top of page
Search

ICJ က ဘာဆုံးဖြတ်ခွင့်ရှိလဲ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Nov 22, 2019
  • 1 min read

ICJ က ဘာဆုံးဖြတ်ခွင့်ရှိလဲ


ယခုက ICJ ရဲ့ ဆုံးဖြတ်ခွင့် စီရင်ခွင့်လေးတွေကို ရေးပြပါ့မယ်။


မြန်မာကို ဂမ်ဘီယာက လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်တာနဲ့ တရားစွဲထားတာပါ။ ကျူးလွန်တယ်လို့ အမိန့်ချရင် နိုင်ငံသိက္ခာကျနိုင်ပါတယ်။ ဒါက အဆိုးဆုံးကို ပြောပြတာပါ။ ဖြစ်နိုင်ချေအများဆုံးက ပြစ်မှုကျူးလွန်သူကို ဖမ်းစီးစစ်ဆေးဖို့ ဒါမှမဟုတ် ICC ကို လွှဲပေးဖို့ စီရင်ချက်ချနိုင်ပါတယ်။


ဒီနေရာမှာ ဒီပြဿနာ ဘယ်ကစလဲဆိုတော့ ခြေဥကစခဲ့တာပါ။ တပ်ကို ပြဿနာကြိုတင်ကာကွယ်ဖို့ အစိုးရကလွှတ်ချိန်မှာမသွားဘဲနဲ့ ကိုအေးမောင်နဲ့တွေ့အပြီးမှ သွားတာကစပါတယ်။ ဒါက ခြေဥအရ တပ်ကိုအစိုးရအောက်မှာ မထားတာက စပါတယ်။ နောက်ပြဿနာတွေဖြစ်တယ်။ စစ်ရာဇဝတ်မှု ကျူးလွန်တယ်လို့ စွတ်စွဲခံရတယ်။ ဒီလိုအဖြစ်အပျက်မျိုးက အမေရိကန်တပ်ရော အင်္ဂလိပ်တပ်ပါ စွတ်စွဲခံရတယ်။ ဒါပေမယ့် သူတို့ဆီမှာက တပ်က အစိုးရအောက်မှာမိုလို့ စုံစမ်းစစ်ဆေးတယ်။ ဒါဆိုရင် ပြီးပါပြီ။ ဒါက ခြေဥကြောင့် တိုင်းပြည်ကို ပြဿနာတက်တာပါ။


ICJ က ဘင်္ဂါလီကို နိုင်ငံသားပေးပါလို့ အမိန့်ချလို့မရသလို ဘင်္ဂါလီနေတဲ့နေရာကို ဘင်္ဂါလားဒေ့ရှ်ကို လွှဲပေးပါလို့ ပြောလဲမရပါ။ ယခုတရားစွဲထားတာက ဂမ်ဘီယာပါ။ သူစွဲတာက လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်တယ်ဆိုပြီးပါ။ အသေးစိတ်တော့ မသိရသေးပါ။ ICJ ရဲ့ စီရင်ထုံးကသာ အတည်ဆိုရင် အစ္စရေးသိမ်းထားတဲ့နယ်က ပါလက်စတိုင်းတွေကို နိုင်ငံသားပေးလိုက်ရတာ ကြာပါပြီ။ အစ္စရေးက ပါလက်စတိုင်းကထွက်သွားရမှာဖြစ်သလို ရုရှားလဲ ခရိုင်းမီးယားက ထွက်ပေးရမှာပါ။ စင်ကာပူ မလေးရှားနယ်မြေ အငြင်းပွါးမှုနဲ့ ထိုင်း ကမ္ဘောဒီးယား ဘုရားကျောင်းမြေ အငြင်းပွါးတာတွေက နှစ်ဦးစလုံးက စီရင်ချက်ကို လိုက်နာမည်ပြောခဲ့လို့ပါ။

နောက် အင်္ဂလိပ်နဲ့ ကျွန်းနိုင်ငံလေးဖြစ်တဲ့ မောရှစ်ရှ(Mauritius) နိုင်ငံတို့က ချာဂိုးကျွန်း(Chago Island ) ကို သူပိုင် ငါပိုင် အငြင်းပွါးပါတယ်။ အဲ့ဒီကျွန်းကို အင်္ဂလိပ်က အမေရိကန်စစ်တပ်ကို ငှါးထားတာပါ။ ICJ က မောရစ်ရှကို အနိုင်ပေးသလို ကုလအထွေထွေညီလာခံမှာ ၁၁၈ နိုင်ငံက အင်္ဂလိပ်ကို အဲ့ဒီကျွန်းပြန်ပေးဖို့ ဆုံးဖြတ်ချက်ချပါတယ်။ အင်္ဂလိပ်က ပြန်မပေးပါ။


ဒါဆိုရင် ဘင်္ဂလားဒေ့ရှ်ကို ရေပိုင်နက်ပေးလိုက်ရတဲ့အမှုကရော။ အဲ့ဒါက ICJ က စီရင်တာမဟုတ်ပါ။ အဲ့ဒါက မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်က နှစ်ဦးသဘောတူပြီး ၂၀၀၉ ခုနှစ်မှာ The International Tribunal for the law of the Sea (ပင်လယ်ရေပိုင်နက် တရားရုံး)မှာ အမှုတင်ပါတယ်။ သူတို့က တရားရုံးရဲ့ စီရင်မှုကို လိုက်နာပါ့မယ်လို့ ဘရွှေနဲ့အဖွဲ့က သဘောတူခဲ့ပါတယ်(binding resolution ပါ)။ ဒါကြောင့် ရှုံးချိန်မှာ ရေပိုင်နက်ပေးခဲ့ရတာပါ။ ICJ နဲ့ လူအများစုက မှားနေလို့ပါ။ ဒီနှစ်ဖွဲ့က မတူပါ။


မိမိတိုင်းပြည်ရဲ့ ပြဿနာက ခြေဥမှာ အခြေခံပါတယ်။ ခြေဥမှာ တပ်က အစိုးရအောက် အရပ်သားအုပ်ချုပ်မှုအောက်ရောက်ရင် အများစု အဆင်ပြေပါပြီ။


 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page