top of page
Search

ICOE အစီရင်ခံစာနှင့် တပ်ချုပ်၏ အနာဂတ်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jan 22, 2020
  • 1 min read

ရခိုင်မှာ အာဆာက စတိုက်တယ်။ ဒါကြောင့် တပ်ကပြန်တိုက်တယ်။ မတိုက်ခင်မှာ ရခိုင်အမျိုးသားပါတီနဲ့ တပ်နဲ့တွေ့ခဲ့တယ်။ နောက်ပိုင်း အိမ်မီးရှို့တယ်၊ လူသတ်တယ် ဘာညာစွပ်စွဲတယ်။ တပ်ကတော့ငြင်းတယ်။ အစိုးရက တပ်ကိုမေးတယ်။ ငြင်းတယ်။ နောက်ပိုင်း ဒုသမ္မတ ဦးမြင့်ဆွေကို ဦးဆောင်ပြီးစစ်ခိုင်းတယ်။ အားလုံးကောင်းပါသည်လို့ အဖြေထွက်တယ်။ နိုင်ငံခြားက ထပ်စွပ်စွဲတယ်။ ဒါနဲ့ ဖိလစ်ပိုင်ကိုဦးဆောင် ဂျပန်ကအဖွဲ့ဝင်ပါပြီး စစ်ခိုင်းတယ်။ အားလုံးက ဟန်ပြပါလို့ ထင်ခဲ့ကြတယ်။အင်္ဂလိပ်သံအမတ်ကတောင် ဆရာအောင်ထွန်းသက်က UEHRD မှာ ပါလို့ ဒီအဖွဲ့ဟာ တကယ်စုံစမ်းပါ့မလားလို့ မေးခွန်းထုတ်ခဲ့ပါတယ်။

ယခု ICOE ရဲ့ အစီရင်ခံစာ ထွက်လာခဲ့ပါပြီ။ သူက စစ်ရာဇဝတ်မှုတွေကို တပ်ကကျူးလွန်ခဲ့တယ်၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိတယ်၊ လက်ရှိမြန်မာပြည်ရဲ့ တည်ဆဲဥပဒေတွေကို ချိုးဖောက်ခဲ့တယ်လို့ ရေးသားခဲ့ပါတယ်။ ဒါကိုသမ္မတကလဲ အရေးယူရန် တပ်ချုပ်၊ စစ်ဥပဒေချုပ်နဲ့ ရှေ့နေချုပ်တို့ကိုညွှန်ကြားလိုက်ပါတယ်။

ဒီအစီရင်ခံစာဟာ ပြည်တွင်းကလူတွေထင်ထားတာထက် တပ်လုပ်တာကို အတိအကျ ပြောရဲတာ ပြောသွားတာ တွေ့ရပါတယ်။ ပြည်ပကလူတွေကတော့ မလုံလောက်ဘူးလို့ အော်နိုင်ပေမယ့် အမေရိကန်နဲ့အင်္ဂလိပ်အစိုးရအတွက်ကတော့ မျှော်လင့်ထားတာထက် ပိုပြီးတော့ရေးထားတာကိုတွေ့ရတယ်လို့လျှို့ဝှက်စွာ ဝန်ခံကြမှာပါ။

တပ်မတော်မှာက အထက်ကမခိုင်းဘဲ အောက်ကလုပ်ရဲပါ့မလား ဒါဟာ အထက်ကခိုင်းလို့ လုပ်တာလား မခိုင်းဘဲနဲ့ သူတို့သဘောနဲ့ လုပ်တာလားဆိုတဲ့ ပြဿနာက ပေါ်လာပါတယ်။အချို့ကိစ္စတွေမှာ သူ့သဘောနဲ့သူ အောက်ခြေကလုပ်လားဆိုတဲ့မေးခွန်းကလဲ ပေါ်လာပါတယ်။၂၀၀၈ ခြေဥအရ ဘရွှေဟာဒီကိစ္စတွေနဲ့ မဆိုင်တော့လို့ ကံကောင်းသွားပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ စဉ်းစားရမှာက လက်ရှိတပ်ချုပ်ကို ဆက်ထားမလား အသစ်ကို DASSK နဲ့ညှိနှိုင်းပြီး ပြောင်းမလားဆိုတာ စဉ်းစားရတော့မှာပါ။

ဒီကိစ္စမတိုင်ခင် တိုက်ပွဲတွေရဲ့ ရလာဒ်ကလဲ လက်ရှိတပ်ချုပ်ရဲ့ ခေါင်းဆောင်မှုနဲ့ စီမံခန့်ခွဲမှုတွေကိုမေးခွန်းထုတ်စရာရှိနေခဲ့တာက တပ်ကအငြိမ်းစားယူသွားသူ လူဟောင်းတွေထဲမှာ တိုးတိုးတိတ်တိတ်ရှိနေခဲ့ကြပါတယ်။ သူတို့က နိုင်ငံရေးမပါဘဲ လက်ရှိတပ်ချုပ်ရဲ့ တိုက်ရည်ခိုက်ရည်ကို မေးခွန်းထုတ်ခဲ့ကြတာပါ။

ဒီအစီရင်ခံစာကနေ မေးခွန်းများစွာထွက်လာခဲ့ပါတယ်။ ဘယ်လို ပြစ်မှုကျူးလွန်သူတွေကို အရေးယူမလဲဆိုတာနဲ့ တာဝန်ယူမှု တာဝန်ခံမှုဟာ ဘယ်အဆင့်အထိသွားမလဲဆိုတာပါ။ နောက် ဒီလိုအရေးယူဖို့ကို လက်ရှိတပ်ချုပ်က လုပ်ပါ့မလားဆိုတာနဲ့ လုပ်ခဲ့ရင်လဲ ဘယ်လောက်အထိ ထင်သာမြင်သာရှိမလဲဆိုတာတွေပါ။

ဘရွှေနဲ့ DASSK အတွက် အကောင်းဆုံးကတော့ သူ့ကိုအနားပေးပြီး အသစ်တင်လိုက်ရင် ဖိအားတွေလျော့သွားနိုင်ပါတယ်။ ဒါဆိုရင် လိုအပ်နေတဲ့ လုံခြုံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကိုလဲ လုပ်နိုင်လာမှာပါ။ သူလဲ ၂၀၂၀ မှာ ဝါသနာပါရင် ဝင်ပြိုင်လို့ ရသွားနိုင်ပါတယ်။

တချိန်ထဲမှာ ဘရွှေကလဲယုံတဲ့ DASSK ကလဲ သဘောကျတဲ့ တပ်ထဲမှာ စီနီယာလဲကျတဲ့ လက်ရှိဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကျော်ဆွေလိုလူမျိုးကို တပ်ချုပ်ပေးခဲ့ရင်တော့ အလွန်ကောင်းသွားနိုင်ပါတယ်။ဒုတပ်ချုပ်ကို တင်လိုက်ရင်လဲ ရေတိုအဆင်ပြေနိုင်ပါတယ်။ ဒါကတော့ ထင်တာရေးတာပါ။

 
 
 

Recent Posts

See All
ကန့်ဘလူနဲ့ နန်းတွင်းဂယက်

ကန့်ဘလူကိစ္စက ဂယက်ပြင်းပါတယ်။ ဒါက မအလအတွက် ဒုတိယပြဿနာပါ။ မအလဟာ သူလာစဉ်အပစ်ခံရတာက ပထမတုန်လှုပ်စရာ သတင်းပေါက်ကြားမှူပါ။ သူပြေးစဉ် ချော်လဲတာကလဲ နမိတ်မကောင်းတာကို ပြနေပါတယ်။ အပြီးမှာ ရဟတ်ယာဉ်နဲ့ထွက်ပြေးပြ

 
 
 
အဘ၊ တရုတ်နှင့် အတိုင်ပင်ခံကောင်စီ

တရုတ်က မအလကို ရွေးကောက်ပွဲ လုပ်ခိုင်းတာ၊ လောလောဆယ် ထောက်ခံထားတာ၊ သူ့လက်အောက်ခံ MNDAA နဲ့ TNLA ကို အပစ်ရပ်ခိုင်းပြီး လားရှိုးပြန်ပေးခိုင်းတာတွေက တရုတ်လက်ချက်ဆိုတာ အားလုံးမပြောလဲ သိကြမှာပါ။အားလုံးသိတဲ့အ

 
 
 
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page