ISP Myanmar က ကောင်အဖမ်းခံရတာ ဝမ်းနည်းရမလား?
- Myat Tun Oo
- Jun 12
- 1 min read
Updated: Jun 14

ISP Myanmar က ကောင်အဖမ်းခံရတာ ဝမ်းနည်းရမလား?
ISP Myanmar ဟာ အမေစုလက်ထက် ဖောင်းထုသူတွေကို စင်တင်ပေးတဲ့ ယောမင်းကြီးဇရပ်ရဲ့ လက်ကိုင်ဖခင်တွေပါ။ သူ့ထံက ထင်ရှားသူများကတော့ အမေစုကို ဖောင်းထုတဲ့ ယခုအဖမ်းခံရသူ မင်းဇင်၊ မင်းဇော်ဦး၊ အောင်သူငြိမ်း၊ သက်သက်ခိုင်၊ ကိုကိုကြီး၊ စန္ဒာမင်း၊ ချိုချိုကျော်ငြိမ်း၊ ဘိုဘိုကျော်ငြိမ်း၊ ကျော်ဇေယျ၊ ညိုညိုသင်းတို့ပါ။ သူက အာဏာသိမ်းရာမှာ တိုက်ရိုက်မပါခဲ့ပေမယ့် ထိုသူများကို စင်တင်ပေးပြီး အမေစုကို ပြည်သူမကြိုက်သယောင် ထင်ယောင်ထင်မှားဖြစ်စေခဲ့ပြီး အာဏာသိမ်းရင် လွယ်မှာပဲလို့ မအလ ထင်အောင် အားပေးအားမြောက်လုပ်သူများမှာ အဓိကပါဝင်သူပါ။
အာဏာသိမ်းအပြီး PDF ကို အကြမ်းဖက်သမား ပုံဖော်ရာမှာ ISP Myanmar ဟာ ဘီဘီစီ မြန်မာပိုင်း၊ VOA က ယခုပြုတ်သွားသူ ဌာနမှူး သန်းလွင်ထွန်းတို့နဲ့ အဓိက အင်တာဗျူးတွေလုပ်ပြီး ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ သူတို့ မြန်မာပြည်ထဲမှာ မနေတာက မအလဖမ်းမှာကြောင့်မဟုတ်ဘဲ သူတို့က PDF ကို ဖောင်းထုထားသူများဖြစ်ပြီး PDF အားကောင်းလာချိန်မှာ သူတို့ကြောက်လာလို့ပါ။
ဒါဆို တရုတ်က ဘာလို့ဖမ်းလဲ? စရဖရဲ့ မှတ်တမ်းတွေအရ သူတို့ဟာ မအလနဲ့ အမေရိကန်နီးစပ်အောင် လုပ်ပေးနေသူတွေဖြစ်ပြီး အမေရိကန်ကို မအလကို တရုတ်ဆန့်ကျင်သူဖြစ်ကြောင်း၊ PDF တွေက အကြမ်းဖက်သမားဖြစ်ပြီး အမေရိကန်အနေနဲ့ မဟာဗျူဟာအရ မအလကို ဆက်ဆံသင့်ကြောင်း အမြဲလော်ဘီလုပ်နေသူတွေပါ။ ယခုလဲ NUG နဲ့ ပေါင်းထားတဲ့ အခြားအဖွဲ့တွေထဲက တိုင်းရင်းသားလက်နက်ကိုင်တွေကို စွဲထုတ်ဖို့ လော်ဘီလုပ်နေတာပါ။
တရုတ်ဟာ AA ရဲ့ အမျိုးသမီးကို Switzerland ကနေ တရုတ်ကတဆင့် လိုင်ဇာလာချိန်မှာ မအလရဲ့ စရဖက သတင်းပို့ဖမ်းခိုင်းသော်လဲ မဖမ်းပေးခဲ့ပါ။ စရဖကလဲ AA က သတင်းလုံပေမယ့် သူ့မိန်းမက NGO တွေနဲ့သိလို့ ထိုကတဆင့် သတင်း ကြိုရခဲ့တာပါ။ တရုတ်က မဖမ်းပေးခဲ့ပါ။
ပြောလိုတာက တရုတ်ဟာ ဘယ်သူဝင်ဘယ်သူထွက်ဆိုတာ သိပါတယ်။ ဒါကြောင့် NUG က လူကြီးတွေကို တရုတ်မြေရှောင်ဖို့ စာရေးသူ အမြဲသတိပေးပါတယ်။
ယခု မင်းဇင်ကိုဘာလို့ဖမ်းလဲဆိုတော့ မင်းဇင်ဟာ ဒီမိုတွေနဲ့မဆိုင်၊ အမေစုနဲ့မဆိုင်၊ NUG နဲ့လဲ မဆိုင်ပါ။ ISP Myanmar ဟာ အမေစုမကောင်းကြောင်း၊ NLD မကောင်းကြောင်း၊ NUG/PDF မကောင်းကြောင်းသာ ပြောသူပါ။ သူက တရုတ်မကောင်းကြောင်းနဲ့ မအလကို အမေရိကန်နဲ့ ပိုနီးစပ်အောင် လော်ပေးရာကနေ တရုတ်အမျက်တော်ရှပြီး ဆွဲစိတ်ခံရပုံပါ။ ဘာမှ NUG/PDF ကို ကူညီဖို့သွားရင် အဖမ်းခံရတာ မဟုတ်တာက ၁၀၀% သေချာကြောင်း NUG ကိုယ်စား အာမခံပါတယ်။
ဒါကြောင့် သူအဖမ်းခံရတာကို အင်မတန်ဝမ်းနည်းကြောင်း အနီးကပ်စောင့်ကြည့်နေကြောင်းသာ ကုလအထာနဲ့ပြောပြီး အမေရိကန်က ရှင်းတာကိုသာ စောင့်ကြည့်ပါ။ We stand with တွေလျှော့ပါ။ သက်သက်ခိုင်လို စားဖားတစ်ကောင် သူ့လမ်းသူသွားတာပါ။ ဒါပါပဲ။ ပြည်သူက NUG အောက်က PDF ကို သာ PRF က တဆင့် ထောက်ပံ့ပေးပါ။ တရုတ်က အားကောင်းတဲ့ လက်နက်ကိုင်အဖွဲ့ရှိတဲ့ အစိုးရဆို အချိုးပြောင်းမှာပါ။



Comments