top of page
Search

ICJ နဲ့ စီရင်ထုံးများ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Nov 22, 2019
  • 1 min read

ICJ နဲ့ စီရင်ထုံးများ

ICJ အကြောင်းကို ယခင်က မလေ့လာမိပါ။ ICC ကတော့ ခေတ်စားခဲ့တာ ကြာပါပြီ။ ယခု ICJ အကြောင်းကို လေ့လာမိသလောက် ပြောပါမယ်။

ICJ က ကုလသဘောတူညီချက်အရ ဖွဲ့ထားတဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံးပါ။ သူက နယ်သာလန်နိုင်ငံ သီဟိတ်(The Hague) မြို့က ငြိမ်းချမ်းရေးနန်းတော်(Peace Palace) မှာ အခြေစိုက်ပါတယ်။ သူ့မှာတရားသူကြီး ၁၅ ယောက်ရှိပါတယ်။ သက်တမ်းက ၉ နှစ်ပါ။ လုံခြုံရေးကောင်စီအဖွဲ့ဝင် ငါးနိုင်ငံကတစ်ယောက်စီခန့်ထားပြီး ကျန်တာက အာရှ၊ အာဖရိက၊ ဥရောပ၊ အမေရိကဆိုပြီး အချိုးကျ ကုလကရွေးကောက်တင်မြှောက်ပါတယ်။

လက်ရှိ ICJ ဥက္ကဌက ဆိုမာလီးယားနိုင်ငံကပါ။

သူ့မှာ အမှုစစချင်း စီရင်ခွင့် ရှိမရှိလျှောက်လဲချက်ပေးရပါတယ်။ နောက် စီရင်ခွင့်ရှိတယ်လို့ ဆုံးဖြတ်ခဲ့ရင် ဆက်စစ်ပါတယ်။ သူကဘဲ ဆုံးဖြတ်တာပါ။

အာရှကနေ ICJ ထံရောက်ခဲ့တဲ့ အမှုတွေကတော့ အိန္ဒိယနိုင်ငံသားကို ပါကစ္စတန်က သေမိန့်ပေးတာကိုအိန္ဒိယက မသတ်ဖို့လျှောက်တာ၊ မလေးရှားနဲ့ စင်ကာပူတို့ နယ်မြေအငြင်းပွါးတာကို ၂၀၁၈ မှာစီရင်ချက်ချခဲ့တာပါ။ နာမည်ကြီးအမှုကတော့ အမေရိကန်နဲ့ အီရန်၊ ယူကရိန်းနဲ့ ရုရှားတို့ပါ။ အားလုံးမှာတရားစွဲခဲ့တဲ့ နိုင်ငံက ဘာကြောင့်စွဲလဲ လျှောက်လဲချက်ပေးပြီး အစွဲခံရတဲ့နိုင်ငံက တရားရုံးရဲ့ စီရင်ပိုင်ခွင့်မှာမရှိကြောင်း လျှောက်ကြတာများပါတယ်။ ရုရှားရော အမေရိကန်ရော ရှုံးပြီး တရားရုံးက သူ့စီရင်ပိုင်ခွင့်မှာရှိတယ်ဆိုပြီး ဆက်စစ်နေပါတယ်။

တရားစွဲသူရော အစွဲခံရသူတွေကိုယ်စား အချို့က ဒုနိုင်ငံခြားရေးဝန်ကြီးလာပြီး အများစုကတော့ရှေ့နေချုပ်၊ သမ္မတရဲ့ ဥပဒေအကြံပေး၊ အိန္ဒိယအမှုမှာဆို နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန်က ကိုယ်စားပြုလာပါတယ်။ ပါကစ္စတန်က သူ့ရှေ့နေချုပ်ကို လွှတ်ပါတယ်။ အများစုကတော့ သူတို့ရဲ့ အထက်ပါကိုယ်စားလှယ်တွေကတဆင့် အနောက်တိုင်းကရှေ့နေတွေငှါးကြတာပါ။နိုင်ငံကြီးတွေ အမေရိကန်တို့ ရုရှားတို့ဆိုရင်တော့ သူ့ဌာနေသံအမတ်ကိုသွားခိုင်းပြီး သူ့ရှေ့နေအဖွဲ့လွှတ်လိုက်ပါတယ်။

နောက်အမှုကတော့ ထိုင်းနဲ့ကမ္ဘောဒီးယားတို့ရဲ့ ဘုရားကျောင်းမြေ ပိုင်ဆိုင်မှုအငြင်းပွါးတာကို ၂၀၁၃မှာ အမိန့်ချတာပါ။ ကမ္ဘောဒီးယားက ဒုဝန်ကြီးချုပ်ဦးဆောင်ပြီး ထိုင်းက ဌာနေသံအမတ်သာ ကိုယ်စားပြုပါတယ်။ သူလဲ ရှေ့နေတွေ ငှါးကြပါတယ်။ ကမ္ဘောဒီးယားကနိုင်ပြီး ထိုင်းရဲနဲ့တပ်ကို ဘုရားမြေကဆုတ်ခိုင်းခဲ့ပါတယ်။

သူ့အမိန့်ကိုမလိုက်နာရင် ဘာဖြစ်လဲ? အမေရိကန်တို့ ရုရှားတို့က လိုက်နာလေ့မရှိပါ။ ယခုအမေရိကန်သံရုံးကို အစ္စရေးမှာ ဂျေရုဆလင်မြို့ကို ပြောင်းရွှေ့တာကို တရားစွဲထားပါသေးတယ်။ မလိုက်နာရင်လုံခြုံရေးကောင်စီရောက်ပြီး သူက ဘယ်နိုင်ငံကမှ ဗီတိုမသုံးရင် စီးပွါးရေးပိတ်တို့တာ ခံရပါတယ်။ရုရှား (သို့) တရုတ်က ဗီတိုသုံးရင်တော့ လွတ်ပါတယ်။

မြန်မာနဲ့အမှုမှာ DASSK ကိုယ်တိုင်သွားမယ်လို့ တက်လာတာ သတင်းလွှင့်တာ တွေ့ပါတယ်။ သူမကတကယ်သွားမယ်ပြောလား ကြီးကြပ်မယ်ပြောတာကို အောက်ကလွှင့်လားတော့ မသိပါ။

စာရေးသူက နိုင်ငံရေးသမားမဟုတ်ပါ။ ဓာတ်ခဲနဲ့ တပ်ဖြစ်ရာမှာ တပ်ကိုထောက်ခံပေမယ့် တပ်ရဲ့လွှတ်တော်ထဲမှာ ပမာမခန့်ပြောပုံ ဆိုပုံ မဲပေးပုံတွေအရ စာရေးသူလို သာမန်လူသာဆိုးင်တော့ရှေ့နေချုပ်ကိုသာ လွှတ်ပါမယ်။ မင်းကလဲ တိုင်းပြည်အတွက်အရေးကြီးတယ်ဘာညာဆိုရင် ဒီ ICJ ကအမေရိကန်တို့ ရုရှားတို့တောင် သူစီရင်ခွင့်ရှိတယ်ဆိုပြီး လုပ်နေတာပါ။ မြန်မာပြည်လို ခြေဥက မိမိဖက်မှာမရှိတဲ့တိုင်းပြည်မှာက အင်မတန်ခက်ပါတယ်။ နိုင်ငံချစ်စိတ်က သတ်သတ်ပါ။ မိဘတိုင်းသားသမီးကိုချစ်ပါတယ်။ မိမိသားက သူခိုးအစစ်ဆိုရင် တရားရုံးမှာ ကာကွယ်ရခက်ပါမယ်။ မိမိသားက သူခိုးလား လူကောင်းလားဆိုတာကတော့ စာရေးသူမသိလို့ မဝေဖန်လိုပါ။

ဒါပေမယ့် MRTV က သတင်းကအမှန်ဆိုရင် DASSK မှာလဲ စဉ်းစားထားတာရှိလို့နေမှာပါ။ သူမရဲ့မေတ္တာတရားဟာ သာမန်လူတွေထက်ကြီးမားတာကိုတော့ သိပါတယ်။ သူမမေတ္တာထားသလိုလူယုတ်မာတစ်စုက မေတ္တာကိုနားလည်ပြီး လိမ္မာလာပါစေလို့သာ ဆုတောင်းလိုက်ပါတယ်။အောင်မြင်ပါစေ။

ယခုရေးပြတာက ICJ အကြောင်း အဓိကပါ။

Reference : ICJ

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Comentários


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page