top of page
Search

ICJ၊ ဂမ်ဘီယာနှင့်အဘ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Nov 13, 2019
  • 1 min read

ICJ၊ ဂမ်ဘီယာနှင့်အဘ

မြန်မာပြည်ကို ဘင်္ဂလားက ICC ကတဆင့် အမှုတင်ထားတာ အားလုံးသိမှာပါ။ ဒီနေရာမှာ မြန်မာကလက်မှတ်မထိုးထားလို့ ICC က ဘာပြောပြော တကယ်တမ်းမှာ အဘကိုအရေးယူနိုင်ဖို့က နည်းပါတယ်။ အဘနှိပ်စက်တာခံရသူ ပြည်သူအများကတော့ အဘဘာဖြစ်ဖြစ်ပေါ့။ သေချာတာကတော့ အဘရဲ့ ၂၀၂၀ အိမ်မက်ကို ICC က ဖျက်လိုက်တာပါ။ စာရေးသူယခင်က ရေးခဲ့ပြီးပါပြီ မြန်မာကိုတိုင်လို့ICC ကစစ်ရင် မနေ့က အစ္စရေးကပစ်တာကို ပါလက်စတိုင်းက တိုင်ထားပါတယ်။ ဒါကြောင့် စီရင်ထုံးသဘောအရ မြန်မာကိုကိုင်ရင် အစ္စရေးကို ကိုင်ရပါမယ်။ ဒါကြောင့် ရန်သူက ICC က အလုပ်မဖြစ်နိုင်လို့ ICJ ကို လာပါတယ်။ ICJ ဆိုတာဘာလဲ? ICJ က မြန်မာကို အရေးယူလို့ရလား လေ့လာကြည့်ရအောင်။

ပထမဆုံးမြန်မာကိုတိုင်တာက IOC ကိုယ်စား ဂမ်ဘီယာနိုင်ငံက တိုင်တာပါ။ ဂမ်ဘီယာက အနောက်အာဖရိက နိုင်ငံငယ်လေးဖြစ်ပြီး လူဦးရေ ၂ သန်းနီးပါးသာရှိပါတယ်။ အများစုက မူစလင်တွေပါ။၂၀၁၇ ကမှ သူ့သမ္မတက ရွေးကောက်ပွဲရှုံးတာ မဆင်းပေးလို့ အာဆီယံလို ဒေသဆိုင်ရာတပ်ကအာဏာဝင်လွှဲပေးခဲ့ရတာပါ။ သူက Internaltional Court of Justice(ICJ) ကမ္ဘာ့တရားရုံးမှာ မြန်မာကိုလူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုပြီး အရေးယူပေးဖို့ ဦးတိုက်လျှောက်တာပါ။

ICJ ကမ္ဘာ့တရားရုံးမှာ တရားသူကြီး ၁၅ ယောက်ရှိပြီး သူတို့ကို ကုလ အထွေထွေညီလာခံနဲ့ လုံခြုံရေးကောင်စီတို့က ၉ နှစ်သက်တမ်း ရွေးကောက်တင်မြှောက်ပါတယ်။ ICJ ဟာ ကုလအဖွဲ့ဝင်နိုင်ငံတွေကသူတို့တိုင်ချင်ရင် လျှောက်ထားလို့ရပါတယ်။ ဒါပေမယ့် ICJ ရဲ့ တရားစီရင်ခွင့်ဟာ သူ့ရဲ့ ပုဒ်မ ၃၆ မှာစီရင်တဲ့ နိုင်ငံတွေက သဘောတူမှ စီရင်လို့ရတယ်လို့ ဖော်ပြထားပါတယ်။ နောက် သူတရားစီရင်တာကိုအဆိုပါနိုင်ငံက မလိုက်နာခဲ့ရင် လုံခြုံရေးကောင်စီကိုလွှဲပေးရုံသာ တတ်နိုင်ပါတယ်။ ဥပမာအနေနဲ့ အမေရိကန်ဟာ တရားရုံးဆုံးဖြတ်ချက်ကို ၁၉၄၆ ထဲက လိုက်နာဖို့သဘောတူခဲ့ပေမယ့် ၁၉၈၄ မှာ နီကာရာဂွါနဲ့ အမေရိကန်အမှုမှာ တရားရုံက အမေရိကန်ကို ဝင်မတိုက်ဖို့ စစ်အင်အားမသုံးဖို့ ဆုံးဖြတ်ခဲ့လို့အမေရိကန်က ကမ္ဘာ့တရားရုံးကို ထိုအချိန်ကစလို့ အသိအမှတ်မပြုတော့ပါ။ ဒီအမှကြောင့် အဘနာမည်ကြီးသွားပြီး ၂၀၂၀ သမ္မတအိမ်မက်နဲ့ ဝေးစေမယ့် အမှုတစ်ခုတိုးတာမှန်ပေမယ့် ဘာမှတော့ မထူးပါဘူး။

ထူးတာကတော့ မြန်မာပြည်ရဲ့ မိုးကျရှေ့နေချုပ်ကြီးက ဘိုလိုဘယ်လိုလျှောက်လဲချက်ပေးမလဲဆိုတာပါ။ ဒီနေရာမှာ လွှတ်တော်ထဲက တပ်မတော်သားတွေပြောသလို နိုင်ငံခြားသား ရှေ့နေတွေကိုမသုံးဘဲDASSK အနေနဲ့ ပြည်တွင်းဖြစ် မိုးကျရှေ့နေချုပ်ကြီးကို ICJ မှာ လျှောက်လဲချက်ပေးဖို့ စေလွှတ်သင့်ပါတယ်။ ဒါဆို ငါးကြင်းဆီနဲ့ ငါးကြင်းကျော်ပြီးသား ဖြစ်သွားပါမယ်။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page