top of page
Search

ICU ထဲ ရောက်သွားနိုင်တဲ့ မအလ

  • Writer: Myat Tun Oo
    Myat Tun Oo
  • May 22, 2020
  • 1 min read

မနေ့က လွှတ်တော်မှာ စစ်ဆေးကဗိုလ်မှူးပြောသွားတာတွေဟာ အင်မတန်မှ မိမိရာထူးနဲ့ သင်ထားတဲ့ပညာကို မျက်နှာမထောက်ဘဲ ပြည်သူတွေကို စောကားသလိုဖြစ်နေပါတယ်။

လွှတ်တော်တွေမှာ အာဏာရအစိုးရနဲ့ အတိုက်အခံဆိုတာ အပြန်အလှန်ပြောကြပါတယ်။ ဒါပေမယ့် ဒီအလုပ်ဟာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အလုပ်မဟုတ်ပါ။ ယခုလို ထပြောရင်လူတွေမုန်းပါမယ်။ မိမိတပ်ကို တိုင်းရင်းသားဒေသတွေက မုန်းပါတယ်။ ယခုလိုပြောရင် ပြည်မကဗမာကပါ မုန်းပါမယ်။ ပြည်သူမုန်းရင် တပ်ဟာ ICU ထဲရောက်သွားပါမယ်။ ယခုတောင် ရခိုင်ကတပ်ရင်းတွေ လူမပြည့်တာ တပ်ပြေးလစာထုတ်စားနေတာတွေ တိုက်ပွဲကျသူရဲ့လစာကို အထက်ကနောက်ဆုံးအချိန်အထိ ထုတ်စားတာတွေ လိုင်းပေါ်ရောက်လာပါပြီ။ နောက်ဆို လူကြီးလာလို့ လိုင်းကြေးကောက်တာတွေ တပ်အပိုင်မြေကို အငှါးချတာတွေ တပ်မတော်သားတွေတင် သူတို့လူကြီးခိုင်းတာမဟုတ်ဘဲ ဗိုလ်ချုပ်မိန်းမခိုင်းတာကိုလဲ ဗိုလ်မှူးချုပ်မိန်းမက ကျွန်လိုလုပ်ရတာတွေပါ ထွက်လာပါလိမ့်မယ်။

လေယဉ်ပျံတွေဝယ်ချိန် ကော်မရှင်ယူတာ၊ သင်္ဘောဝယ်ချိန် ကော်မရှင်ယူတာတွေကတော့ ထားလိုက်ပါ။


ဒီနေရာမှာ ပိုးစစ်တဲ့စက်ကို အစိုးရက တစ်လုံးတောင် မဝယ်လို့ဆိုတာက တပ်ချုပ်မအလက အစိုးရထံက ပိုက်ဆံတောင်းပြီး စာရင်းစစ်မခံဘဲ အပိုတွေဝယ် သုံးနေလို့ပါ။ သူယခုလိုစက်ဝယ်တာ ဘယ်လိုတင်ဒါခေါ်ခဲ့ပါသလဲ။ မြန်မာပြည်ရဲ့ ရောဂါဖြစ်နှုန်း သေနှုန်းဟာ အနောက်နိုင်ငံတွေထက် နည်းတာဟာ ဒီစစ်ဆေးကဗိုလ်မှူးအနေနဲ့ ခေါင်းထဲမှာ ပုံမှန်တွေးခေါ်မှုရှိရင် သိမှာပါ။ ပုဇွန်ဦးနှောက်ဆိုးင်တော့ပြောတတ်ပါ။ သူလုပ်နေတဲ့ စစ်ဆေးတပ်ထဲမှာ စစ်ဗိုလ်ဆရာဝန်ပေါင်းများစွာ တပ်ပြေးဖြစ်ပြီး ယခုထောင်တွေကျနေကြပါတယ်။ ယခင်ကလို အရပ်ဖက်လဲပြောင်းမရ ပိုးနဲ့လဲထွက်မရလို့ တပ်ပြေးပြီးထောင်ကျခံလာကြတာပါ။ တပ်မတော်ကြီးထဲမှာ ကောင်းနေရင် စစ်ဆေးတွေ တပ်ပြေးဘယ်ဖြစ်မလဲ။


ယခုလိုပြောလာတာတွေက သူတို့အဘ ရွေးကောက်ပွဲမှာ အပြတ်အသတ်ရှုံးတော့မယ်ဆိုတာကိုသိလို့ကြောက်ကန်ကန်တဲ့သဘောပါ။


ကိုဗစ်မတိုင်ခင်က နယ်သာလန်သွားမယ့် သူတို့အဘက ကိုဗစ်အပြီးမှာတော့ ICU ထဲ ရောက်တော့မယ့်ပုံပါ။ ICU ပြီးရင်တော့ မြောင်းထဲရောက်မှာပေါ့။


စစ်ဆေးက ဗိုလ်မှူးရဲ့ အဘ မအလအနေနဲ့ မိမိစီမံခန့်ခွဲမှုတော်တာကို ပြချင်ရင် တပ်မတော်သားတွေရဲ့ လစာကိုမဖြတ်ဘဲ အပြည့်အဝ ခံစားနိုင်အောင်ပေးပါ။ ရိက္ခာကိုမဖြတ်ပါနဲ့။ ဘာကြေး ညာကြေး မကောက်ပါနဲ့။ ဝတပ်တောင် ယူနီဖောင်းကောင်းနေချိန်မှာ ရှေ့တန်းထွက်တဲ့ စစ်သားလေးတွေကိုခြင်းကြားနဲ့ မထွက်ပါစေနဲ့။ ဝ ယူနီဖောင်းလောက်တော့ လုပ်ပါ။ ဟို စစ်ရေးလေ့ကျင့်တုန်းက ဝတ်ခိုင်းတဲ့ ယူနီဖောင်းလောက်တော့ ပေးဝတ်ပါ။ တရားဥပဒေစိုးမိုးအောင် ဝရမ်းပြေးကို ဖမ်းနိုင်အောင်ကြိုးစားပါ။


မဟုတ်ရင်တော့ အဘမအလဟာ ICU ထဲကို ရောက်သွားပါလိမ့်မယ်။


Photo : Myanmar Harp

 
 
 

Recent Posts

See All
တေဇဆန်းဘာလုပ်ပေးနိုင်လဲ

ဒီရက်ပိုင်းမှာ စရဖတွေက မင်းမော်ကွန်းနဲ့ တေဇဆန်းထောက်ခံသူတွေဖြစ်သွားကြပြီ။ တေဇဆန်းအနေနဲ့ မိမိ မန္တလေးဖြစ်မြောက်အောင် လုပ်ပြလိုက်ပါ။...

 
 
 

3 Comments


U Myint Soe Oo
U Myint Soe Oo
May 23, 2020

ဦးမြတ် ဣဿ. မစ္ဆရိယ တရားဆိုးကျိုးတရား။ပစ္စုပ္ပန်လက်ငင်း အကျိုးပေးတာနော်။ နောင်သံသရာမှာ ? ခေါင်းဆောင် ဆရာကောင်းလွန်စွာ အရေးကြီးပါသည်။ ဗုဒ္ဓဘုရားရှင်မှ နည်းလမ်းမှန်ဖြင် အစဥ်ကို ပြသတတ်သော ဆရာကောင်းရှာရန် (၄၅)ဝါအတွင်း ၄၄ကြိမ် မှာတမ်းရွှေတော်မူခဲ့ပါသည်။ ဒါ့ကြောင့် DASSK ဖွါးစစုက အမုန်းပွါးမဲ့ အမုန်းစကားတွေကို ရှောင်ရှားကြစေလိုသည်ဟု သြဝါဒချွေခြင်းဖြစ်ပါသည်။

Like

Myat Tun Oo
Myat Tun Oo
May 22, 2020

သူတို့ကပြောလိုတာသာကြည့်ပြီး မုသားထပြောလို့ ဖြစ်သွားတာပါ။

Like

U Myint Soe Oo
U Myint Soe Oo
May 22, 2020

ဦးမြတ် ရေ ! ! ! ဇာနည်ထိုက် ဖိုင်တခုထဲမှာ ဆရာဝန်က မကြာခဏ ဖြစ်ပွါးတတ်သော ဆားရ်စ် နှင့် ကိုဗစ်ရောဂါလို့ပြောတဲ့အပေါ် ကမရ/ဝက ပြန်လည်ချေပမှု ကြားပြီးကတည်းက ကလောင်သွားလေး ငို သွားပြီမို့ ဤမျှသာ။

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page