top of page
Search

KIA နဲ့ PDF ၏ လက်စွမ်း

  • Writer: Myat Tun Oo
    Myat Tun Oo
  • Dec 24, 2021
  • 1 min read

KIA နဲ့ PDF က ဆားမှော်မှာ ၃၈၃ နဲ့ ၃၈၄ တပ်ရင်း ဝင်တိုက်ချက်က အတော်ပြင်းတယ်။ တပ်ရင်းမှူးကျသွားတယ်။လက်နက်ခဲယမ်းတွေ တပ်ရင်းနှစ်ရင်းစာ ပါသွားတယ်။ထောင်ချီတယ်။ PDF ကို အဓီကလက်နက်ထောက်ပံ့နေတာကအမေရိကန်၊တရုတ်၊ အင်္ဂလိပ်မဟုတ်ဘဲ မအလတပ်ဖြစ်နေတာ။ လက်နက်က PDF တွေအတွက် ထောတာဘဲ။ ယခင်ကလက်နက်ဟာ ရဲဘော်အရေအတွက်အတိုင်းထားပေမယ့် ယခုက စစ်သားမိန်းမတွေ၊ ပျူစောထီးအတွက်ပါ လက်နက်တွေကိုတပ်ရင်းထဲသိမ်းထားလို့ များသွားတာ။ ခရစ်စမတ်လက်ဆောင်ပေါ့။ ရဟတ်ယဉ်လိုက်သွားပေမယ့် မမှီဘူး။လေတပ်က ကရင်အတွက်သာ ပြင်ထားလို့ အငိုက်ခံလိုက်ရတယ်။ ယခုစည်းဝေးနေတာက KIA ကို ထိုးစစ်ဆင်မလားပေါ့။ဒါပေမယ့် ယခုထက် တပ်တွေ ပိုလိုတယ်။ ဟန်ပြတပ်ထိုးမလား? အောက်ကတင်ပြတာတော့ စစ်မြေပြင်တိုင်း နိုင်နေပါသည်ပေါ့။ ဒီလိုမျိုး တပ်ရင်းလိုက် လက်နက်ပါသွားရင်တော့ လိမ်ရခက်သွားပြီး မအလ အဖြစ်မှန်ကို စသိလာပါပြီ။ ရဲဘောသေရင် ငရဲသွားရမှာပါ။ မသေရင်လဲ ငရဲသွားရမှာပါ။မြို့ပေါ်မှာ PDF က ဆက်လှုပ်ရှားနိုင်ရင် မြို့ပေါ်ကတပ်ကိုပြန်ခေါ်ဖို့ခက်မယ်။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Dec 24, 2021

ဦးမြတ်!!!ဩကာသ ကန်တော့ကျိုးတွင်ပါဝင်ပါသည်။

အပါယ်လေးပါး (ငရဲ တိရိစ္ဆာန် ပြိတ္တာအသူရကာယ် ) ကပ် သုံးပါး ၊ ရပ်ပြစ်ရှစ်ပါး ၊ ရန်သူမျိုးငါးပါး ၊ ဗျသနတရားငါးပါး ၊ ဝိပ္ပတ္တိ တရား လေးပါးတို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍!!! သိတတ်စအရွယ်ကတည်းက ရွတ်ဆိုကန်တော့ ဆုတောင်းအမှုပြုခဲ့ကြပါသည်။

ဆုတောင်း မပြည့်ခဲ့ကြရပါ။

~အသိဉာဏ်မဲ့သော သတ္တဝါများနှင့် တစပ်ထည်း

~ဟိုသည် လိုက်ပိတ်ပင်သော ပိတ်တာ(ပြိတ္တာ)တွေနဲ့ အနီးကပ်

~ကြောက်အောင် ခြောက်လှန့်၍ ခေါစာပစ်ကျွေးမှ ဝ ကြသည့် အသူရကာယ်များ

ပြည်သူအများစု ကြုံနေရပါသည်။သို့ပါ၍

~အစာရေ ငတ်မွတ်ခြင်း

~ရောဂါဘယနှင့် နာဖျားခြင်း

~လက်နက်ဖြင့်အသတ်ခံရခြင်း

ကပ်သုံးပါးအပြင်

ဗျသန ( ပျက်ဆီးခြင်း)ဟူသော ဆွေမျိုး

စည်းစိမ် စသည့်ပျက်ဆီးပေါင်းစုံသည်

ကာလဝိပ္ပတ္တိ ဟူသော ကာလအခိုက်အတန့်တစ်ခုမှာ ယိုယွင်းပျက်ဆီးခြင်းနှင့်ကြုံတွေ့နေရပါသည်။

လက်သည်တရားခံသည် ရန်သူမျိုးငါးပါးကြောင့်ဖြစ်သည်ဆိုလျှင် ငြင်းဆိုကြမည် မဟုတ်ပါ။

မချစ်မနှစ်သက်အပ်သော အုပ်ချုပ်သည့် မင်း။ ကွက်ကွက်ကွင်းကွင်း တွေ့မြင်နေရပါပြီ။

လက်တွေ့နယ်မှာ ဆုတောင်းပြည့်လေအောင် ကိုယ်ထူကိုယ်ထ မိမိကိုယ်သာ အားကိုးရာ အစစ် ဟု မြင်သိလာကြသည့်အတွက် ဘာသာ အယူ လူမျိုး မခွဲ တသားတည်း ဆင်းရဲတွင်းမှ လွတ်ကင်းအောင် KIA, KNU, KA ,KNDF, CDF

စသည့် အင်အားစုများနှင့်အတူ PDFs တို့က တွန်းကန်တော်လှန်နေပါသည်။

**ပစ္စပ္ပန် လက်‌ေတွ့ငရဲ** ကျရမှာ၊ကြောက်လွန်လွန်းသောကြောင့်ပါ။

ကံ နှင့် ကံ၏ အကျိုးပေးအရ

သူတို့အဝန်းအဝိုင်းမှာတော့ နေ့စဉ်နှင့်အမျှ သောက ပရိဒေဝ မီးတွေတောက်လောင်နေရပြီး ပူဆွေးမှုများနှင့် ပစ္စပ္ပန်ငရဲကို လက်တွေ့ခံစားနေရပါသည်။

လူ မသတ်ပါနဲ့ လို့ အဆုံးအမ အခိုင်အမာ ရှိပါလျက် နားမထောင်တော့ နောင် ဘဝ နောင် ခန္ဓာအသစ် မရမီမှာပင် ငရဲ က…


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page