top of page
Search

ICC ရှေ့နေချုပ်၊ အမေရိကန်နှင့် အင်္ဂလန်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Nov 24, 2019
  • 2 min read

ICC ရှေ့နေချုပ်၊ အမေရိကန်နှင့် အင်္ဂလန်

စာရေးသူက ICJ အကြောင်းရေးအပြီးမှာ ICC နဲ့ အမေရိကန်၊ အင်္ဂလိပ်တို့ရဲ့ ပြဿနာအကြောင်းကိုရေးပြလိုပါတယ်။ ဗဟုသုတအနေနဲ့ပါ။ မြန်မာပြည်ကိုလွှင့်တဲ့ သတင်းတွေထဲမှာ မပါတာလဲပါပါတယ်။

စာရေးသူတို့တိုင်းပြည်မှာ အများစုက စစ်ဖြစ်ရင် အရပ်သားတွေသေတာ၊ ဒုက္ခသည်ဖြစ်တာ၊ စစ်ရာဇဝတ်မှုတွေ ကျူးလွန်တာဟာ စာရေးသူတို့တပ်မတော်နဲ့ဘဲ ဆက်စပ်မြင်လေ့ရှိပါတယ်။ ဒုတိယကမ္ဘာစစ်နဲ့ နောက်ပိုင်း ပင်လယ်ကွေ့စစ်ပွဲတွေ၊ ယူဂိုဆလပ်ကို တိုက်ချိန်တွေမှာ ရန်သူက ယူနီဖောင်းဝတ်တပ်ဖွဲ့ဖြစ်လို့ တိုက်ရ ရာဇသံပေးရတာလွယ်ခဲ့ပါတယ်။ ဥပမာ အီရန်ကဖြစ်ဖြစ် ဆဒန်ဟူစိန်ကဖြစ်ဖြစ် အမေရိကန်တပ်သားကိုမိရင် မင်းတို့ကောင်းကောင်းထား မထားရင်သိမယ်ဆိုရင် အများစုကအဆင်ပြေပါတယ်။ နောက် အီရန်၊ အီရတ်၊ လစ်ဗျားကတပ်တွေက အရပ်သားနဲ့ ရောမနေခဲ့ပါ။ ညွန့်ပေါင်းက မှားပစ်ခဲ့လဲ သူတို့က လက်နက်ကြီးတွေကို အရပ်သားထဲ ဝှက်ထားတယ်ဆိုပြီး အပြစ်ပုံချလို့ရပါတယ်။

ဒါတွေဟာ အာဖဂန်စစ်၊ အီရတ်ကို ဝင်သိမ်းမှု၊ အစ္စရေး ပါလက်စတိုင်းစစ်နဲ့ ဆီးရီးယားစစ်တွေမှာ စပြောင်းလာခဲ့ပါတယ်။ အမေရိကန်တပ်တွေဟာ အာဖဂန်နဲ့ အီရတ်မှာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်တယ်လို့ စွပ်စွဲခံလာရပါတယ်။ အမေရိကန်နဲ့အတူ ဝင်တိုက်တဲ့ အင်္ဂလိပ်တပ်ပါ ဝင်ပါခဲ့ပါတယ်။အစ္စရေးကလဲ ပါလက်စတိုင်းမှာ စွပ်စွဲခံရပါတယ်။ ဒီနေရာမှာ ဒီလိုအနောက်တိုင်းစစ်တပ်တွေ ဘာကြောင့် စွပ်စွဲခံရလဲလို့မေးစရာရှိပါတယ်။ ရန်သူဟာ အရပ်သားလိုဝတ်ပါတယ်။ အရပ်သားနဲ့ ရောနေပါတယ်။ တမင် အရပ်သားကို အကာအကွယ်ယူတိုက်ပါတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်ကိုက အဆိုပါတပ်တွေ အထိနာအောင် ဒေါသဖြစ်အောင် လူ့အခွင့်အရေးချိုးဖောက်အောင်ပါ။ တပ်တွေဟာအရပ်သားနဲ့ရောပြီး ခဏခဏ အတိုက်ခံရချိန်မှာ လူ့အခွင့်အရေး ချိုးဖောက်ကြပါတယ်။ ဒါကြောင့်ဒေါသအလျောက် စိတ်ဖိစီးပြီး ပြစ်မှုကျူးလွန်မိကြပါတယ်။ ရန်သူကို အရပ်သားနဲ့ ခဏခဏ ရောမြင်နေရလို့ အရပ်သားမြင်ရင် ရန်သူထင်လာတဲ့ စိတ်ဝေဒနာဖြစ်တာက စပါတယ်။

ဒီနေရာမှာ အင်္ဂလိပ်ရော၊ အမေရိကန်တပ်ကပါ ကျူးလွန်တာပါ။ ဒါပေမယ့် တုံ့ပြန်ရာမှာ အင်္ဂလိပ်က ဥရောပနိုင်ငံဖြစ်ပြီး အမေရိကန်က ဆူပါပါဝါဖြစ်လို့ တုံ့ပြန်ပုံ မတူခဲ့ကြပါ။

ပထမ အင်္ဂလိပ်တုံ့ပြန်ပုံကို လေ့လာရအောင်။ အင်္ဂလိပ်က သူ့စစ်သားကြောင့် အရပ်သားသေရင်အလိုလို လူသေမှုနဲ့စစ်ပါတယ်။ ပြစ်မှုမြောက်တယ်လို့ ယူဆရင် အထောက်အထားရှိရင် တရားစွဲပါတယ်။ ဒါကြောင့် သူ့ရဲ့တပ်သားတွေအများကြီး တရားစွဲခံခဲ့ရပါတယ်။ နောက်ပိုင်းမှာ အီရတ်ကအရပ်သားအချို့က လိမ်ပြီးတရားစွဲတာကိုလဲ သူတို့သိလာခဲ့ပါတယ်။ ဒါနဲ့နောက်ပိုင်း အဲ့ဒီလိုတရားစွဲတာအချို့ကို ရပ်ခဲ့ပါတယ်။ ဒါကို ICC က နည်းလမ်းမှန်လားလို့ စစ်ချိန်မှာ အင်္ဂလန်က ICC စာချုပ်လက်မှတ်ထိုးထားလို့ သူက ICC ရှေ့နေချုပ်ကို ရှင်းပြခဲ့ပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်ပတ်လောက်က သူ့နိုင်ငံက ဘီဘီစီက သူ့စစ်တပ်ကို စစ်ရာဇဝတ်မှု အာဖဂန်မှာ ကျူးလွန်ကြောင်း ထစွပ်စွဲပါတယ်။သူတို့အလိုရှိတဲ့ သူပုန်က အရပ်သားနဲ့ လက်ဖက်ရည်သောက်ချိန်မှာ အားလုံးကို ပစ်သတ်ခဲ့လို့ပါ။သူက ပြန်စစ်မယ်လို့ ကြေညာခဲ့ပါတယ်။

ဒါမျိုးကို အမေရိကန်ကလဲ ကျုးလွန်ပါတယ်။ အမေရိကန်မှာက ဒါမျိုးကျူးလွန်တာကို ဖွင့်ချခဲ့တဲ့ ချာစီမန်နင်း(Chelsea Maning) ကို ဖမ်းပြီး စစ်ခုံရုံးက လျှို့ဝှက်ချက်ပေါက်ကြားမှုနဲ့ ထောင်ချခဲ့ပါတယ်။စစ်သားအနည်းငယ်ကို အရေးယူခဲ့ပါတယ်။ အခြားအမှုကိုတော့ မစစ်ဆေးခဲ့ပါ။ အမေရိကန်က ICC အဖွဲ့ဝင်မဟုတ်ပါ။ ဒါကို ICC ရဲ့ ရှေ့နေချုပ် Fatou Bensouda( ဖာတို ဘမ်ဆိူဒါ) က အမှုစစ်ဖို့ တရားရုံးကို လျှောက်ထားခဲ့ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက သူ့တိုင်းပြည်ကို စုံစမ်းစစ်ဆေးသူတွေကို ဗီဇာပိတ်မယ် ဘာညာဆိုပြီး ခြိမ်းခြောက်ခဲ့သလို ICC ရှေ့နေချုပ်ကို ဧပြီ ၅ ရက် ၂၀၁၉ မှာဗီဇာရုပ်သိမ်းခဲ့ပါတယ်။ အမေရိကန်က ICC စာချုပ်လက်မှတ်မထိုးထားလို့ပါ။ ဒီနေရာမှာ အာဖဂန်ကICC ကို လက်မှတ်ထိုးထားပါတယ်။ မြန်မာနဲ့ ဘင်္ဂလားလိုပေါ့။ သူ့ရဲ့ စီရင်ချက်မှာ ICC တရားသူကြီးတွေက ဒီအမှုမှာ အမေရိကန်၊ အာဖဂန်အစိုးရနဲ့ တာလီဘန်က ပူးပေါင်းဆောင်ရွက်မှာ မဟုတ်တာကြောင့်လို့ အကြောင်းပြပါတယ်။ မြန်မာအမှုမှာလဲ မြန်မာနဲ့ အာဆာက သူနဲ့ပူးပေါင်းဆောင်ရွက်မှာမဟုတ်ပါဘူး။ စီရင်ထုံးက နိုင်ငံပေါ်မူတည်ပြီးကွာပါတယ်။

အကျဉ်းချုပ်ရရင် တပ်တွေဟာ လူတွေနဲ့ဖွဲ့စည်းထားလို့ အမှားလုပ်နိုင်ပါတယ်။ ရဲ၊ ဆရာဝန်၊အင်ဂျင်နီယာ၊ တရားသူကြီး အားလုံးဟာ အမှားလုပ်နိုင်ပါတယ်။ ဒါဟာ သဘာဝတရားပါ။ ဘယ်ဘာသာမှာမဆို ဘုန်းကြီးတွေလဲ ပြစ်မှုကျူးလွန်နိုင်ပါတယ်။ လူ့သဘာဝပါ။ ဘာကွာလဲဆိုတော့အားလုံးကို အရပ်သားအောက်မှာ စုံစမ်းစစ်ဆေးရတာပါ။ လက်နက်ကိုင်အဖွဲ့တစ်ခုဟာ ခြေဥအရဥပဒေအထက်ရောက်သွားရင် ပြဿနာတက်နိုင်ပါတယ်။

နောက်သင်ခန်းစာက ICC ရဲ့ ပထမရှေ့နေချုပ်က အာဂျင်တီးနားလူမျိုးဖြစ်ပြီး သူက ၂၀၀၃-၂၀၁၂အထိ တာဝန်ယူခဲ့ပါတယ်။ သူ့လက်ထက်မှာ အမှုအားလုံးနီးပါးက အာဖရိကက အာဏာရှင်တွေစစ်ဘုရင်တွေပါ။ ၂၀၁၂ မှာ ယခု ဂမ်ဘီယာနိုင်ငံသူ တက်လာတာပါ။ သူကမှစပြီး အာဖဂန်မှာတိုက်ဆိုင်စွာဘဲ သူမနဲ့ ဘာသာတူတွေခံရလို့ အမေရိကန်နဲ့ အင်္ဂလိပ်ကို စစစ်ဖို့ကြိုးစားလာတာပါ။ အမေရိကန်ကတော့ ကမ္ဘာ့နံပတ်တစ်နေရာမိုလို့ သူမလုပ်ချင်တာ လုပ်မရခဲ့ပါ။ သူမစစ်ဖို့ ကြိုးစားချိန်မှာအမေရိကန်က သူမကို သူ့နိုင်ငံ၊ အစ္စရေးနဲ့ သူ့မဟာမိတ်နိုင်ငံတွေကို မထိဖို့ ရာဇသံပေးခဲ့ပါတယ်။ ဗီဇာပိတ်ပြီး ငွေကြေးဖြတ်မှာနဲ့ အခြားအရာတွေနဲ့ ဗြောင်ခြိမ်းခြောက်ခဲ့လို့ ICC တရားသူကြီးတွေက သူမကို စုံစမ်းခွင့် မပေးခဲ့တာပါ။

စာရေးသူတို့တိုင်းပြည်အနေနဲ့က အမေရိကန်လောက် အားမကြီးပါ။ ဒါပေမယ့် မိမိဖာသာ ခြေဥကိုအရပ်သားအောက် တပ်ထားပြီးစစ်ရင် အဆင်ပြေသွားမှာပါ။ သူမကတော့ ဂမ်ဘီယာကဆိုတော့ သူမဘာလုပ်ချင်တယ်ဆိုတာ သိလိမ့်မယ်ထင်ပါတယ်။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Commentaires


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page