းစာရလဲ? ပဲခူးမှာ ထွေအုပ်ညွှန်မှူး လူပါးဝတာဟာ ဒီလူနဲ့ လာတူနေပါတယ်။ နောက်သူတို့ကို နေပြည်တော်ပြန်ခေါ်စစ်၊ ဒုအမြဲတမ်းအတွင်းဝန် ရာထူးပေးတာဟာလဲ ဆင်တူနေပါတယ်။ဟိုဟာ ၂၀၁၇ နဲ့ ယခု ၂၀၂၀ ခုနှစ်သာ ကွာတာပါ။ ၂၀၁၇ က ပြည်ထဲရေးအောက်မှာဖြစ်ခဲ့ပြီး ယခု၂၀၂၀ ပဲခူးဖြစ်စဉ်က ထွေအုပ်ဝန်ကြီးအောက်မှာပါ။ ပြောင်းလဲချိန်တန်ပါပြီ။

ဒီကနေ ဝန်ကြီးချုပ်တွေ NLD က လူကြီးတွေလဲ သင်ခန်းစာ ယူသင့်ပါတယ်။ ထွေအုပ်တွေဟာ မိုးကျအများစုပါ။ သူတို့က အဖားတော်ပါတယ်။ သူတို့တွေတင်မဟုတ်ဘဲ သူတို့မိန်းမတွေကလဲ အဖားတော်ပါတယ်။ တပ်ထဲမှာက ယောင်္ကျားက အမှုထမ်း၊ မိန်းမက ကျွန်ခံရတဲ့သဘောပါ။ မိမိမိန်းမက သူဌေး၊ဆရာဝန်မိုလို့ တပ်ထဲကို အစကထဲက လိုက်မနေရင်တော့ တမျိုးပါ။ ဒါတောင် အပြင်မှာကြုံရင် ကျွန်ခံရပါတယ်။ ဒါ့ကြောင့် သူတို့ရော သူတို့မိန်းမတွေပါ အပြုအစုတော်ပါတယ်။ အဲ့ဒါကို အရည်အချင်းလို့ပြောရင်တော့ ရပါတယ်။ ဒါကို မသာယာပါနဲ့။ ချင်းဝန်ကြီးချုပ်ကြီးလဲ ထွေအုပ်ကိုမစောင့်ဘဲ စည်ပင်ကိုသာ ဦးစီးခိုင်းလိုက်ပါ။ နောက်ပြီး ဖြစ်နိုင်ရင် နှုတ်မိန့်ကို ရှောင်ပါ။ နှုတ်မိန့်ဟာ ထွေအုပ်တွေအတွက် ဂွင်ပါလို့ ပြောပါရစေ။

News Credit: Myanmar Now

 
 
 

Recent Posts

See All
စဉ်းစား

သင့်မှာ ပုံမှန်ဦးနှောက်ရှိရင် လေကြောင်းရန်ဟာ ကာကွယ်ဖို့ မလွယ်ကူဘူးဆိုတာ သိမှာပါ။ ယူကရိန်းမြို့ ဗုံးကြဲခံရတာဟာ ငှက်ကင်မရှိလို့ ...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page