top of page
Search

ICJ အမှုမှာ ဘာဖြစ်နိုင်လဲ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Dec 11, 2019
  • 1 min read

ree

ICJ အမှုမှာ ဘာဖြစ်နိုင်လဲ

ဒါကို စာရေးသူအနေနဲ့ ရှေ့နေမဟုတ်လို့ လက်ရှောင်လေ့ရှိပါတယ်။ ဒါပေမယ့် မနေ့က မြန်မာနိုင်ငံဘက်က ရှေ့နေတွေရဲ့ လျှောက်လဲချက်ကို နားထောင်အပြီးမှာ ပိုသိလာတာလေးတွေရှိလာပါတယ်။

ပထမ DASSK က အစွန်းနှစ်ဖက်ကို ရှောင်သွားပါတယ်။ စစ်ရာဇဝတ်မှုနဲ့ လူမျိုးတုန်းသတ်ဖြတ်တာကကွာနေသလို သူမက ပြည်တွင်းမှာ တရားစီရင်တာနဲ့ ခြေဥပြင်နေတာကို စောင့်ကြည့်ပါလို့ပြောသွားပါတယ်။

နောက်ဟာက လူတွေနေရာပြောင်းရွှေ့တိုင်း လူမျိုးတုန်းသတ်တာ မဟုတ်ဘူးဆိုတာကို အဓိကထားပြောသွားသလို ဂမ္ဘီယာက စွဲခွင့်မရှိဘဲစွဲတာ၊ နောက်မြန်မာက လူမျိုးတုန်းသဘောတူစာချုပ်မှာအခန်း(၆) နဲ့ (၈) မှာ လက်မှတ်မထိုးထားလို့ စီရင်ခွင့်မရှိတာတွေ ထည့်ပြောသွားတာကောင်းပါတယ်။

ယခုတရားစွဲရာမှာ ဂမ္ဘီယာက မြန်မာက လူမျိုးတုန်းသတ်တာကို ကျူးလွန်နေလို့ ရပ်ဖို့နဲ့ မဖြစ်အောင်တားဖို့ ကြားဖြတ်အမိန့်ထုတ်ခိုင်းတာပါ။ နောက်မှ လူမျိုးတုန်းသတ်တာ ကျူးလွန်မလွန် အမိန့်ချတာက နှစ်ချီဖြစ်ရမှာပါ။

ပထမအမိန့်က ICJ သာ ခံစားချက်မပါဘဲ ဥပဒေအတိုင်းသွားရင် မြန်မာနိုင်ရမှာပါ။ ဒါပေမယ့် ICJ တရားသူကြီးများက မဲပေးဆုံးဖြတ်မှာမိုလို့ ပြောရခက်ပါတယ်။

ဒါပေမယ့် ICJ က ဘာအမိန့်ချချ မြန်မာက အခန်း (၆)နဲ့ (၈) ကို အစကထဲက သဘောမတူထားလို့ မလိုက်နာလဲ ရပါတယ်။

Photo credit: Myanmar State Counsellor Office

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page