top of page
Search
  • Writer's pictureMyat Tun Oo

ICJ က မအလကိုခေါ်တာကောင်းလား?


အချို့က မအလအဖွဲ့ ICJ မှာ ရှင်းခွင့်ရတာကို သူ့ကိုများအသိအမှတ်ပြုလို့လားဆိုပြီး ရင်ခုန်နေကြပါတယ်။ အားလုံးသိတဲ့အတိုင်း ရိုဟင်ဂျာကိစ္စဟာ မအလက DASSK ကို သိက္ခာချရအောင် ANP နဲ့ပေါင်းလုပ်ခဲ့တဲ့ကိစ္စပါ။ ANP က အစည်းအဝေးတက်ခဲ့တဲ့ အေးမောင်တို့ အေးနုစိန်တို့ ယခုအချိန်ဘာလုပ်နေလဲ အားလုံးသိမှာပါ။ AA က တောင် ရိုဟင်ဂျာတွေကို မအလက ပြစ်မှုကျူးလွန်တဲ့ အထောက်အထားတွေကို ပို့ထားပါသေးတယ်။ ရိုဟင်ဂျာတွေကိုသတ်၊ရွာတွေကိုမီးရှို့ခဲ့တာ စာရေးသူတို့ ယခုအချိန်မှာ မအလရဲ့အမိန့်နဲ့ သူ့တပ်ကလုပ်တယ်ဆိုတာ ထင်ရှားသွားခဲ့ပါပြီ။ ယခင်က မအလကို သံသယအကျိုးခံစားခွင့်ပေးခဲ့တဲ့ စာရေးသူတို့တောင် စစ်ကိုင်းကရွာတွေ၊ ချင်းကရွာတွေကို မီးရှို့တာတွေ့အပြီးမှာ မအလကလုပ်တယ်ဆိုတာ ယုံသွားခဲ့ပါပြီ။ ဒါကြောင့်တရားခံက မအလပါ။

ယခု ICJ မှာ မအလက လာအစစ်ခံရတာက သူကျူးလွန်ထားတဲ့ပြစ်မှုကို သူလာရှင်းရတာပါ။ ဒါကတရားမမှုသဘောမျိုးပါ။ ICJ ကိစ္စမှာ NUG က ခွချက်ပါ။ ဘာမှအရှုံးမရှိပါဘူး။ NUG က ICJ မှာရှင်းလို့ရရင်လဲ မအလပြစ်မှူကျူးလွန်နေတာကို ပြောခွင့်ရမှာဖြစ်သလို NUG က မရှင်းရလဲ မအလကကိုယ်ကျူးလွန်ထားတဲ့ပြစ်မှုကို သူ့ဖာသာလာရှင်းရလို့ ဟိုက ဘာလုပ်ဆိုပြီး အမိန့်ချရင် သူကလုပ်ရမှာပါ။ လိုက်မလုပ်ရင် သူ့ကို လုံခြုံရေးကောင်စီကို အလွှဲခံရနိုင်ပါတယ်။ ဒီကိစ္စလုံခြုံရေးကောင်စီရောက်ရင် ရုရှားနဲ့ တရုတ်က ဗီတိုလုပ်နိုင်ပေမယ့် သူတို့က မြန်မာပြည်သူနဲ့ မအလကို ရွေးရမှာမဟုတ်ဘဲမြန်မာပြည်သူ OIC နဲ့ မအလကို ရွေးရမှာပါ။

အကျဉ်းချုပ်ရရင် ICJ မှာ ဘယ်သူတက်ရတက်ရ စာရေးသူတို့မှာ အရှုံးမရှိပါ။ မအလအဖွဲ့တက်ရှင်းလဲ ICJ ကိုပြစ်မှုကျူးလွန်ထားသူက လာရှင်းရလို့ တရားမျှတမှု စရလာပြီလို့ ခံစားရပါတယ်။ ပြီးရင်ICC မှာ ဆက်ရှင်းရမှာပါ။ မအလနှင့်အဖွဲ့ အပြုံးမပျက်ဘဲ ICJ နဲ့ ICC ရုံးကို တက်နိုင်ပါစေ။

860 views3 comments
bottom of page