top of page
Search

KIA အပြီး ဝ လား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Oct 28, 2022
  • 1 min read

KIA ပွဲကို ဗုံးကျဲလိုက်တာဟာ လူအချို့အတွက် ဆန်းသလို ထင်စရာရှိပါတယ်။ ဒါပေမယ့် မအလသမိုင်းကို ပြန်လေ့လာရင် မအလဟာ ဒီလိုယုတ်မာမှုတွေကိုလုပ်ဖို့ ဝန်မလေးဘူးဆိုတာကို တွေ့ရမှာပါ။ ဒီကနေ တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ ဘာတွေကို ပြင်ရမလဲ? စာရေးသူအမြင်ကို မအလတပ်ထဲမှာ စဉ်းစားတာ စစ်ဦးစီးတက္ကသိုလ်က ပြုစုခဲ့တဲ့ လက်ရှိတာဝန်ယူထားတဲ့ ထိပ်ပိုင်းကလူများရဲ့ စဉ်းစားပုံကို အခြေခံပြီး ရေးပါ့မယ်။


၂၀၁၂ ဘစိန်အုပ်ချုပ်ပြီး ၂၀၁၆ မှာ NLD က ဆက်အုပ်ချုပ်ပါတယ်။ ထိုအချိန်မှာ EAO တွေက မအလတပ်နဲ့ တိုက်ပွဲဖြစ်ရင် ပြည်တွင်းက လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများကတဆင့် စစ်ပွဲရပ်ဘာညာအော်ရင် အရပ်သားအစိုးရဖြစ်လို့ တပ်ကိုခေါ်မေးတာ ဘာညာလုပ်ရပါတယ်။ မအလတပ်ထဲမှာ ဘစိန်နဲ့ အောင်မင်းကို မအလက အမြဲအပြစ်တင်တာက သူ KIA ဌာနချုပ်ကို တိုက်ခါနီးမှာ ဘစိန်က အောင်မင်းလော်ဘီလုပ်လို့ ရပ်လိုက်ရလို့ KIA က ကြီးထွားလာပြီး AA ဖြစ်လာတာဘာညာဆိုတာပါ။ လူ့အခွင့်အရေးနဲ့ တိုင်းရင်းသားပါတီအမတ်အချို့ လော်လို့အကောင်းဆုံးကAA နဲ့ မအလတပ်တိုက်ပွဲဖြစ်ချိန်မှာ နှစ်ဖက်စလုံးက NLD အစိုးရကို ဝိုင်းအပြစ်တင်တာပါ။ မအလနဲ့ သူ့အဖွဲ့ဟာ ဘယ်စခန်းမဆို လေတပ်အင်အားနဲ့ပစ်မယ် အမြောက်နဲ့ပစ် အလစ်အငိုက်တိုက်မယ်ဆိုပြီး ယခင်ထဲက ကြံရွယ်ထားတာပါ။ ဒါကြောင့် ယခင်ထဲက စစ်ရေးလေ့ကျင့်ရင် ဝ UWSA ကို ရန်သူအဖြစ် ပစ်မှတ်ထားပြီး လေ့ကျင့်ခဲ့တာပါ။ ဒါပေမယ့် ယခုက အဆိုပါစစ်ဆင်ရေးကို AA နဲ့ စစ်ကိုင်းက PDF တိုက်ရာမှာသုံးပြီး ရွာလည်နေတာပါ။


မအလဟာ သူ့ရဲ့ ရက်စက်မှုကို KIA သင်တန်းဆင်းပွဲ ပစ်တာ၊ ဦးကိုနီလုပ်ကြံတာ၊ ယခုဆန္ဒပြသူတွေကိုပစ်တာ၊ ဗမာရွာစစ်စစ်တွေကို မီးရှို့၊ လူသတ်၊ မုဒိမ်းကျင့်တာကနေ ပြခဲ့ပြီးပါပြီ။ EAOs တွေအနေနဲ့ ယခုထက်ကောင်းတဲ့ အထောက်အထား ထပ်လိုမယ်လို့ မထင်ပါဘူး။ ဒီနေရာမှာ စနစ်ပြောင်းသွားပြီး အရပ်သားအစိုးရ မရှိတော့လို့ EAOs တွေအနေနဲ့ ယခင်ကစဉ်းစားတဲ့ ဖိအားပေးတဲ့နည်းတွေက မအလတပ်ကို အလုပ်မဖြစ်နိုင်တော့ဘူးဆိုတာ သဘောပေါက်သင့်ပါတယ်။ ဒီနေရာမှာ UWSA ဝ အဖွဲ့ကိုလဲ သတိပေးလိုတာက မအလတပ်မှူးတွေက ဝ ရဲ့ စစ်ရေးပစ်မှတ်တွေကိုလဲ အမြဲစုဆောင်းနေပြီး UWSA ဟာလဲ နောက်စစ်ရေးပစ်မှတ် ဖြစ်လာနိုင်တယ်ဆိုတာပါ။ ယခုKIA ကို ဗုံးကျဲတာဟာ အောက်ခြေအဆင့်ကမဟုတ်ဘဲ စရဖသတင်းနဲ့ မအလအထိတက် ဆုံးဖြတ်ပြီးမှ ဖျက်အားပြင်းတဲ့ဗုံးကို လူအများကြီးသေအောင် တမင်ကျဲချခဲ့တာပါ။  ဒီပွဲဟာ KIA က စစ်အရာရှိအချို့တက်လို့ မအလက ထိုအရာရှိ ငါးယောက်လောက်ကိုသတ်ဖို့ ကြားကပြည်သူတွေကိုလဲ ရက်စက်ယုတ်မာစွာ ဗုံးကျဲခဲ့တာပါ။ နောက်ပိုင်း AA ပွဲ၊ KNU ပွဲ၊ UWSA ပွဲလဲ သူဗုံးကျဲချင်ရင်ကျဲမှာပါ။ ယခင် UWSA စစ်ရေးပြချိန်မှာ မအလတပ်ကဗိုလ်ချုပ်က သူတို့သီးခံပေးထားတယ်ဆိုတာ သူ့စိတ်ရင်းအတိုင်း ပြောသွားခဲ့တာပါ။


စာရေးသူယခုရေးတာကို အချို့က UWSA ကိုတော့ မအလ မလုပ်ရဲပါဘူးလို့ ထင်ကောင်း ထင်နိုင်ပါတယ်။ ယခုတောင် AA နဲ့ စစ်မျက်နှာဖွင့်တိုက်နေတာ အားလုံးသိမှာပါ။ ရှမ်းမြောက်မှာ SSPP ကို ဆုတ်ခိုင်းထားပြီး ဟိုကလဲမဆုတ်လို့ မအလတပ်က စစ်ဖြစ်ရင် SSPP ဌာနချုပ်ကိုပစ်ဖို့ ဗုံးကျဲဖို့ ဝ UWSA ဝင်လာရင်လဲ လေကြောင်းကပစ် ဖြတ်တိုက်ဖို့ စစ်ဗျူဟာ ဆွဲပြီးသားပါ။


အကျဉ်းချုပ်ရရင် EAOs တွေအနေနဲ့ မအလကို ဖိအားပေးဖို့ နည်းသစ်တွေကို စဉ်းစားသင့်ပါတယ်။ ယခင်က NUG က ဘာပေးမှ ဘာညာဆိုတာမျိုးကို မေ့လိုက်ပါ။ NUG ကိုလဲ မကူညီချင်ရင် ရပါတယ်။ ဒါပေမယ့် မိမိဒေသကို မအလတပ် လာမတိုက်အောင် ကာကွယ်ဖို့က စစ်ကိုင်း၊မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ပုသိမ်တွေမှာ PDF တွေအားကောင်းနေဖို့ပါ။ ဒါကြောင့် မအလကိုဖိအားပေးဖို့က ဆန္ဒပြသူကတဆင့်မဟုတ်ဘဲ PDF ကတဆင့်သာပါ။ EAOs တွေ အားလုံး NUG လက်အောက်ခံ PDF များကို ကူညီခြင်းဖြင့် မိမိပြည်နယ်လွတ်မြောက်အောင် အတွေးအခေါ်သစ်နဲ့ဖိအားပေးနိုင်ကြပါစေ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Σχόλια


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page