top of page
Search
  • Writer's pictureMyat Tun Oo

Makro ဗုံး


စာရေးသူအနေနဲ့ Makro ကို စျေးသွားမဝယ်ဘူးပါ။ Makro ဟာ တပ်ပိုင်မိုလို့ သပိတ်စာရင်းထဲပါတယ်ဆိုပြီး ကြားဖူးပါတယ်။ ဟုတ် မဟုတ်ကတော့ စာဖတ်သူများက ပိုသိမှာပါ။

သူကစျေးလာဝယ်သူတွေကို မှတ်ပုံတင်စစ်မယ် ဘာညာဆိုပြီး မနေ့ကထဲက အသံထွက်နေတာပါ။

ယခုအချိန်မှာ ဖြစ်နိုင်ရင် စစ်တပ်ပိုင်နေရာတွေ စစ်တပ်ပိုင် ပစ္စည်းတွေနဲ့ ဝေးဝေးသာ နေကြပါ။ ကန်သာယာဆေးရုံခိုးသွားရင်း ဗုံးပေါက်တဲ့အထဲ ပါသွားခဲ့ရင် မိုးကောင်းရတနာဆေးရုံ ခိုးသွားရင်: ဗုံးပေါက်တာ ပါသွားခဲ့ရင် သနားသူရှိမယ်မထင်ပါ။ နောက်ပြီး မိမိကို မှန်ပုံတင်စစ်မဲ့ စျေးကို သင်သွားဝယ်မလို့လား?

မိမိအရပ်စျေးသာ မိမိအားပေးပါ။

ပျူစောထီးကတော့ သူတို့သေလိုရင် တပ်ထဲဝင်ပါလိမ့်မယ်။ ယခုအချိန်မှာ တပ်ထဲကလူတွေတောင်ထွက်ပြေးနေတာပါ။ စာဖတ်သူများ နယ်စပ်မသွားဘဲ စစ်ပညာသင်လိုရင် ပျူစောထီးမှာ သွားသင်ပါ။ပြီးရင် သူ့လက်နက် သူ့စစ်ပညာနဲ့ သူ့ကို ပြန်ချရုံပါဘဲ။

448 views0 comments

Commentaires


bottom of page