top of page
Search

ICC၊ ICJ နှင့် အာဂျင်တီးနား

Writer's picture: Myat Tun OoMyat Tun Oo

ICC၊ ICJ နှင့် အာဂျင်တီးနား

ယခုတလောမှာ သတင်းတွေက ဘယ်မှာ တရားစွဲပြန်ပြီ ဘာညာနဲ့ ခဏခဏတက်ပါတယ်။ ပြည်တွင်းမှာက တပ်ကဘုန်းကြီးတွေ ကျောင်းသားတွေနဲ့ ခြေဥပြင်ဖို့ ဟောပြောတဲ့ ကိုနေမျိုးဇင်တို့ကို တရားစွဲတာပါ။ ပြည်ပမှာကတော့ မာမူတို့က ICC ကစွဲလိုက် ICJ ကစွဲဖို့ကြိုးစားလိုက်နဲ့ နောက်ဆုံးက အာဂျင်တီးနားက အချောင်သမား ကန်တာနားက စွဲဖွဲ့ကြိုးစားတာပါ။ ဒါက တိုင်းပြည်အတွက် ဘာတွေအကျိုးအပြစ်ရှိမလဲ လေ့လာကြည့်ရအောင်။

မြန်မာပြည်က ဆင်းရဲပါတယ်။ အစ္စရေးလို ဒီမိုစစ်စစ်မဟုတ်သလို အမေရိကန်ကိုလဲ အဖေမခေါ်ထားပါ။ ပြီးခဲ့တဲ့အပတ်က အစ္စရေးနဲ့ ပါလက်စတိုင်း အပြန်အလှန် နှစ်ရက်ပစ်တာ ပါလက်စတိုင်း ၃၄ယောက်သေပြီး ၁၁၁ ယောက်ဒဏ်ရာရခဲ့ပါတယ်။ ၂၅ ယောက်က ပါလက်စတိုင်း လက်နက်ကိုင်တွေလို့ သုံးပါတယ်။ ကျန် ၉ ယောက်က အရပ်သားပါ။ ဒါ ဒီအပတ်မှာ ၂ ရက်ထဲဖြစ်တာပါ။ မြန်မာပြည်မှာဖြစ်လို့သေတာက သူတို့ထက်နည်းပါတယ်။ ပါလက်စတိုင်းဒုက္ခသည် ၃ သန်းဟာ ဂျော်ဒန်မှာနေနေရပါတယ်။ ၆ သိန်းကျော်က ဆီးရီးယားမှာပါ။ ဒါပေမယ့် ICC က ဘာမှ မလုပ်ရဲပါ။ ဘာကြောင့်လဲ။

စစ်ဖြစ်ရင် လူသေပါတယ်။ အရပ်သားလဲ သေပါတယ်။ အမေရိကန်တိုက်တဲ့ အီရတ်၊ အာဖဂန်၊ ဆီးရီးယားမှာသေသလို ရုရှားတိုက်ခဲ့တဲ့ ချီချင်ညာ၊ ယူကရိန်းနဲ့ ဆီးရီးယားမှာလဲသေပါတယ်။ ဒါဆိုမြန်မာပြည်နဲ့ ဘာကွာလဲ။ မြန်မာက စစ်ရေးရော၊ စီးပွါးရေးပါ အားနည်းပါတယ်။ ဒါနဲ့တင် လုပ်လို့ရပြီလား? ဖီလစ်ပိုင်လဲ မြန်မာလိုပါဘဲ။ ဒူတာဒေးက မူးယစ်တိုက်တာမှာ ကြားလူသေတာများလို့ အပြောခံရပါတယ်။ သူ့ကိုတော့ ဘာမှမလုပ်ရဲပါ။

အဓိက မြန်မာပြည်နဲ့ အခြားတိုင်းပြည်တွေ ကွာနေတာက ခြေဥပါ။ အခြားတိုင်းပြည်တွေမှာက တပ်ချုပ်ဟာ ညွှန်ချုပ်အဆင့်သာရှိပြီး တပ်ကိုလွှတ်တော်ထဲမှာ ပေးမထိုင်ခိုင်းထားပါ။ ဒါကြောင့်ပြဿနာဖြစ်ရင် စစ်ဆေးရတာလွယ်ကူပြီး တပ်ကလဲ မိမိအထက်မှာ အရပ်သားအစိုးရရှိတာသိလို့ မပြောရဲပါ။ဥပမာ လွှတ်တော်မှာ ဗိုလ်မှူးချုပ်မောင်မောင်ပြောစကားတွေ တပ်သတင်းမှန်က ဗိုလ်ချုပ်ထွန်းထွန်းညီပြောသလိုမျိုး အရပ်သားအစိုးရကိုပြောခဲ့ရင် ပြုတ်သွားမှာပါ။ မိမိတိုင်းပြည်ထဲမှာ လက်ရှိခြေဥအရအရေးမယူနိုင်သလိုဖြစ်လို့ ပြည်ပက အရေးယူသလိုဖြစ်ပြီး ICC ကိုရောက်သွားတာပါ။ ပုံမှန်မိသားစုမှာ သားကိုအမေက ဆုံးမနိုင်ရင် မိဘဆုံးမတာခံရင် အမေက ရဲခေါ်ပြီး ဆေးဖြတ်ခိုင်းစရာမရှိပါ။ ယခုတော့ သားပုက ခြေဥအားကိုးနဲ့ မိဘဆုံးမတာ မနာခံတော့ အရပ်ကူပါ လူဝိုင်းပါ ဖြစ်သွားတာပါ။ ICC က တော့ တပ်ခေါင်းဆောင်ပိုင်းကို ရည်ရွယ်ထားတာပါ။ ယခင်ရေးခဲ့သလိုပါဘဲ သူကသူ့စီရင်ပိုင်ခွင့်ရှိတယ်ဆိုပြီး စီရင်လဲ နောက်ဆုံးဖမ်းဝရမ်းထုတ်တာကလွဲလို့ ဘာမှမတတ်နိုင်ပါ။ ဘယ်သူကမှတော့ ဘပုကိုဖမ်းပြီးမပို့ပါ။ သူ့သမ္မတအိမ်မက်တော့ ပျက်မှာပါ။

ဒါဆိုဘင်္ဂါလီရဲ့ ရည်ရွယ်ချက်က ဘာလဲ။ သူတို့က သူတို့ကို လူမျိုးစုအနေနဲ့ နိုင်ငံသားပေးဖို့ ဖိအားပေးတာပါ။ ဒါက နေဝင်းဂျင်းဖြစ်တဲ့ လူမျိုးပေါ်အခြေခံတဲ့ နိုင်ငံသားဥပဒေကိုဖျက်လိုက်ရင် သူတို့အိမ်မက်ပျက်ပါပြီ။ ဒါကိုမဖျက်ဖို့ ဝီဝီတို့ကပြောလို့ သူတို့က အဲ့ဒီအကွက်ကိုနင်းတာပါ။

ICJ ကတော့ နိုင်ငံနဲ့ ဆိုင်ပါတယ်။ သူက သူ့စီရင်ခွင့်ရှိ မရှိ လျှောက်လဲချက်ပေးရပါမယ်။ သူကအတင်းစီရင်ရင်လဲ မိမိက မလိုက်နာလို့ရပါတယ်။ ဒါဆိုကုလလုံခြုံရေးကောင်စီရောက်ပြီး ဘာမှမဖြစ်ပဲ ပြီးသွားမှာပါ။

အာဂျင်တီးနားကတော့ ခွေးဟောင်တဲ့အဆင့်မိုလို့ ထည့်မရေးတော့ပါ။

ရေရှည်မှာတော့ ဖိအားက အင်္ဂလန်က လာနိုင်ပါတယ်။ သူ့တိုင်းပြည်မှာက မာမူများလို့ပါ။ ယခင်လပိုင်းက လေဘာပါတီက ကက်ရှမီးယားကိစ္စမှာ အိန္ဒိယဆန့်ကျင်တဲ့အဆိုတင်လို့ အိန္ဒိယလူမျိုးတွေကလေဘာက မာမူပါက္ကစတန်ဘက်လိုက်လို့ လေဘာပါတီကိုမဲမပေးဖို့ ပြောနေကြတယ်လို့ ကြားသိရပါတယ်။ ဒါပေမယ့် မာမူ့မဲကိုလဲ ပါတီတိုင်းက လိုချင်ကြမှာပါ။ ဒါကြောင့် စာရေးသူတို့က အင်္ဂလန်ရဲ့ဖိအားကိုတော့ မျှော်လင့်ထားရပါမယ်။

အမေရိကန်ကတော့ ထရမ့်ပြန်တက်ခဲ့ရင် နောင် လေးနှစ် စိတ်အေးရပါမယ်။

ယခုပြဿနာတွေကို ဘယ်လိုရှင်းမလဲ။ ဒီမိုအများစုဟာ ICC ကိစ္စက ဂျပုကိုရည်ရွယ်လို့ ကန့်ကွက်ရန်မရှိလို့ ဆိုနိုင်ပါတယ်။ ဂျပုနဲ့ ဘင်္ဂါလီတွေ လဲလိုက်ရလဲ အားလုံးက အပြုံးမပျက်နိုင်ပါ။ ဒါပေမယ့် ICJ ကတော့ နိုင်ငံပါလာနိုင်ပါတယ်။ ဒီပြဿနာကို ကမ္ဘာမှာ ဘယ်လိုဖြေရှင်းနေလဲလို့ သတင်းထောက်တွေက ကိုဇော်ဌေးကို မေးတာတွေ့လိုက်ပါတယ်။ ပြဿနာက ခြေဥကြောင့် ဖြစ်လာတဲ့ ပြဿနာပါ။ ဒါကြောင့်ခြေဥကိုပြင်ရပါမယ်။ တပ်ဟာ အရပ်သားအောက်ရောက်ရပါမယ်။ မဟုတ်ရင် လူမိုက်သားကိုအကာအကွယ်ပေးတဲ့မိဘ ဖြစ်သွားမှာပါ။ ခြေဥမှာ နိုင်ငံသားဥပဒေကို ခေတ်နဲ့အညီ လူမျိုးကို အခြေမခံဘဲ ပြင်နိုင်ခဲ့ရင် သူတို့ရဲ့နာမည်က ရိုမကလို့ ဘာလူမျိုးဖြစ်ဖြစ် ပူစရာမလိုတော့ပါ။ နောက်ဒါကနိုင်ငံခြားကအတိုင်းဖြစ်သွားလို့ ကုလလဲ ဘာမှပြောလို့မရတော့ပါ။ သူတို့ပြန်မလာလဲ ဝမ်းနည်းရုံကတပါး အခြားမရှိပါ။ အမေရိကန်လေယဉ်ရပ်ခွင့်ပေးလိုက်ရင် အမေရိကန်က အိုကေသွားမှာပါ။

တချိန်ထဲမှာဘဲ ဘင်္ဂလားဒေ့ရှ်မှာလဲ ဒီဘင်္ဂါလီတွေနဲ့ တိုင်ပတ်နေပါတယ်။ သူကမြန်မာကို ဒုက္ခရောက်အောင် ပြန်လိုသူတွေကိုမပြန်အောင် လုပ်ထားပေမယ့် သူ့ဒုက္ခသည်စခန်းတွေမှာ ဘိန်းတွေ၊ အခြားဒုစရိုက်မှုတွေ၊ လူဦးရေပေါက်ကွဲမှုတွေ၊ သူတို့ဒေသခံအလုပ်ကိုလုလို့ ပြဿနာတွေတက်နေပါတယ်။ဒါကြောင့် မြန်မာကိုရန်မူရင် သူတို့က ဒီအထုတ်ကို ဆက်ထမ်းထားရမှာပါ။

အကျဉ်းချုပ်ရရင် ခြေဥမပြင်နိုင်ခင်မှာတော့ ဒီပြဿနာတွေဟာ ရှိနေမှာပါ။ ပြင်နိုင်ရင်တော့အဆင်ပြေသွားမှာပါ။ အချင်းချင်း စည်းလုံးရမှာဖြစ်ပေမယ့် အဲ့ဒီလို စည်းရုံးဖို့က ခြေဥပြင်ရမှာပါ။

935 views0 comments

Recent Posts

See All

For Mr Marco Rubio

ဒါက Twitter/X မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကို ပြောထားတာပါ။ Today, the junta Min Aung Hlaing staged a coup and arrested our elected...

အရပ်သားသာအဓိက

အမေရိကန်မှာ ရာထူးက အနားယူပြီးသား ဗိုလ်ချုပ်ကြီးတောင် ရွေးကောက်ပွဲမှာ ဝင်ရှုတ်လို့ ထရမ့်တက်တော့ သူ့ကိုပေးထားတဲ့ လုံခြုရေးတွေ...

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page