top of page
Search

ICC ကပြောသော ဘာကြောင့် ငါတို့ ကိုယ့်အားကိုယ်ကိုးရမလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Nov 27, 2024
  • 1 min read

ICC ကပြောသော ဘာကြောင့် ငါတို့ ကိုယ့်အားကိုယ်ကိုးရမလဲ?

ICC ကိုအထင်ကြီးသူများက ဆူဒန်က အာဏာရှင်ဟောင်း အိုမာဘာရှားကို ဖမ်းဝရမ်းထုတ်ချိန်မှာရင်ခုန်ခဲ့ကြပါတယ်။ စာရေးသူလဲ မျှော်လင့်ခဲ့ပါတယ်။ ဒါပေမယ့် သူ့ကို ယခုအချိန်အထိ မဖမ်းနိုင်သေးပါ။ ပူတင်ကို ဖမ်းဝရမ်းထုတ်ချိန်မှာ အနောက်အုပ်စုက လက်ခုပ်ဝိုင်းတီးခဲ့ကြပါတယ်။ ဒါကလက်တွေ့မှာ ပူတင်ကိုဖမ်းဖို့ မဖြစ်နိုင်ပါ။ သူ့ကိုဖမ်းတဲ့တိုင်းပြည်က စစ်ကြေညာခံရမှာပါ။ သူကလဲအနောက်ဥရောပကို ရှောင်မှာပါ။ ဒီကိစ္စမတိုင်ခင်ကထဲက ICC နဲ့ အမေရိကန်က ပြဿနာလေးတွေ စဖြစ်နေခဲ့ပါပြီ။ ယခင် ICC ရှေ့နေချုပ်က အမေရိကန်စစ်တပ်နဲ့ နိုင်ငံသားအချို့ကို စစ်ရာဇဝတ်မှုနဲ့ ဖမ်းဖို့ စုံစမ်းခဲ့ချိန်မှာ အမေရိကန်ကထိုရှေ့နေချုပ် Bensouda ကို ၂၀၂၀ မှာ ထရမ့်ကပိတ်ဆို့ဖို့ လုပ်ခဲ့ပါတယ်။ သူမက အမှုဆက်မစွဲရဲတော့ပါ။

အစ္စရေး-ပါလက်စတိုင်းပြဿနာက ကမ္ဘာကြီးမှာ ရိုက်ခတ်မှုကြီးမားခဲ့ပါတယ်။ ပါလက်စတိုင်းက မာမူတွေလော်ဘီကောင်းသလို အစ္စရေးကလဲ သတင်းမီဒီယာတွေထိန်းချုပ်ပြီး လော်ဘီကောင်းပါတယ်။စာရေးသူတို့ကို လုပ်ချိန်က ဘာမှပြန်မလုပ်နိုင်ခဲ့တာကို အစ္စရေးက လုပ်ပြနိုင်ပါတယ်။ ယခု မအလမတိုင်ခင် အစ္စရေးဝန်ကြီးချုပ်ကို လက်ရှိ ICC ရှေ့နေချုပ်က ဖမ်းဝရမ်းထုတ်မယ်ဆိုပြီး စလုပ်ချိန်မှာထိုရှေ့နေချုပ်ကို သူ့ရဲ့ယူ‌ကေကရှေ့နေကောင်စီမှာ ရှေ့နေလက်မှတ် ပြန်ရုတ်သင့် မသင့်အဆိုစတင်သွင်းလာပါတယ်။ ဒီကိစ္စအပြီးမှာ သူ့ကို အမျိုးသမီးတစ်ယောက်က လိင်ပိုင်းဆိုင်ရာကိစ္စနဲ့ စွပ်စွဲလို့စတင်အစစ်ဆေးခံနေရပါပြီ။ သူက ပုံမှန်ဆိုရင် အစွပ်စွဲခံရရင် နုတ်ထွက်ရပေမယ့် မနုတ်ထွက်ဘဲအစ္စရေးဝန်ကြီးချုပ်ကို ဖမ်းဝရမ်းထုတ်သွားတာပါ။ ဖမ်းဝရမ်းထုတ်အပြီးမှာ အမေရိကန် အထက်လွတ်တော်က အမတ်ကြီး Lindsey Graham က ဒီရှေ့နေချုပ်ကို စီးပွားရေးပိတ်ဆို့ဖို့ အရေးယူဖို့တွေစလုပ်နေပါပြီ။ ထရမ့်တက်ရင် ကြမ်းမှာပါ။ သူတို့က အကြမ်းဖက်အဖွဲ့နဲ့ အစ္စ‌ရေရးကို တန်းတူလုပ်လို့ပါ။ လက်ရှိ‌ရှေ့နေချုပ်အဖေက ပါကစ္စတန်ကလာတာဖြစ်ပြီး အရေပြားဆရာဝန်ပါ။ သူက ယူကေနိုင်ငံသားပါ။ ICC ကို အဓိကထောက်ပံ့တာက ယူကေဖြစ်ပြီး ထရမ့်တက်လာရင် အစ္စရေးဝန်ကြီးချုပ်ကို ဖမ်းဝရမ်းထုတ်တာ ပြန်မပြင်ရင် ဖိအားတွေလာမှာပါ။

မအလကို ICC ကဖမ်းဝရမ်းထုတ်ပြီး ဖမ်းမိခဲ့ရင်တောင် သေဒဏ်မပေးနိုင်ပါ။ သူက ဟဟ်တပ်လွတ်ပြီရဖမ်းမှာလဲ မဟူတ်ပါ။ နောက် ဒီကိစ္စမှာ မအလနဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တဲ့ ဒေသခံ အေးမောင်တို့လို အမျိုးသားရေးဝါဒီတွေလဲ ပါလာနိုင်ပါတယ်။ ဒါပေမယ့် ICC ဟာ အစ္စရေးကိစ္စနဲ့ အာဏာအရှိန်လျော့သွားနိုင်ပါတယ်။ ဆူဒန်အာဏာရှင်ကို သူအာဏာကပြုတ်ကျလဲ ယခုအချိန်အထိ မဖမ်းနိုင်ပါ။

အကျဉ်းချုပ်ရရင် ICC က အမေရိကန်က ထောက်ခံထားလို့သာ လုပ်နိုင်တာဖြစ်ပြီး ထမင်းကျွေးတဲ့လက်ကိုပြန်ကိုက်ချိန်မှာ အမေရိကန်က ထရမ့်လက်ထက်မှာ ICC ကိုလဲ အရေးယူမှာပါ။ ဒါကြောင့်စာရေးသူတို့က ICC ကို ရင်မခုန်ဘဲ မိမိလုပ်စရာရှိတဲ့ တော်လှန်ရေးကိုသာ ဆက်လုပ်ပါ။ ICC ကအရေးယူတာကို ထိုင်စောင့်ရင် နောက်ဘဝက ဆက်စောင့်နေရပါမယ်လို့သာ ပြောပါရစေ။ လုပ်စရာရှိတာလုပ် တိူက်စရာရှိတာတိုက်ပါ။ မအလကို ပြည်တွင်းမှာ ကြိုးစင်တင်နိုင်အောင်သာ ကြိုးစားကြပါ။ စစ်ပွဲတွေနိုင်ဖို့ NUG အောက်က PDF ကို ဆက်ထောက်ပံ့ကြပါ။

 
 
 

Recent Posts

See All
ထရမ့်ကောင်းလား မကောင်းလား

ထရမ့်ကောင်းလား မကောင်းလား ထရမ့်ကို မကောင်းပြောကြလို့ ထရမ့်က ကောင်း မကောင်းတော့မသိ တရုတ်ကို ကြပ်တာတော့ ကြိုက်တယ်။ ယခုလဲ ဘင်္ဂလားကနေ...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page